သွန်းခ - ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအခမ်းအနားကျင်းပ




သွန်းခ - ကာတွန်းဆရာကြီးများအား ကန်တော့ပွဲအခမ်းအနားကျင်းပ
(မိုးမခ) မတ်၂၇၊ ၂၀၁၆

သက်ကြီးကာတွန်းဆရာကြီးများအား ကာတွန်းဆရာများမှကန်တော့ကြသည့်အခမ်းအနားကို ရန်ကုန်မြို့၊ရွှေတိဂုံဘုရားတောင်ဘက်မုဒ်ရှိ စည်ပင်ဓမ္မာရုံတွင် ၂၆၊ ၃၊၂၀၁၆ နေ့ နံနက် ၁၀ နာရီ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ကာတွန်း နိုင်လင်းမှ တာဝန်ယူခဲ့ပြီး ကန်တော့ကြိုးအား ကာတွန်းထိန်သာမှ တိုင် ပေး၍အကန်တော့ခံ ကာတွန်းဆရာကြီးများဖြစ်ကြသည့် ဆရာသစ်ထွဏ်း၊ ဆရာမောင်မောင်လေး၊ ဆရာအောင်အောင်၊ ဆရာတင်အောင်နီ၊ ဆရာမြင့်သိန်း၊ ဆရာငွေကြည်၊ဆရာချစ်ဆွေ၊ ဆရာရွှေမင်းသား၊ ဆရာအကိန်း၊ ဆရာတွတ်တွတ်၊ ဆရာလှဖေ၊  ဆရာမောင်မောင်သက်နှင့် ဆရာမောင်မောင်တို့ကို သက်လတ်၊ သက်ငယ် ကာတွန်းဆရာများက စုပေါင်း ကန်တော့ခဲ့ကြသည်။

အကန်တော့ခံကာတွန်းဆရာကြီးများထဲမှ ဆရာရွှေမင်းသား၊ ဆရာငွေကြည်၊ ဆရာမောင်မောင်၊ ဆရာတွတ်တွတ်တို့မှ အမှာစကားများ၊ ဆိုဆုံးမစကားများချီးမြှင့်ခဲ့သည်။

ကာတွန်းဆရာများစုပေါင်း၍အသင်းအဖွဲ့ဖွဲ့စည်းရေးအတွက် ညီညီညွတ်ညွတ်စုပေါင်းဆောင်ရွက်သွားကြရန် တက်ရောက် လာကြသည့် ကာတွန်းပညာရှင်များမှ ဝိုင်းဝန်းအကြံပြုဆွေးနွေးခဲ့ကြသည်။