လင်းသက်ငြိမ် - ခေါင်း​လောင်းသံ

လင်းသက်ငြိမ် - ခေါင်း​လောင်းသံ
(မိုးမခ) ဖေဖော်ဝါရီ ၂၇၊ ၂၀၁၆

သစ်​ပင်​​တွေရဲ့ကျိန်​စာ​တွေ
တောင်​​တွေရဲ့နာကျည်းမှု​တွေ
တော​တွေရဲ့ဝိညာဉ်​​တွေ
အရိပ်​မည်းမည်း​တွေ အရိပ်​မည်းမည်းကြီး​တွေ
ကောင်းကင်​ဟာ တဖြည်းဖြည်းချင်းအ​မှောင်
လည်​ပင်း​ပေါ်ကဆွဲကြိုး​တွေက
လည်​ပင်း​တွေကိုပြန်​ရစ်​ပတ်
အိတ်​ထဲကပိုက်​ဆံ​တွေက
ဓားလိုထက်​မြတဲ့ အစွယ်​​တွေထွက်​လာ
စက်​ရုံ​တွေကစွန့်​ထုတ်​လိုက်​တဲ့မီးခိုး​တွေက
စက်​ရုံ​တွေပြန်​စားကြ
ချောက်​ချောက်​ခြားခြား နေ့​တွေ​ရောက်​လာပြီ
ချောက်​​ချောက်​ခြားခြား​နေ့​တွေ​ရောက်​လာပြီ
နင်းထားတဲ့​မြေကြီးလည်း သွက်​သွက်​ခါလို့
ပင်​လယ်​ရဲ့လှိုင်း​တွေ အငြိုးတကြီး
လေထဲကအဆိပ်​​တွေ
လေထဲကအဆိပ်​​တွေ
သဲထိတ်​ရင်​ဖိုဟာ ပိတ်​ကားထဲက
တလှိမ့်လှိမ့် ​​ထွက်​ကျလာ
စက္ကန့်​တိုင်း အ​ရေး​ပေါ်အ​ခြေအ​နေ
နာရီတိုင်း အနိဋ္ဌာရုံ​တွေ
ရိုးသွားတဲ့ ​သေမှု​သေခင်း​တွေ
သေ​ရေးပဲ ရှင်​​ရေးပဲ
ငရဲဟာ ငရဲလိုပူပြင်း​တောက်​​လောင်
ငရဲသားများ အ​ပြေးအလွှား
လူနာတင်​ယာဉ်​​တွေအ​ပြေးအလွှား
ကယ်​ဆယ်​​ရေး​တွေအ​ပြေးအလွှား
အားလုံးအ​ပြေးအလွှား
တကမ္ဘာလုံးအ​ပြေးအလွှား ။

လင်းသက်​ငြိမ်