ဇော်အောင် (မုံရွာ) - ရန်ကုန်အစိုးရမူးယစ်ပြတိုက်နဲ့ ကချင်ပြည်နယ်လှုပ်ရှားမှုများ...


ဇော်အောင် (မုံရွာ) - ရန်ကုန်အစိုးရမူးယစ်ပြတိုက်နဲ့ ကချင်ပြည်နယ် လှုပ်ရှားမှုများ
(မိုးမခ) မတ် ၁၄၊ ၂၀၁၆
ကချင်ပြည်နယ် ခရစ်ယာန်ဘုရားကျောင်းများ ဗုဒ္ဓဘာသာဘုန်ကြီးကျောင်းများ တက်ကြွလှုပ်ရှားသူအဖွဲ့များ ဖေဖော်ဝါရီလ ပတ်ဂျာဆန် PJS Pat Sajan ကချင်လူထုအခြေပြု မူးရစ်တိုက်ဖျက်ရေးအဖွဲ့ ၃၁ ဦး တိုက်ခိုက်ခံ ဒဏ်ရာရဆေးရုံတင်ခဲ့ရပါတယ်။ မြစ်ကြီးနားမြို့လူထုဆန္ဒပြသတင်း လွှတ်တော်အထိ ဂရက်ရိုက် ဆွေးနွေး အတည်ပြုခဲ့ပါတယ်။ ဆေးရုံတင်ရသူများ ၂၇ ယောက်ဆင်းသွားပြီး ၄ ဦးကျန်တာလဲ ခွဲစိတ်ကုသပေးပြီး အသက်အန္တရယ်မရှိတော့ပါ။

ပြည်နယ်အစိုရများနဲ့ ပြည်ထောင်စုအစိုးရ ပူးပေါင်းလုပ်ဆောင်မှုအားဖြင့် ဒီနှစ် ၂၀၁၆ ကစပြီး ဘိန်းစိုက်ခင်းများကို NLD-Military အစိုးရသစ်နဲ့ အပြတ်ရှင်းနိုင်ပါတော့မယ်။ အစိုးရပါဝင်မှ ထိရောက်ပါမယ်။ ဒါလဲ လူထုအင်အားနဲ့ မူးယစ်ဆေးဒဏ် ကို မခံစားရသူမရှိတဲ့ ကချင်ပြည်နယ် အိမ်ထောင်စုတိုင်းတာဝန်သိစွာ အနစ်နာခံဆောင်ရွက်ခြင်း ရလဒ်ပါ။

ဒီတပါတ် ပြည်နယ်ဆေးရုံကြီးအိမ်သာမှာ ဘိန်းဖြူဆေးထိုးတံနဲ့ လူငယ်တစ်ဦး လူထုဖမ်းမိပြီး ပြောင်ငြင်းဆန်လို့ ဝိုင်းထိုး ကြိတ်လိုက်တာ ဆရာဝန်ရောက်လာပြီး အချုပ်ထောင်ပို့လိုက်ပါတယ်။ ဖူးယောင်နေတဲ့လူငယ်မျက်နှာက စိတ်မကောင်း စရာ။ သူက အသာတကြည်အဖမ်းမခံတော့ ဒေါသထွက်လာတဲ့လူတွေရဲ့ ထိုးကြိတ်ခံရပါတယ်။ အရပ်ထဲမှာ ထိုးကြိတ်ဆုံးမ တဲ့ စစ်အာဏာရှင်စရိုက်တွေ ရှိနေဆဲပါပဲ။

● ရန်ကုန်ကမာရွတ် မူးယစ်အမြစ်ဖြတ်ပြတိုက်
Frontier သတင်းစာ Jared Downing ရေးတဲ့ဆောင်းပါးမှာ ကမာရွတ် ဟံသာဝတီနဲ့ ကျွန်းတောလမ်းထောင့်မှာ အစိုရ မူးယစ်တိုက်ဖြတ်ရေးဌာနရဲ့ မူးယစ်ပြတိုက်ကို ဂျာနယ်လစ်ရောက်သွာချိန် အမေရိကန်လူမျိုး ၂ ယောက်ပဲတွေ့ရပါတယ်။ ပြတိုက်ဝန်ထမ်းများ အိပ်ငိုက်နေပြီး လူမရှိ သန့်ရှင်းရေးလုပ်သားကိုတော့ အဖေါ်အဖြစ်တွေ့ရပါတယ်။ လိုက်လံရှင်းပြသူက ဒီပြတိုက်ကို လွန်ခဲ့တဲ့ ၁၅ နှစ် (၂၀၀၁) က ကြီးကျယ်ခမ်းနားစွာဖွင့်လစ်ခဲ့ကြောင်း ဂုဏ်ယူဝံ့ကြွားစွာ ရှင်းပြပါတယ်။ ကြောက် စရာ အရိုးခေါင်း လူအင်္ဂါ ရုပ်ပုံ ပန်းချီပန်းပု ရုပ်ပြ ဘိန်းမှဘိန်းဖြူထုပ်လုပ်ငန်းအဆင့်ဆင့် ဇတ်လမ်းများနဲ့ ပြခန်းများ ခမ်းနား လှပါတယ်။ လှပတဲ့ဥယျာဉ် ရေတံခွန် မီးဆလိုက် မီးအလှစန်တွေလည်း မထိမ်းသိမ်းနိုင်လို့ အလုပ်မလုပ်တာ ကြာပါပြီ။

အစိုးရ နေပြည်တော်ပြောင်းသွားကတည်းက ပြတိုက်ကို ဂရုစိုက်မှု မရှိတော့ပါဘူး။ ဝန်ထမ်များ ကိုယ်ထူကိုယ်ထ ပြတိုက် ဝင်ငွေနဲ့ရပ်တည်နေရပြီး အစိုးရက ပြတိုက်မြေ အဆောက်အဦကို ပုဂ္ဂလိကရောင်းစားမှာ အလွန်စိုးရိမ်နေကြတယ်လို့ ပြော ပါတယ်။ ကျောင်းသားအုပ်စုများ အခမဲ့ လာရောက်ကြည့်ရှုနေပြီး ပြတိုက်အဝင်ဝမှာ အနားယူသွားတဲ့ ဗိုလ်ချုပ်မှူးကြီး (အ ငြိမ်းစား) ဦးသန်းရွှေ ဓါတ်ပုံကြီးက ကြိုဆိုနေဆဲဖြစ်ပါတယ်။

● မူးယစ်ဘိန်းဘုရင်များနဲ့ ရောင်းဝယ်သူများ
မြစ်ကြီးနားမှာတော့ မူးရစ်သုံးစွဲသူများစွာကို လူထုလှုပ်ရှားမှုနဲ့ ဖမ်းဆီးပါတယ်။ ဖမ်းဆီးခံ သူတို့ပူးပေါင်းကူညီမှုနဲ့ မြို့ပေါ်က လက်လီရောင်းချသူများစွာ ဖမ်းဆီးနိုင်ခဲ့ပေမဲ့ လက်ကားရောင်းသူတွေတော့ လွတ်နေဆဲပါ။ ဘိန်းဘုရင်များက ဖားကန့် ကျောက်စိမ်းတွင်း အများစုကို ပိုင်ဆိုင်တယ်လို့ Global Witness သတင်းအဖွဲ့က အချက်အလက်များနဲ့ ထုတ်ပြန်ခဲ့ပါတယ်။ မူးရစ်လက်ကားရောင်းသူတဦး ကချင်ပြည်နယ်မှာဖမ်းမိပြီး သက်ဆိုင်ရာကို ပေးကမ်းငွေ တလစာ ကျပ် သိန်းငါးထောင် စာရင်းစာအုပ်တွေ့ရပေမဲ့ ဥပဒေမစိုးမိုးချိန် အကြီးတန်းရောင်းချသူများကတော့ လွတ်နေဦးမှာပါ။

တချို့ မူးရစ်ဘုရင်ကြီးများကို ကာကွယ် အကျိုးတူလုပ်နေတဲ့ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့ ထိပ်တန်းအရာရှိများ ရှိနေတယ် လို့ ပြောကြပါတယ်။ အရေးယူခြင်းနဲ့အတူ မူးယစ်ဘိန်းဘုရင်များနဲ့ သူတို့ရဲ့ ဝိသမစီးပွားလုပ်ငန်များ မြန်မာပြည်က ထွက်ခွာ သွားဖို့ တရုတ်နိုင်ငံ ထိုင်းနိုင်ငံကဲ့သို့ လုပ်ဆောင်ရပါမယ်။

● နိဂုံး
ရန်ကုန်ဆိပ်ကမ်းကနေ မူးယစ်ဆေးကွန်တိန်နာနဲ့ ပို့ကုန်အဖြစ် ပြည်ပပို့နေတာ ဘာမှမတတ်နိုင် လွှတ်ထားတာ ကြာပြီဖြစ် ပါတယ်။ ၂၀၁၅ နှစ်အကုန်မှာ ပိုင်ရှင်မဲ့အဖြစ် မြန်မာအစိုးရက ဖမ်းဆီးနေကြပါတယ်။ အရေးယူ စုံစမ်းနေပါပြီ။ ဘင်္ဂလားဒေ့ခ်ျ ဘက်က လမ်းကြောင်းနဲ့ ပြည်ပပို့မဲ့ မူးယစ်ဆေး ကွန်တိန်နာလိုက်ဖမ်းမိနေလို့ အများကြီး တိုးတက်လာပါပြီ။

မြို့ပေါ်က သုံးစွဲနိုင်သူများ မူးရစ်ဆေးကို အများဆုံးသုံးကြပါတယ်။ ဥပဒေ စိုးမိုးလာမဲ့ ၂၀၁၆ အလွန် NLD-Military အစိုးရ သစ်ကာလ ပြည်နယ်များက လက်နက်ကိုင်အဖွဲ့စည်းများနဲ့ ငြိမ်းချမ်းရေးသဘောတူချက်များစွာ ရလာပါမယ်။ ဘိန်းအစား သီးနှံ စက်မှုစိုပ်ပျိုး ရေတိုရေရှည် သီးနှံစိုက်ပျိုရေးအပြင် ကုန်ချောထုတ်တဲ့ စက်ရုံများစွာ နယ်စပ်ဒေသများမှာ ပေါ်ပေါက် လာဖို့ အစိုးရသစ်အနေနဲ့ ပံ့ပိုးပေးရတော့မယ် ဖြစ်ပါတယ်။ စက်မှု လယ်ယာ ကုန်ထုတ်လုပ်ငန်းသာလျှင် ဘိန်းစိုက်ဒေသများ အတွက် ထွက်ပေါက်ဖြစ်ပါတယ်။

ဘိန်း မူးယစ်ထုတ်လုပ်မှု ၂၀၁၆ မှစတင် ကင်းရှင်းနိုင်ပါစေ။

Photo Credit: Reuters