ရန်ကုန်မြို့လယ်မှ မြို့နယ်အများအပြား ရေပြတ်လပ်မှု ကြုံနေရ


ရန်ကုန်မြို့လယ်မှ မြို့နယ်အများအပြား ရေပြတ်လပ်မှု ကြုံနေရ
(မိုးမခ) ဖေဖော်ဝါရီ ၇၊ ၂၀၁၆

(စနေနေ့က ရန်ကုန်မြို့လယ် ကျောက်တံတားမြို့နယ်အတွင်း အဝီစိတွင်းရေ ရနိုင်သော ဓမ္မာရုံတစ်ခုတွင် တန်းစီနေသူတချို့။ )

ရန်ကုန်မြို့တော်စည်ပင်သာယာဌာနက ရေတွန်းစက်ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့နယ်တချို့တွင် ရေပြတ်မည်ဟု သောကြာနေ့တွင် ကြေညာခဲ့သည်။ တနင်္ဂနွေနံနက်ပိုင်းတွင် ရေဖြန့်ဝေမှု ပြန်လည် စတင်နိုင်သော်လည်း ရေလွှတ်အားကောင်းခြင်း မရှိသေးပေ။ ကြိုတင်ကြေညာချက် မဟုတ်သောကြောင့် ဒေသခံတို့ ရေ ကြိုတင်သိုလှောင်ခြင်း မပြုနိုင်သဖြင့် ဒေသခံများ အထူးသဖြင့် အထပ်မြင့်တိုက်ခန်းတွင် နေထိုင်သူများ သုံးရေ အခက်တွေ့ကြသည်။ (ဓာတ်ပုံ - မိုးမခ)