ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

တင်ဇာမော် မွေးနေ့ တစ်ကိုယ်တော်ရှိုး ကျင်းပပြုလုပ်မည်



တင်ဇာမော် မွေးနေ့ တစ်ကိုယ်တော်ရှိုး ကျင်းပပြုလုပ်မည်
ရန်နောင်(ဗိုလ်တထောင်) မိုးမခ ၊ ဖေဖော်ဝါရီ ၂။ ၂၀၁၆


အဆိုတော် တင်ဇာမော် ၏ အသက်လေးဆယ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် ` ကိုယ့်မွေးနေ့ ´ ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် ရှိုး ပွဲကြီးကို ဖေဖေါ်ဝါရီ (၆) ရက်နေ့တွင် မင်းဓမ္မလမ်းရှိ MCC တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

အနုပညာသက်တမ်း ၂၁ နှစ်အတွင်း ပထမဆုံးအကြိမ် တစ်ကိုယ်တော် ရှိုးပွဲ ကျင်းပပြုလုပ်မည့် တင်ဇာမော် ၏ ရှိုးပွဲကို မူလက အမျိုးသားဇာတ်ရုံတွင် ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ကျင်းပပြုလုပ်ရန် စီစဉ်ထားသော်လည်း ပြုလုပ်ခွင့်မရသဖြင့် အမ်စီစီတွင် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း အခမ်းအနားမှူး ဦးလင်းနိုင်ဦး(အလင်းတန်း) မှ ပြောကြားခဲ့သည်။

ခေတ်ပြိုင် အဆိုတော်များ - တင်ဇာမော်၊ ကော်နီ၊ မီမီဝင်းဖေ


 ရှိုးပွဲကြီးကို အင်ဒိုးဆန်ဆန် ကျင်းပပြုလုပ်မှာဖြစ်ပြီး ပရိသတ် (၁၅၀၀ )ကျော်အတွက်သာ ထိုင်ခုံများ ရောင်းချမည်ဖြစ်သည်။ Plus 3 Music Band နှင့် သီချင်းအပုဒ် ၂၇ ပုဒ်မှ ၃၀ ပုဒ်ကြား သီဆိုဖျော်ဖြေမည်ဖြစ်သည်။

လက်မှတ်ဈေးနှုန်းများမှာ သုံးသောင်း ၊နှစ်သောင်း၊ တသောင်း ကျပ်သတ်မှတ်ထားပြီး လက်မှတ်များကို မန်းသီရိတေးသံသွင်း၊ ကိုကိုဗျူတီစလွန်း(ဒဂုံစင်တာ)၊ စန္ဒာမောင်(ဗိုလ်ချုပ်ဈေး)၊ SH Gem နှင့် Champion ဆိုင်များတွင် ဝယ်ယူရရှိနိုင်ကြောင်းလည်း စီစဉ်သူ ကိုအီကြာကွေးမှ ပြောကြားခဲ့သည်။