ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

မိုးကျော်ဇင် - ကျယ်ဝန်းသော အိမ်ငယ်ကလေးများ (အက်ဆေး)


မိုးကျော်ဇင် - ကျယ်ဝန်းသော အိမ်ငယ်ကလေးများ (အက်ဆေး)
(မိုးမခ) မတ် ၁၊ ၂၀၁၆
 
တစ်ခါ၌ ဂရိအတွေးအခေါ်ပညာရှင် ဆော့ခရတ္တိသည် အိမ်ဆောက်လုပ်နေ၏ ဆော့ခရတ္တိသည် အသိပညာ ကြွယ်ဝသော် လည်း ငွေကြေးဥစ္စာ ပြည့်စုံဟန် မရှိ။ ထို့ ကြောင့် ပညာရှိကြီး၏၊် ဆောက်လက်စ အိမ်မှာ သေးငယ်နေသည်။ နာမည်ကျော် အတွေး အခေါ် ပညာရှင်ဟူသော ဂုဏ်ပုဒ်နှင့် ယှဉ်လျှင် သူ့အိမ်ကလေးက သိမ်ငယ်နေသည်။

ထိုအခါ သွားရင်းလာရင်း တွေ့မြင်လိုက်ရသော လူတစ်ယောက်က ဆော့ခရတ္တိ၏၊် ဆောက်လက်စ အိမ်ငယ်ကလေးကို ဝေဖန်သည်။ "ပညာရှိကြီး အိမ်ကလည်း သေးလိုက်၊ ကျဉ်းလိုက်တာဗျာ " ဟု ကဲ့ရဲ့ပြစ်တင်သည်။ သို့သော် ဆော့ခရတ္တိက စကားတစ်ခွန်းသာ အေးအေးဆေးဆေး တုန့်ပြန်၏

"ဟုတ်ပါတယ်၊ ကျုပ်အိမ်က သေးငယ်ကျဉ်းမြောင်းလှပါတယ်၊ ဒါပေမယ့်... မိတ်ကောင်းဆွေကောင်းတွေ အတွက်တော့ လုံလုံလောက်လောက် ကျယ်ဝန်းပါတယ်" တဲ့။

လောကမှာ မိတ်ဆွေကောင်းတွေ ရှားပါးခြင်းကို ရည်ညွှန်းခြင်းလား၊ နားလည်မှု၊ စာနာမှု၊ ဝေမျှတတ်မှု အလေ့အကျင့် ကောင်းရှိသော မိတ်ဆွေတွေအတွက် အဆင်ပြေမှာပါဟု ဆိုလိုသည်လား။ အဓိပ္ပာယ်နှစ်ရပ်လုံး ပါဝင်သည့် စကားတစ်ခွန်း ပင်။

ကျွန်တော့်ဘဝလမ်းခရီးတွင်လည်း မိတ်ဆွေတွေအတွက် အမှန်တကယ်ကျယ်ဝန်းသော အိမ်ငယ်ကလေးအချို့၌  ကံ ကောင်းထောက်မစွာဖြင့် ခိုလှုံခဲ့ဖူးပါသည်။

(၂)
၂၀၀၀ ခုနှစ်မှာဖြစ်သည်။ ကျွန်တော်သည် ရန်ကုန်မြို့ကြီးကို ချစ်ရေးဆိုရန် စတင် ကြိုးစားခါစ။ ဆယ်တန်းအောင်လတ်မှတ် ကလေး တစ်စောင်ကိုင်၍ အိမ်မက်တွေ တနင့်တပိုးထမ်းပြီး ရန်ကုန်ကို ရောက်လာသည်။ ရန်ကုန်မြိုကြီး၏ အောင်မြင်ခြင်း ခန်းမတွင် အိပ်မက်တွေ ထိုင်ခုံရရန် အသာထား၊ ကျောတစ်နေရာစာပင် မည်သည့်နေရာတွင် ချခင်းရမည် မသိ။

နောက်ဆုံး၊ ရန်ကုန်နှင့် ပလူးပလဲ ဆက်ဆံဖူးသည့် ကျွန်တော့်အစ်ကို တစ်ဝမ်းကွဲ၏ ခေါ်ဆောင်ရာလိုက်ခဲ့ရင်း ဤအိမ် ကလေးကို ရောက်လာခဲ့ခြင်း ဖြစ်သည်။

မြောက်ဥက္ကလာ ခုံးကျော်တံတား အောက်ခြေအနား၊ တိမ်တွေထဲအထိ ထိုးတက် လုနီးနီး တာဝါတိုင်မြင့်မြင့်ကြီးတွေ၏၊် ပတ်ဝန်းကျင်။ ခြံအဝင် ကုက္ကိုရိပ်ကလေးမှာ ရေချမ်း စင် ခြေတံရှည်ကလေး။ကျယ်ဝန်းသော မြေပြန့်ပြန့် ခြံဝင်းထဲတွင်  တည်ဆောက်ထားသည့် တစ်ထပ်တိုက်ပြားကလေးသည် ရန်ကုန်နှင့် မလိုက်ဖက်အောင် ရိုးရိုးကလေး ဖြစ်၏

ကျွန်တော်နှင့် တစ်ကြိမ်တစ်ခါမျှ မျက်နှာချင်း မဆိုင်ခဲ့ဖူးသော အိမ်ရှင်တို့သည် မိဘအမည်ကို ကြားသည်နှင့် လှိုက်လှိုက လှဲလှဲ ကြိုဆိုကြသည်။ ထိုင်စရာ ခုံပေးသည်။ ကျောတစ်နေရာစာအတွက် နွေးထွေးသည့် အိပ်ယာတစ်ခု ပေးသည်။ မနက် ခင်းဆိုလျှင် ပဲပြုတ် ထမင်းကြော်တစ်ပွဲနှင့် လက်ဖက်ရည်တစ်ခွက် ရသေးသည်။

တစ်ထပ်တိုက်ပြားကလေးတစ်လုံး၏၊် တစ်ခြမ်းတိတိကို အိုးအိမ်အဖြစ် သတ်မှတ် နေထိုင်ရသည့် အစိုးရဝန်ထမ်းမိသားစု တစ်စု၏၊် ဖော်ရွေမှုတွေကို ကျွန်တော် အားနာနေမိ သည်။

လင်မယားနှစ်ယောက်လုံး အညာကျေးလတ် ဇာတိများဖြစ်ကြ၍ ကျွန်တော့်အဒေါ်များနှင့်ပတ်သက်ပြီး တကူးတက ဆွေမျိုး စပ်ယူမှ တော်စပ်ရမည့် ဆွေရိပ်မျိုးရိပ်မျှသာ။ သမီးကလေးတစ်ယောက်၊ ဌာနတူ ဝန်ထမ်း ညီမတစ်ယောက်နှင့် ရောင့်ရဲစွာ ပြည့်စုံ နေခြင်းကို ကျွန်တော်အံ့သြမိသည်။ နောက်ပိုင်း ကျွန်တော့်အလုပ်နှင့် အဆင်ပြေသည့် အဆောင်တစ်ခုမှာ ငှားနေခဲ့ သည့်တိုင် တစ်ခါတစ်ရံ ထိုအိမ်ကလေးကို ရောက်သွားပါက လက်ဖက်ရည်တစ်ခွက်နှင့် ဖော်ရွေလှိုက်လှဲမှု များစွာကို မှန်မှန် ရတတ်မြဲ။

ထိုအိမ်ကလေးနှင့် ပတ်သက်၍ ကျွန်တော့်စိတ်ထဲ ထူးထူးခြားခြားဖြစ်မိသော ခံ စားချက်တစ်ခု စွဲထင်နေသည်။ ထိုအချက်မှာ ထိုအိမ်ကလေးတွင် ကျွန်တော်တို့ ဘယ်အ ချိန်ရောက်ရောက် ဧည့်သည် မပြတ်။ အညာမှ ဆွေမျိုးတွေ၊သင်တန်းလာတက်ရင်း တည်း ခိုနေသည့် အညာအဆက်တွေ။

သို့သော်၊ ထိုအိမ်ကလေးမှာ ကျဉ်းကျပ်သွားသည် မရှိ။ စိတ်မွန်းကျပ်စရာတွေ ဝေးလွင့်နေတတ်ကြသည်။ တိုးတိုးတိတ်တိတ် စကားသံ၊ ရယ်မောသံများက တစ်ထပ် တိုက် အမိုးပြားပြားကလေးအောက် ညင်းညင်းညံ့ညံ့။

အိမ်ကလေးမှ နှုတ်ဆက်ထွက်ခွာတိုင်း မပျက်မကွက် ကြားရတတ်သော အမှာ စကားတစ်ခွန်း ရှိသည်။
          
"နောက်လည်း မကြာမကြာ လာနော်" တဲ့။

မကြာသေးသော နှစ်အနည်းအငယ်က သူတို့မိသားစုသည် ပင်စင်စားဘဝဖြင့် အညာကျေးလတ်သို့ ပြန်လည်ပြောင်းရွှေ့ သွားပြီဟု သိရသည်။ ထိုနေရာမှ ဘတ်စ်ကား ဖြင့် ဖြတ်သွားမိတိုင်း အကျင့်ပါနေသည့် ကျွန်တော့်မျက်လုံးတွေက ထိုဝန် ထမ်းအိမ်ယာ လုံးချင်းတစ်ထပ်တိုက်ပြားကလေးကို ရှာဖွေမိတတ်ပါသည်။ သူတို့နေသွားသည့် တိုက်ပြားကလေးကို အရင် လိုပင် တွေ့နေရသေးသော်လည်း ကုက္ကိုပင်ရိပ်မှ ရေချမ်းစင် ခြေတံရှည် ကလေးကိုမူ မတွေ့မြင်နိုင်တော့ပါ။

သူတို့မိသားစု အညာပြန်ရောက်သွားပြီးနောက် သူတို့အိမ်သို့ အလည်ရောက် သွားခဲ့သည့် မေမေ့ကို သူတို့အိမ် သစ်က လေးအကြောင်း ပြန်မေးသောအခါ "ငါ့သားရယ် အညာအိမ်ကလေးပဲပေါ့" ဟု ပြန်ဖြေပါသည်။ ကျွန်တော့်မျက်လုံးထဲ အညာကျေးလက်တွင် အတွေ့ရများသော မြေစိုက်အိမ်ကလေးတွေကို ပြေးသတိရသွားသည်။

မည်သည့်အိမ် အမျိုးအစားပင် ဖြစ်စေ၊  သူတို့မိသားစု နေထိုင်သောအိမ်သည် သူတို့မိတ်ဆွေတွေအတွက် အမြဲတမ်း ကျယ် ဝန်းနေလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိပါသည်။

(၃)
ခေါင်တစ်ခြမ်းပဲ့ အိမ်ကလေး၏၊် အနာဂတ်ကို ပခုံးပေါ်တင်လျက် လောကဓံမုန်တိုင်း ထဲမှာ ကျွန်တော်ဖြတ်သန်းခဲ့ရစဉ်..။ ရန်ကုန်၏၊် မာကျောအေးစက်သော အိပ်ယာတစ်နေရာ စာအတွက် ကျွန်တော့်မာနတွေကို အနင်းချေခံရသည်။ ကျွန်တော့် ရိုးသားမှုကို နုံအမှု အဖြစ် ခေါင်းစဉ်ပြောင်း၍ တန်ဖိုးမဲ့အောင် လှောင်ပြောင်ကြသည်။ ထိုအချိန်မှာပင် နောက် ထပ် အိမ်ကလေးတစ်လုံးသို့ ကျွန်တော် ရောက်သွားခဲ့ခြင်း ဖြစ်ပါသည်။

ရန်ကုန်ဘူတာကြီးမှ ထွက်သော မြို့ပတ်ရထားတစ်စီးဖြင့် ၂ နာရီကြာအောင် သွား ရသည့် မြို့သစ်အစွန်တွင် တည်ရှိသည့် အိမ်ကလေး။ ဘူတာကလေးမှာ ဆင်းပြီးသည်နှင့် လိုလိုလားလား ဖိတ်ခေါ်ရင်း နှစ်ကြိမ်မြောက် ရေးဆွဲပေးသွားသည့် လမ်းပြမြေပုံကလေး၏ ဦးဆောင်ရာအတိုင်း ကျွန်တော်လိုက်သွားသည်။ ကွန်ကရစ်လမ်းမကြီး။ သံရည်ကျိုစက်ရုံများနှင့် မျက်နှာချင်းဆိုင်။ မြင်းလှည်းထောင်အိမ်၏၊် တစ်ခြံကျော်။

ခြေတံရှည် အိမ်ကလေးသည် မတ်တတ်ရပ် သင်ကာစ ကလေးငယ်၏၊်  မတ် တတ်ရပ်နေပုံမျိုး ဖြစ်သည်။

လယ်တောဇာတိ မပျောက်တတ်သေးသော ခြံဝင်းကလေးထဲမှ အိမ်ကလေးပေါ် တက်တက်ချင်း၊ ပထမဆုံး သတိထားလိုက်မိသည်မှာ ကျောက်မီးသွေး ညှော်နံ့နှင့်  တအူအူ မီးခိုးငွေ့များ။

"ဟာ ညီလေး..လာကွာ.."

မီးသွေးမီးဖိုနားမှ ထလာပြီး ကျွန်တော့်ကို ခရီးဦးကြိုသည်။ ကျွန်တော့် ဖခင်အရွယ်၊ ဦးလေးအရွယ် ဖြစ်သည့်တိုင် "ညီလေး " ဟုသာ အာလုပ်ပြုလေ့ရှိသည်။ ဝါးထရံကာထားသည့် သွပ်မိုးအိမ်ကလေး၏၊် ပျဉ်ခင်းတွေက နင်းလိုက်တိုင်း သံစုံမြည်နေ ကြသည်။ အိမ်ကျဉ်းကျဉ်းကလေးထဲမှာ ပရိဘောဂဟူ၍ ကျွန်တော် မတွေ့ရ။ သူ စာရေးရာတွင် သုံးသည့် သေတ္တာငယ် တစ်လုံး။ တစ်ခါတလေ စိတ်အကြောအခြင်တွေ အညောင်းဆန့်ရန် မယ်ဒလင် အဟောင်းတစ်လတ်။ သံရည်ကျို စက်ရုံမှာ အလုပ်ဝင်နေကြသည့် သားတွေ အတွက် အပန်းဖြေစရာ လက်တောက်ဇယ်ခုံတစ်ခု။

သူ အတင်းကျွေးသည့် ထမင်းကို စားပြီးသည်နှင့် သူနင်းသော စက်ဘီးနောက်မှာ ထိုင်၍ သူသွားနေကျ လက်ဖက်ရည်ဆိုင်ကို ချီတတ်ကြသည်။ နာရီအတန်ကြာအောင် စကားတွေ ပြောကြသည်။ ဇာတိမြို့ကလေးအကြောင်း ပါသည်။ စာအုပ်တွေ အကြောင်း ပါသည်။ မိတ်ဆွေတွေအကြောင်း ပါသည်။ သူ့ဝတ္ထုတိုတွေအကြောင်းလည်း ပါသည်။ ပြီးတော့ ကျွန်တော့်၏၊် မွန်းကျပ်မှုတွေအကြောင်း..။

"ညီလေး..ကိုယ့်အိမ်ကို လာနေပါလား၊ ကိုယ်တို့စားသလိုတော့ စားရမှာပေါ့ကွာ၊ ဘာမှ ပေးစရာ မလိုဘူး..အချိန်မ ရွေးလာခဲ့ပါ.."

သူ မကြာခဏ ပြောလေ့ရှိသည့် စကားဖြစ်သည်။

တကယ်တော့ သူ့ကိုယ်ပိုင် အိမ်မဟုတ်သေး။ သူ့ထုတ်ဝေသူက သူ့ရိုးသားမှုအ တွက် နေခွင့်ပေးထားသော အိမ်ကလေးသာ။ သို့သော်၊ သူ့မျက်နှာ ပြည့်ပြည့်ဖြိုးဖြိုးပေါ် ကိုယ်ပိုင်စေတနာတွေက ထင်ရှားနေ၏

မြို့ထဲအပြန်တွင် ကားဂိတ်အထိ လိုက်ပို့ပေးတတ်ပြီး ယာဉ်စီးခကိုပါ တစ်ပါတည်း ရှင်းပေးပြီးမှ နှုတ်ဆက်သွားလေ့ရှိသည်။ ကျွန်တော် သွားရောက်မနေထိုင်ဖြစ်သော်လည်း အချို့သော တနင်္ဂနွေနေ့များတွင် သူ့အိမ်ကျဉ်းကျဉ်းကလေး၏၊် ကျယ်ဝန်း သည့် အရိပ်၌ သွားရောက် နားခိုတတ်လေ့ ရှိခဲ့ဖူးပါသည်။ ထိုအိမ်ကလေးကို လာစဉ်က လေးလံလွန်း သည့်ဝန်ထုပ်သည် အပြန်လမ်း၌ မိုးပျံပူဖောင်း အဖြစ် အသွင်ပြောင်းသွားတော့၏

လွန်ခဲ့သော လအတန်ကြာက အမြန်ရထားတစ်စီးပေါ် မတော်တဆ သွားဆုံမိကြသည်။ စားသောက်တွဲကို ကူးပြီး စကား တွေ ထိုင်ပြောကြ၏ သူ့ဝတ္ထုတိုစု စာအုပ်ကို လက်မှတ်ထိုး၍ ပေးသည်။ ထို့နောက် ထုံးစံအတိုင်း မြို့သစ်အစွန်တစ် နေရာမှ သူ့အိမ်က လေးကို လာလည်ရန် စိတ်ပါလက်ပါ ဖိတ်ခေါ်နေပြန်၏

ထိုရထားပေါ်တွင် ပြောခဲ့ကြသော စကားတွေအနက် ကျွန်တော် အကြည်နူးရဆုံး စကားတစ်ခွန်း ပါလာသေးသည်။ ထိုအိမ် ကလေးကို သူ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဟူသော သတင်းပင်။
                                                     
(၄) 
"ဟိုအိမ်ကြီးကို တွေ့လား..."

ရန်ကုန်မြို့၏၊် နာမည်ကျော် လမ်းမကြီးပေါ် ပြေးနေသည့် တက္ကစီတစ်စီးထဲမှနေ၍ သူငယ်ချင်းက တစ်နေရာသို့ လှမ်းညွှန်ပြ ၏ အိမ်ဆိုသော်လည်း အိမ်ဟူသော ဂုဏ်ပုဒ်ထက်မက အရှိန်အဝါ ကြီးမားလှသော ဧရာမ လုံးချင်းတိုက်အိမ်တစ်လုံး ဖြစ် သည်။ မြင့်မားလှသော တံတိုင်းကြီးများ ကာရံထားသည့်ကြားမှပင် ကုန်းမြင့်ကျယ်ကျယ် ခြံဝင်းထဲမှ တိုက်ကြီးမှာ ထီးထီး မားမား ခန့်ညားလွန်းလှ၏ အဆောက်အဦနှင့် တည်နေရာကို အကဲ ခတ်ရုံဖြင့် ကျပ်သိန်းပေါင်း သိန်းချီတန်မည်မှန်း အလွယ် တကူ ခန့်မှန်းနိုင်သည်။

ထိုသူငယ်ချင်းကပင် ဆက်၍ ကျွန်တော်တို့နိုင်ငံမှ ခေတ်သစ်ဇောတိကတစ်ဦးပိုင်ဆိုင်သော အိမ်ပေါင်းများစွာထဲမှ တစ်ခုဖြစ် ကြောင်း ထပ်ပြောပြသည်။ သူ့လေယူလေ သိမ်းထဲ အားကျခြင်းတွေ စိုစွတ်နေသည်ကို သတိထားမိလိုက်၏

ကျွန်တော်ကတော့ ထိုခေတ်သစ်ဇောတိက၏၊ စံအိမ်တော်ကြီးကို ကြည့်ရင်း ဆော့ခရတ္တိ၏ အိမ်ငယ်ကလေးလောက်မှ ကျယ် ဝန်းပါရဲ့လားဟု သံသယ ဖြစ်နေမိပါသည်။   ။

မိုးကျော်ဇင်