ရိုးခက် - ၅၉ (စ)

 
ရိုးခက် - ၅၉ (စ)
(မိုးမခ) မတ် ၃၁၊ ၂၀၁၆

လေတိုက်လျှင်တောင်
အပုပ်နံ့က နံထောင်းလို့
ပြောင်းလဲခြင်းကို
မီးသွေးနဲ့ရေခြစ်
ပေါင်ပုတ်ရင်
ကြောင်ရုပ်ဖြစ်တဲ့ခေတ်က ကုန်နေပြီ
ရေပေါ်မှာ အရုပ်ရေးထားတော့
မပြည့်တဲ့အိုးက ဘောင်ဘင်ခတ်
သတ်ပုံသတ်ညွှန်းမမှန်တော့
အိပ်ယာဝင်ပုံပြင်တွေဟာ
အတုအယောင်အံဝှက်တစ်ခုပေါ့
သိုးကဝံပုလွေယောင်ဆောင်
ပိုးသားက ခုထိမညက်သေးဘူး
မနက်ဖြန်ကဗျာတစ်ပုဒ်ရဖို့
ငါတို့အားလုံးပြင်ဆင်ပေးရမယ် ။   ။

ရိုးခက်
2.12.2015
00:11