ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ချမ်းမြ - မန္တလေး စာအုပ်ငှားဆိုင်များ အလွမ်း


ချမ်းမြ - မန္တလေး စာအုပ်ငှားဆိုင်များ အလွမ်း
(မိုးမခ) မတ် ၁၄၊ ၂၀၁၆

အခုဆိုရင် မန္တလေးမြို့မှာ  စာအုပ်ငှားဆိုင်လေးတေ ပပျောက်ပြီး မြို့ရဲ့ နေရာတော်တော်များများကို ဖုန်းဆိုင်များ၊ စတိုး ဆိုင် များနှင့် စူပါမားကတ်မိနီမတ်တွေက စိုးမိုးမိုးထားလိုက်သည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ အရမ်းလည်း နှမြော မိသည်။ ၀မ်းလည်းနည်းသည်။ မှတ်မိပါသေးသည်။ ကျွန်တော်ကျောင်သားဘ၀တုန်းဆို အိမ်တော်ရာဘုရား မြောက်မုဒ် နားက ရွှေဟသာင်္ စာအုပ်ငှားလေးကိုလွမ်းမိသည်။ ထိုစာအုပ်ငှားဆိုင်လေးက ကျွန်တော်တို့ဦးလေးကျောင်းဆရာလက် ထက်ကတည်းရှိသည့် စာအုပ်ငှားဆိုင်လေးဖြစ်သည်။ ကျွန်တော်ဆယ်တန်းကျောင်းသားဘ၀ထိ ထိုစာအုပ်ဆိုင်လေး ရှိ သေးသည်။ အဲဒီအချိန်တုန်းက ကာတွန်းစာအုပ်အသစ်ဆို သုံးဆယ်၊ ၀တ္ထုစာအုပ်ဆို ငါးဆယ်၊ မဂ္ဂဇင်းစာအုပ်ဆို ခုနှစ်ဆယ် စသည်ဖြင့်ပေါ့ စာအုပ်နည်းနည်းဟောင်းသွားရင် ဈေးလျော့လာသည်။ ဘိုဘိုကာတွန်းစာအုပ်၊ မြိုင်ရာဇာတွတ်ပီတို့၊ ထွေး မွန် လေးမွန်တို့ဆိုတာက အခုလိုနွေရာသီကျောင်းပိတ်ရက် လက်မလည်အောင် ငှားရတာပေါ့။ ဆယ်ကျော်သက်တွေက အချစ်ဝတ္ထုတွေဖြစ်တဲ့ ရှင်နှောင်းတို့၊ လွန်ထားထား၊ မောင်လှမျိုးတို့ လက်မလည်ဘူးလေ။ ညဆိုရင် ရပ်ကွပ်ထဲကသူငယ် ချင်း တွေစုပြီး လက်ဖက်ရည်ဆိုင်ထိုင်ပြီး အရင်နေ့ကငှားထားတဲ့စာအုပ်တွေ သွားအပ်ကြသည်။ အဲဒီမှာ ဟိုဘက်အရပ်က မိန်းကလေးတွေနဲ့ စာအုပ်ငှားဆိုင်မှာတွေ့ ဇာတ်လမ်းတွေဖြစ်ကြတာပေါ့။ သိပ်ပျော်ဖို့ကောင်းတဲ့အချိန်ကာလလေးတွေ ပေါ့။

ထိုအချိန်တွေကို အမှတ်ရနေမိသည်။ ဟိုတစ်ပတ်ကလည်း အလုပ်ကိစ္စနဲ့အောင်ပန်းကို ခရီးထွက်ရတယ်။ ညပိုင်းကျ သူ ငယ်ချင်းတွေ ထမင်းစားပြီး ကွမ်းယာလေးဝါးချင်လို့ ကွမ်းဝင်ဝယ်တယ်။ အဲအချိန်မှာ စာအုပ်ငှားတဲ့အန်တီတစ်ယောက် ရောက်လာတယ်။ ကွမ်းယာဆိုင်ကကောင်မလေးကို “မိနန်း စာအုပ်အပ်တော့မှာလား ၀တ္ထု စာအုပ်သစ်ပါတယ်” ကျွန်တော် ကလည်း ထိုအန်တီကို ၀င်ပြီးနည်းနည်းအင်တာဗျူးလိုက်သည်။ အန်တီကစာအုပ်ငှားတာလား။ ကျွန်တော်တို့ မန္တလေးမှာဆို အခုလိုစာအုပ်ငှားတဲ့သူတွေမရှိတော့ဘူး။ ငှားရော ငှားရရဲ့လားအန်တီ။

"ငှားတော့…ငှားရပါတယ်။ နာမည်ကြီး စာရေးဆရာ ၀တ္ထုတွေ ၀ယ်ရတာဈေးတော့ကြီး တစ်အုပ်ကို တစ်ထောင့်ရှစ်ရာလောက် ပေးရတယ်။ ချုပ်ခနဲ့ ဘာနဲ့ဆို နှစ်ထောင့်ငါးရာလောက် အရင်းကြတယ်လေ။ အဆင်ပြေမလားဆိုပြီး အိမ်မှာခွေရောင်းလေးဖွင့်ထားသေးတယ်။ ဒါပေမယ့်ဟမ်းဖုန်းတွေပေါ်လာတော့ အခွေဆိုင်ကပိတ်လိုက်ရပြီ။ မဂ္ဂဇင်းတွေဆို တစ်လခါထွက်တော့ အကုန်မ၀ယ်နိုင်ဘူးလေ။ ပြီးတော့ မဂ္ဂဇင်းက မိန်းကလေးနဲ့ ဆယ်ကျော်သက်ယောက်ျားလေးတွေဖတ်တော့ နာမည်ရှိတဲ့ မဂ္ဂဇင်းလေးတွေပဲရွေးဝယ်ရတာပေါ့”

အခုဆိုမန္တလေးမြို့မှာ စာအုပ်ငှားလေးတွေ သေဆုံးသွားကြသည်။ ကျွန်တော်တို့လို စာပေချစ်သူအတွက် ထွန်းဦးတို့၊ နဂါးစာပေတို့၊ စိတ်ကူးချိုချိုတို့ရှိနေလို့တော်သေးသည်ဟု ပြောရမည်။ အခုခေတ်လူငယ်လေးတွေ စာမဖတ်ကြတော့ပေ။ ကျွန်တော်အနေနှင့်ကနေ“မအ” အောင်စာဖတ်ကြပါလို့ပြောချင်သည်။ ဖုန်းဘေလ်တွေတစ်သောင်းဖိုး မနှမြောကြဘူး။ စာအုပ် တစ်တစ်ထောင့်ငါးရာ နှစ်ထောင်ပေးရမှာကို နှမြောနေကြသည်။

ဝယ်မဖတ်ချင်ဘူးရတယ်ထားတော့။ စာကြည့်တိုက်တွေ ရှိသည်။ ၈၄ လမ်းမှာဆို လူထုစာကြည့်တိုက် ၈၆ လမ်း  ၂၂×၂၁ ကြားတွင်လည်း စာကြည့်တိုက်တစ်ခုရှိသည်။ပြီးတော့ လမ်းဘေးတွေ လက်ဖက်ရည်ဆိုင်တွေမှာဆိုလည်း စာပေရေချမ်း စဉ်လေးတွေရှိသည်။ လူငယ်တွေ စာဖတ်ဖို့လိုပြီ။ အခုတော့ အဲလိုမဟုတ်ဘူး။ လက်တစ်ဝါးစာလောက် အရာဝတ္ထုလေးရယ် ဆိုရှယ်နက်ဝေါ့တစ်ခုဖြစ်သည့် Facebook ဆိုတဲ့အရာက ဖုံးလွှမ်းသွားလေသည်။

ချစ်ခြင်းအားဖြင့်
ချမ်းမြ