အေအမ်တီ - ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းများ

 
 
အေအမ်တီ - ကိုယ့်အလုပ်ကိုယ်လုပ်ခြင်းများ
(မိုးမခ) ဖေဖော်ဝါရီ ၉၊ ၂၀၁၆

နေ့ လည်နေ့ ခင်း
ဂင်္ဂါ -အိန္ဒြူ မြစ်ဝှမ်းကိုစုန်ဆန်လေ့လာ
ညဖက်ဆိုကုလားဆိုင်မှာ မုန့်ဖုတ်
ငါ့ မဟာဘရာတ ညတိုက်ပွဲတွေ။

အလန့် တကြား
နိုင်းမြစ်ဝှမ်းဘက်ဆီက အသံတွေကြားတော့
စားလက်စပန်းသီး လွတ်ကျသွားတယ်။
နိုင်းမြစ်ကြီး
ပန်းသီးတလှေကြီးနဲ့ ဆက်လက်ထွက်ခွာ။

နိုင်ရာဂရာ
ငါဘေးနားဖြတ်လျှောက်သွားတဲ့မြစ်
သွားစရာမရှိလို့ ခုလေးတင်ခုန်ဆင်းသွားပြီ
အကျနာပေမယ့် နက်နက်တူးသွားပေါ့။

ဒေါနရေ....
သံလွင်ရေ...
ဧရာဝတီရေ....
ငါ မေးစရာမရှိဘူးလေ။

amt