မြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံမြေမှာ ကျင်းပမည့် စုပေါင်းမော်တော်ဆိုင်ကယ်စီးပွဲ ကြီး

 မြန်မာတို့ရဲ့ အသည်းနှလုံး ပုဂံမြေမှာ ကျင်းပမည့်  စုပေါင်းမော်တော်ဆိုင်ကယ်စီးပွဲ ကြီး
ရန်နောင်(ဗိုလ်တထောင်)       မိုးမခ       ဖေဖေါ်ဝါရီ  ၉  - ၂၀၁၆



           မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကြီး  မြန်မာအမျိုးသားတို့၏ ကျေးလက်ဒေသ ဝတ်စားဆင်ယင်မှု ပုဂံ      စုပေါင်း မော်တော်ဆိုင်ကယ်စီးပွဲကြီး ပြုလုပ်မည့်အကြောင်းကို စာနယ်ဇင်းအသိပေးပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်ရှိ  ရန်ကုန်ပန်းချီပြခန်းတွင် တနင်္ဂနွေနေ့  နေ့လယ် ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ ပွဲကြီးကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် အစီအစဉ်များနှင့်အတူ ဖေဖေါ်ဝါရီလ ၂၂၊၂၃၊၂၄ ရက်နေ့များတွင် ဦးပေါင်းကျားမြင်းစီးကွင်း ၊ညောင်ဦးမြို့ရှောင်လမ်း၊ (ပုဂံ) ညောင်ဦးမြို့နယ် တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။

          ထိုပွဲကြီးတွင် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ၊ အင်ပါရာ တေးဂီတ  ဖျော်ဖြေမှု၊ မြန်မာ့ရိုးရာထမနဲပြိုင်ပွဲ ၊ မော်တော်ဆိုင်ကယ်စီးပွဲ နှင့် မစ္စတာတော့ပ် ၏ မျက်လှည့်ပြပွဲများကို ပြုလုပ်မည်ဖြစ်သည်။


          ပွဲစီစဉ်သူ ဦးကျော်သူ မှ ရှင်းလင်းပြောကြားရာ တွင်   ` ကျနော် ပြီးခဲ့တဲ့လက မြင်းခင်းသဘင်ပွဲ လုပ်တော့ ကျနော်ကိုယ်တိုင်  မင်းဝတ်တန်ဆာ ဝတ်ပြီး မြင်းစီးရတာပေါ့။ အဲဒီမှာ ဒီကွင်းမှာ မြန်မာ့ရိုးရာပွဲတွေကို ပြုလုပ်မယ်ဆိုရင်  ကောင်းမယ်လို့ ကိုမျိုးကို ပြောတော့ ခု လမှာ ထမနဲ ထိုးပြိုင်ပွဲကို ပြုလုပ်တာပါ။ နောက် ညီငယ်တွေကလည်း ဆိုင်ကယ်စီးပွဲကို တွဲလုပ်တာပါ။ ´ ဟုရှင်းပြခဲ့သည်။


          ဆိုင်ကယ်စီးပွဲ စီစဉ်သူ ကိုလင်းကိုကိုတင့် မှလည်း ယခုလို ပြောကြားပေးခဲ့သည်။
          ` ကျနော်တို့ ပုဂံမှာ စီစဉ်ဖြစ်တာက ပုဂံကို ရန်ကုန်၊မန္တလေး၊တောင်ကြီး က လာရတာလည်းလွယ်တယ်။ ပုဂံကို ကမ္ဘာက ပိုသိအောင်လည်းပါပါတယ်။ မြန်မာမှာ ဒီလို ဆိုင်ကယ်အဖွဲ့တွေ ရှိတာလည်း သိစေချင်လို့ပါ ´ ဟုရှင်းလင်းပြောကြားခဲ့သည်။



          ဒီပွဲကြီးအား Bagan Myanmar group of companies နှင့် Royal Bagan Foundation တို့မှ ပူးပေါင်းကူညီ တင်ဆက်ခြင်းဖြစ်သည်။ ကွင်းဝင်ကြေးမှာ အခမဲ့ဖြစ်သည်။