ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေတွေ လှူလိုက်ပြီ




ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေတွေ လှူလိုက်ပြီ
ကျော်ဟုန်း၊ မိုးမခ၊ ဖေဖော်ဝါရီ ၊ ၉ ၊ ၂၀၁၆


မိုးမခမီဒီယာရဲ့ ဝိုင်းတော်သားတဦးဖြစ်သူ ကဗျာဆရာကျော်ဟုန်းက သူရဲ့ အက်စစ်ပြင်းထဲက ရွှေ ကဗျာစာအုပ်ရောင်းရငွေ ၁,၀၀၀,၀၀၀ ကျပ်တိတိကို ရှမ်းပြည်တောင်ပိုင်း နောင်ထောင်ကျေးရွာမှာ တည်ရှိတဲ့ ပန်းပျိုးလက် ပရဟိတ ပညာပါရမီဖြည့် ဘော်ဒါဆောင်သို့ ဇန်နဝါရီလ ၂၁၊၂၀၁၆ နေ့ က သွားရောက် လှူဒါန်းခဲ့ပါတယ်။ ဒီအလှူပွဲကို မိုးမခမန်နေဂျာ ရန်နောင် (ဗိုလ်တထောင်) လည်း လိုက်ပါခဲ့ ပါတယ်။

ပန်းပျိုးလက်(နောင်ထောင်)ကျောင်းဟာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၁၃၊ ဆီဆိုင်မြို့ နယ်၊ တောင်ရှေ့ ကျေးရွာအုပ်စုမှာပါဝင်တဲ့ နောင်ထောင်ရွာမှာ တည်ထောင်ဖွင့်လှစ်ထားတာပါ။ ဒီကျောင်းမှာစောင့်ရှောက် ထား သူ အများစုဟာ စစ်ဘေးသင့် တိုင်းရင်းသားလူမျိုးပေါင်းစုံရဲ့ကလေးများ၊ ရွာပုန်းရွာရှောင်မှ မိဘမစုံလင်ဆင်းရဲချို့ တဲ့နေကြ တဲ့ တိုင်းရင်းသားကလေးများကို ပညာအမွေပေးဖို့  တာဝန်သိသူများက ခေါ်ယူစုဆောင်းပြီး ကျွေးမွေးစောင့်ရှောက် ပညာ သင်ကြားပေးနေတာပါ။

ပန်းပျိုးလက်ကျောင်းကို ၂၀၁၂-၁၃ ပညာသင်နှစ်မှာ ကလေး ၂၅ ယောက်နဲ့ စတင်ခဲ့ပြီး ၂၀၁၆ စာသင်နှစ်မှာ စုစုပေါင်း လူ ဦးရေ ၉၀ ခန့် အထိ တိုးပွားလာခဲ့ပါပြီ။ ဒါကြောင့် မူလကျောင်းဆောင်အပြင် အဆောင်သစ်ပါ တိုးချဲ့ ဆောက်နေတာတွေ့  ခဲ့ရပါတယ်။ ကျောင်းတည်ထောင်သူအဖွဲ့ ဝင် ၅၀ ဦးက တလ ၁၀၀၀ ကျပ် ပုံမှန်ထည့်ဝင် လှူါးန်းကြပြီး ဒယ်အိုးဆရာတော် ဥူးသုမင်္ဂလကလည်း လစဉ် ၃ သိန်းကျပ် ထောက်ပံ့ကြောင်း ဒုတာဝန်ခံ ဦးခင်ဇော်က ပြောပါတယ်။ ပြည်တွင်း၊ ပြည်ပက စေတနာရှင်များကလည်း လာရောက်ဆက်သွယ်လှူဒန်းကြကြောင်းလည်းသိရပါတယ်။ ဒါပေမယ့်လည်း ကျောင်းသား/သူ ဦးရေတိုးပွားလာလို့  လိုအပ်ချက်ကတော့ ရှိနေဆဲပါ။



ခုဆိုရင် မူလတန်းမှ အထက်တန်းအထိအပြင် ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်များအထိ ပညာသင်ယူနိုင်ကြတဲ့ ကျောင်းသားတွေရှိလာတာ အားရစရာပါ။ မကွေး ဆေးတက္ကသိုလ်မှာတက်ရောက်ပညာသင်နေသူ မောင်အောင်မျိုးထက် ကို BCDC အဖွဲ့ က တာဝန်ယူထားကြောင်းသိရပြီး ပညာရေးတက္ကသိုလ်က ခွန်ထွန်းဝင်း(ပအိုဝ်း)နဲ့ မိန်းကလေး ၃ ယောက် ကိုတော့ ပန်းပျိုးလက်ကျောင်းကပဲ တာဝန်ယူ ပညာရေးထောက်ပံ့နေရကြောင်း သိရပါတယ်။

ပန်းပျိုးလက်ကျောင်းမှာ ကလေးတွေကို စောင့်ရှောက်နေသူများကတော့ ဒေါ်အေးမိ(ကျောင်းအုပ်)၊ ဦးလူပိုင်(အဆောင်မှူး)၊ နန်းမအေး(ဒု အဆောင်မှူး၊ သင်ကူဆရာ)၊ ဒေါ်လွင်လွင်ဦး (ထမင်းချက်၊သူနာပြု)တို့ အပြင် သင်ထောက်ကူဆရာများဖြစ် ကြတဲ့ ဦးဝေမိုးအောင်၊ မငြိမ်းငြိမ်းအေး၊ မသန်းသန်းအေး၊ ကိုဝင်းသိန်းဦး၊ ကိုစိုးထက်ဝေ၊ နန်းဆုမြတ်မွန်တို့ က ညစဉ် ကလေးများကို ကျောင်းစာများ ကြပ်မတ် သင်ကြားပေးနေတာ တွေ့ ခဲ့ရပါတယ်။

တိုင်းရင်းသား မိဘမဲ့ကလေးများ၊ ဆင်းရဲနွမ်းပါးကလေးများပညာရေးအတွက် ကူညီထောက်ပံ့လိုရင်တော့ ကျောင်းအုပ် ဆရာမကြီး ဒေါ်အေးမိ( ၀၉ ၃၃၆၄ ၁၃၇၄)၊ ဒုတာဝန်ခံ ဦးခင်ဇော် (၀၉ ၃၆၂၀ ၄၀၇၂)၊ စာရင်းစစ် ကိုတောက်ထွန်း(၀၉-၄၉၆၀ ၁၁၉၁)၊ ကော်မတီဝင် ကိုဇော်လွင်ဦး (၀၉ ၄၉၂၄ ၅၇၆၂)၊ ဘဏ္ဍာထိန်း ဒေါ်ကေသီမြင့်(၀၉ ၄၂၈၃ ၆၄၅၆၇)၊ ဦးမောင်ခုတ်(၀၉ ၃၆၁၆ ၅၂၆၄)တို့ ကို ဆက်သွယ်လှူနိုင်ပါတယ်။

ကျနော်ရဲ့ အက်စစ်ပြင်းထဲက ရွှေ ကဗျာစာအုပ်ရောင်းရငွေတွေကို လှူဒါန်းဖြစ်အောင် ပါဝင်ဆောင်ရွက်ကြတဲ့ မိုးမခမီဒီယာ မှ ဆရာကြီးမောင်စွမ်းရည်၊ စာတည်း ကာတွန်းမောင်ရစ်၊ ကိုအောင်ထက်၊ ကိုရန်နောင်စိုး၊ သီရိညွန့် ၊ ကိုလွမ်းဏီနဲ့ ဒေါင်း အိုးဝေအဖွဲ့ သားများ၊ မျက်နှာဖုံးဒီဇိုင်း ကိုမိုးကျော်(ရိုး-ခေတ္တရာ)၊ အတွင်းပုံဖော်ကာတွန်းAth၊ ဒါရိုက်တာဦးဝင်းဖေ၊ မင်းကျော် ခိုင်၊အောင်ထက်တို့ ကို ကျေးဇူးတင်ဂုဏ်ပြုမိပါတယ်။

ဒါ့အပြင် စာအုပ်ဖြန့် ချီကုသိုလ်ယူကြတဲ့ ကနေဒါမှ ကိုတင်နွယ်၊ ကိုမြင့် ဝင်း၊ ကိုသက်နိုင်ဝင်း၊ မဘေဘီ၊ အင်ယု၊ မော်မော်၊ အမေရိကားမှ ကိုမောင်မောင်သိန်း(အလွမ်းပြေပဲပြုပ်)၊ ကိုနိုင်၊ ကိုချို(မိတ်ကပ်)၊ ကိုဇော်ခနိုင်၊စောဘိုလုကု၊ ကိုဘိုဘို၊ စောချစ်ခင်၊ ဆရာတော် ဦးကုလသတို့ ကိုလည်း အထူးကျေးဇူးတင်မိပါတယ်။

ထပ်မံ လှူဒါန်းနိုင်ဖို့ အတွက် ဒုတိယ ကဗျာစာအုပ်ကို ထုတ်လုပ်ဖြန့် ချီနိုင်အောင် စီစဉ်နေပါပြီ။ နောင်ကိုလည်း ကိုယ်ထူ ကိုယ်ထ မိဘမဲ့ကျောင်းများ၊ သက်ကြီးရွယ်အိုစောင့်ရှောက်ဂေဟာများကို အလှည့်ကျလှူဒါန်းနိုင်ဖို့ ရည်ရွယ်ချက်ရှိပါတယ်။

အခုလိုမျိုးပဲ ကျနော့်စာအုပ်ကို ဖြစ်မြောက်အောင်အကူအညီပေးခြင်း၊ ဖြန့် ချီပေးခြင်း၊ ဝယ်ယူအားပေးဒါနပြုခြင်းများ ပြု လုပ်ကြဖို့  တိုက်တွန်းပါရစေ။

ခုတော့ ကျော်ဟုန်းရဲ့ အက်စစ်ပြင်းထဲက ရွှေတွေကို တိုင်းရင်းသားမိဘမဲ့ကလေးများပညာရေးထောက်ကူအတွက် အများ ကောင်းမှုနဲ့  လှူဒါန်းနိုင်ခဲ့ပါပြီ။ အားလုံး သာဓုခေါ် ဝမ်းမြောက် ပီတိဖြာနိုင်ကြပါစေ။ ။

(အဖက်ဖက်မှ ပါဝင်ကူညီ ဒါနပြုခဲ့ကြသူများကို ကျေးဇူးတင် မှတ်တမ်းပြုလိုက်ပါတယ်။)

ကျော်ဟုန်း