ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်


အမေရိကန်သမ္မတလောင်း အကြိုရွေးကောက်ပွဲ အိုင်အိုဝါပြည်နယ်က စတင်
(မိုးမခ) ဖေဖော်ဝါရီ ၂၊ ၂၀၁၆

ဖေဖော်ဝါရီ ၁ က အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ်မှာ နို်င်ငံရေးပါတီကြီး ၂ရပ်အတွက် သမတလောင်းတွေ အကြိုရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ Primary election လို့ ခေါ်ပါတယ်။ အိုင်အိုဝါ အကြိုရွေးကောက်ပွဲကို Iowa Caucuses လို့ ခေါ်ပါတယ်။ ဖေဖော်ဝါရီက စတင်ပြီးနောက် နောက်လတွေမှာလည်း ပါတီအသီးသီးအတွက် အကြိုရွေးကောက်ပွဲတွေကနေ ပါတီကိုယ်စားပြု သမတလောင်းကို ပြည်သူတွေက ဆန္ဒပေးကြမှာပါ။ သမတလောင်း အကြိုရွေးကောက်ပွဲ မဲစာရင်းကနေ ပါတီကြီးတွေက နောက်ဆုံးပါတီကိုယ်စားပြု သမတလောင်းကို ၂၀၁၆ နို၉ င်ဘာ သမတရွေးကောက်ပွဲအတွက် အတည်ပြု ထုတ်ပြန်ရမှာ ဖြစ်ပါတယ်။

ရီပတ်ဘလစ်ကန်ပါတီအတွက် သမ္မတဖြစ်ချင်သူတွေက ဒေါ်နယ်ထရန့်၊ မာကိုရူဘီယိုနဲ့ တက်ဒ်ခရုဇ် တို့ ဖြစ်ကြပြီး ဒီမိုကရက်ပါတီအတွက် ဟီလရီကလင်တန် နဲ့ ဘာနီဆင်ဒါး တို့ ဖြစ်ပါတယ်။ လူထုက သမ္မတလောင်းအသီးသီးကို ပါတီစွဲအလိုက် အကြိုမဲဆန္ဒပေးကြရာမှာ - ရီပတ်ဘလစ်ကန်က နံပါတ်တစ် တက်ဒ်ခရုဇ်၊ နံပါတ် ၂ နဲ့ ၃ က ဒေါ်နယ်ထရန့် နဲ့ မာကိုရူဘီယို တို့ ဖြစ်ကြပါတယ်။ ဒီမိုကရက်အတွက် ဟီလရီကလင်တန်နဲ့ ဘာနီဆင်းဒါးတို့က မဲအရေအတွက်ချင်း တူညီနေကြပါတယ်။ အခြားပြည်နယ်တွေက အကြိုရွေးကောက်ပွဲတွေကနေ ဘယ်သူက မဲအများဆုံး ရမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။