ညီဆူးသစ် - ပြန်လည်ရှင်သန်ခြင်းကဗျာ

 ညီဆူးသစ် - ပြန်လည်ရှင်သန်ခြင်းကဗျာ
(မိုးမခ) မတ် ၁၇၊ ၂၀၁၆

နိုးထခဲ့ပြီးပြီ
စိတ်သစ်လူသစ်နဲ့
ဘဝအသစ်စစ်စစ်ကြီးထဲမှာ

ဘဝအသစ်စစ်စစ်ကြီးထဲမှာ
ဟောင်းနွမ်းခဲ့ပြီးပြီ
လူတစ်လုံးသူတလုံး

ဘယ်ကဲ့သို့ ကြေကြေကွဲကွဲ
လူသူစရိုက်က သူ့ဖွဲ့စည်းပုံသစ်နဲ့သူ
ကိုယ့်ဖွဲ့စည်းပုံသစ်နဲ့ကိုယ်

နေ့တွေထဲမှာ
ကိုယ့်မွေးနေ့ နေ့နာမ်းလေးကို
လက်ထိုးမိ
ကိုယ့်ကို ပြန်တွေ့သော
နေ့တစ်နေ့ဟာ
ပြန်ရှင်သန်ခဲ့ရပြီ။

ညီဆူးသစ်