အူရီဒူးမှ ၅၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ်များကို စတင်မိတ်ဆက်



အူရီဒူးမှ ၅၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကဒ်များကို စတင်မိတ်ဆက်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ဖေဖေါ်ဝါရီ ၂၄ -၂၀၁၆


ဆက်သွယ်ရေးလောကတွင် အူရီဒူးအနေဖြင့် ကဏ္ဍပေါင်းများစွာတွင် ပထမဆုံးဆောင်ရွက်နိုင်ခဲ့သလို ယခုဆိုလျှင်လည်း ၅၀၀တန် ခဲခြစ်ငွေဖြည့်ကဒ်များကို ပထမဆုံးအနေဖြင့် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။ ယင်းမှာ အူရီဒူး သုံးစွဲသူများအတွက် ချိုသာတဲ့ ဈေးနှုန်းများဖြင့် အကောင်းဆုံးဝန်ဆောင်မှုကို ရရှိသုံးစွဲနိုင်ရန်ရည်ရွယ်၍ အကောင်အထည်ဖော်လိုက်ခြင်း ဖြစ်သည်။

ထို့ကြောင့် အူရီဒူးရဲ့ တန်ဖိုးနည်းငွေဖြည့်ကဒ်များဖြင့် လူတိုင်း ကြည်လင်ပြတ်သားသည့်အသံနှင့် မြန်ဆန်သည့် 3G အင်တာနက်ကို အလွယ်တကူရယူနိုင်ကြတော့မည် ဖြစ်သည်။ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ထပ်မံထုတ်လုပ်လိုက်တဲ့ ၅၀၀ ကျပ်တန် ခဲခြစ်ငွေဖြည့်ကတ်များအား လူဦးရေ ၈၀ ရာခိုင်နှုန်းကျော်က အလွယ်တကူ အချိန်မရွေး နေရာမရွေး အဆင်ပြေပြေ ဝယ်ယူသုံးစွဲနိုင်မှာ ဖြစ်သည်။
အူရီဒူး မြန်မာ၏ Chief Marketing Officer Safford က ` ကျမတို့ အနေနဲ့ အူရီဒူး အသုံးပြုသူများအတွက် ယခုလို အလွယ်တကူနဲ့ အဆင်ပြေပြေ ဝယ်ယူသုံးစွဲ နိုင်မှာဖြစ်တဲ့ ၅၀၀ ကျပ်တန် ခဲခြစ်ငွေဖြည့်ကတ်များကို ဖြန့်ဖြူးပေးနိုင်လို့ အလွန် ဝမ်းမြောက်မိပါတယ် ´ ဟုလည်း ပြောပြခဲ့သည်။
အူရီဒူးမှ ပထမဦးဆုံးအနေဖြင့် စတင်မိတ်ဆက်လိုက်သည့် ၅၀၀ ကျပ်တန် ဖုန်းငွေဖြည့်ကတ်များကို နီးစပ်ရာဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။