ကိုသန်းလွင် - စွဲလမ်းတတ်သော အယူအဆ အလွဲအမှားများ

 ကိုသန်းလွင် - စွဲလမ်းတတ်သော အယူအဆ အလွဲအမှားများ
(မိုးမခ) မတ် ၂၁၊ ၂၀၁၆

၁၉၉၇ ခုနှစ်ကကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းဒေသမှ ဆရာဝန်များက လည်ပင်းကြီးရောဂါကာကွယ်ရေးအတွက် Ultrasound ရိုက်ပြီး မိမိကိုယ်ကိုစစ်ဆေးနိုင်ကြောင်းကြော်ငြာခဲ့ကြပါသည်။ ထိုသတင်းထွက်လာပြီး မကြာမီ ထိုဒေသ အနီးတ၀ိုက်မှ ဆရာဝန်များက အလားတူ ကြေငြာခဲ့ကြပြန်သည်။ တဖြည်းဖြည်းနှင့် သတင်းမှာ တနိုင်ငံလုံးပြန့်သွားခဲ့သည်၊ အစိုးရကလည်းအားပေးခဲ့သောဤရောဂါ Screen လုပ်မှုမှာ ဒေါ်လာ ၃၀ မှ ၅၀ သာ ကုန်ကျပါသည်၊  အခြား ကင်ဆာ ရော ဂါ အမျိုးမျိုးအတွက်လည်း ဆေးအစစ်ခံခဲ့ကြပါသည်။

သို့နှင့် ရောဂါဖြစ်နေသူ တွေ့ရှိမှုမှာလည်း များပြားလာပါသည်။   ၁၉၉၉ ခုနှစ်က လူတသိန်းလျှင် ၅ ဦးခန့်သာ ရောဂါရှိကြောင်း တွေ့ကြရပြီး ၂၀၁၁ ခုနှစ်တွင် လူ တသိန်းတွင် လူ ၇၀ အထိ တွေ့ရှိခဲ့ကြပါသည်။ ရောဂါတွေ့ရှိသူထဲမှ သုံးပုံနှစ်ပုံမှာ သိုင် ရွိုက်ဂလင်းကို ခွဲစိတ်ဖယ်ထုတ်ခဲ့ကြပြီး တသက်တာလုံး  ဆေးစား ဆေးသောက် လုပ်ကြရပါတော့သည်။ ဤဖြစ်ရပ်အား လုံးမှာ အလွန်အန္တရာယ်များလှပါသည်။ ထိုကဲ့သို့တတိုင်းပြည်လုံးပါဝင်သော စမ်းသပ်မှုများက လူပေါင်းမည်မျှ၏ အသက်ကို ကယ်ဆယ်နိုင်ခဲ့ပါသနည်း ဟုမေးစရာဖြစ်လာခဲ့ပါသည်၊ သိုင်းရွိုက်ကင်ဆာကြောင့် သေဆုံးသူဦးရေမှာ ကိုရီးယားနိုင်ငံအဖို့ မပြောင်းလဲခဲ့ပါ။ လူတသိန်းလျှင် တဦးသာ သေဆုံးကြပါသည်။ ဆရာဝန်အများက ဤအချက်ကိုသတိပြုမိလာကြသော ကြောင့် သိုင်းရွိက်ကင်ဆာအတွက် ရောဂါ Screening လုပ်ခြင်းအလုပ်ကို ၂၀၁၄ ခုနှစ်နောက်ပိုင်းတွင် အားမပေးကြတော့ပါ။

တချို့ကလည်း မိမိကိုကိုယ်ကျန်းမာရေး စစ်ဆေးခြင်း၊ ဆေးကုသမှုခံရခြင်းတို့မှာ လူတို့၏ အခြေခံ လူ့အခွင့်ရေး ဖြစ်သည်ဟု ဆိုကြပါသည်။ ကိုရီးယားတွင်သာမက တခြားနိုင်ငံများတွင်လည်း ကင်ဆာရောဂါကို စောစွာသိရလျှင် အသက်ပေါင်းများ စွာကို ကယ်တင်နိုင်သည်ဟု စွဲစွဲမြဲမြဲ ယုံကြည်ထားကြပါသည်။

သက်သေပြချက်ရေရေရာရာမရှိဘဲ အမှန်ဟု ယုံကြည်ထားချက်များမှာ တကယ်လက်တွေ့တွင် မှန်ကန်မှုမရှိ၊ သေချာလေ့ လာဆန်းစစ်ခြင်းမရှိဘဲ လက်ခံထားသောကြောင့်သာ အမှန်ဟုယူနေကြခြင်းဖြစ်သည်၊ ထိုအရာများကို Myth ဟုခေါ်ပါ သည်။

(၁) ကင်ဆာရောဂါအတွက် ကြိုတင်ဆေးစစ်ဆေးခြင်း (Screening) သည် ကောင်းသည်၊   အဆုပ်ကင်ဆာ၊ Cervical ကင် ဆာ၊ Colon ကင်ဆာများအတွက် စောစောသိရလေ၊ ပိုပြီး ကာကွယ်ကုသနိုင်လေလေဖြစ်ပါသည်။ ၂၀ ရာစု နှစ် စကတည်း က ကင်ဆာဖြစ်မည့်လက္ခဏာကို စောစောသိပြီး ကင်ဆာဆဲလ်များကို စောစောဖြတ်ထုတ်နိုင်လေလေ၊ စိတ်ချရလေလေ၊ ဖြစ်သည်ဟုယုံကြည်ခဲ့ကြပါသည်၊ သို့သော် သုတေသနလုပ်ငန်းများမှ တစတစ သိလာရကြသည်မှာ သိုင်းရွိုက်၊ ဆီး ကြိတ်ကင်ဆာ၊ သားမြတ်ကင်ဆာစသည်တို့မှာ အစဦး စောစောတွေ့ခြင်းဖြင့် မုချ အသက်ကို မကယ်ဆယ်နိုင်ကြကြောင်းသိလာကြပါသည်။ လူနာဦးရေ  ၃ သိန်းကျော်နှင့် သုတေသနပြုချက်အရ Screeing လုပ်ခြင်းဖြင့် ဆီးကြိတ်ကင်ဆာ ရောဂါ ရှင်များ၏ သေနှုန်းကို လျော့မချနိုင်ကြောင်းတွေ့ကြရသည်။

ကနေဒါနိုင်ငံတွင် ပြုလုပ်သော သုတေသနပြုချက်တခုတွင် သားမြတ်ကင်ဆာဖြစ်သောလူနာ ၉ သောင်းနီးပါးနှင့် ၂၅ နှစ် ကျော်ကြာ သုတေသနပြုကြပြန်ပါသည်။ (အသက် ၄၀ မှ ၅၉ နှစ်အတွင်း) နှစ်စဉ်နှစ်တိုင်း စစ်ဆေး ကြည့်ကြရုံနှင့် သေဆုံးမှု ဦးရေ လျော့ကျမသွားကြောင်း ကောက်ချက်ချနိုင်ခဲ့ကြပြန်သည်။   အချို့ရောဂါစွဲကပ်ခံရသော ဆဲလ်များမှာ စောစောတွေ့ တွေ့၊ နောက်ကျမှ တွေ့တွေ့ လူနာ၏အသက်ကို မကယ်တင်နိုင်ကြပေ။

ကင်ဆာရောဂါ ဖြစ်ပြီဆိုသည်နှင့် မလိုအပ်သော ဆေးကု ဆေးစားများကိုလည်း လုပ်မိတတ်သည့်အန္တရာယ်ရှိသည်၊ အကျိုး ရှိနိုင်သည်ဟု အတည်မပြုရသေးသော ဆေးများကိုလည်းသုံးစွဲမိရတတ်သည်။

အချို့သော လူအများမှာ ကင်ဆာဆဲလ်ကို စောစီးစွာတွေ့ပြီး ၄င်းတို့ကိုဖယ်ရှားပြီးလူကောင်းပြန်ဖြစ်လာကြသောကြောင့် လူအများက ကင်ဆာဆဲလ်ကို စောစောသိလျှင် ကောင်းသည်ဟု ယူမှတ်စွဲနေကြခြင်းဖြစ်ပါသည်။ အဓိက ကင်ဆာ ၁၉ မျိုး တွင် စောစောစီးစီး တွေ့ရှိသဖြင့် အသက်ကယ်နိုင်ကြခြင်းမှာ များများစားစား မရှိလှပါဟုလည်းဆိုကြသည်။

(၂) လူတို့၏ဦးနှောက်သည် လူတို့၏ အရွယ်စားနှင့်စာလျှင် အရွယ်ပမာဏကြီးမားသည်၊ ဦးနှောက်၏ သိမှု၊ မှတ်မှု၊ တွေး ခေါ်မှု၊ ပါဝါသည် နျူရုံးခေါ်ဆဲလ် များပါဝင်သည့် density ကြီးမားမှုကြောင့် ပို၍ပို၍ ကောင်းမွန်လာနေသည်။

ထိုအချက်များသည် မှန်ကန်မှု မရှိ၊ လူတို့သည် ဦးနှောက်စွမ်းအင်ပါဝါနှင့်ပတ်သက်၍ ပြောချင်သော ကိန်းဂဏန်းတွေကို ပြောခါ  ပုံကြီးချဲ့နေကြခြင်းသာဖြစ်သည်၊   လူ့ဦးနှောက်၏ အရွယ်ပမာဏသည် အရွယ်တူ အခြားသတ္တ၀ါများ၏ ဦးနှောက်နှင့် စာလျှင် ၇ ဆခန့် ပို၍ကြီးထွားသည်၊ သို့ပါသော်လည်း ကြွက်နှင့် ဒေါ်လဖင် (ပင်လယ်ဇျံ) များနှင့်စာသော် အချိုးအစားမှာ အတူတူပင်ဖြစ်သည်။  အချို့ငှက်များမှာ လူ့ထက်ပင် အချိုးအဆ ပိုကြီးသေးသည်။ တချို့က လူဦးနှောက်တွင် နျူရုံး ခေါ် ဆဲလ်ပေါင်း သန်ထောင်ပေါင်း ၁၀၀ မျှရှိသည်ဟု ပြောကြသည်။ တချို့ကလည်း  ၈၆ ဘီလီယံဆိုလျှင် ပိုပြီးမှန်မည်ဟု ယူဆ ကြသည်။

လူတို့၏ဦးနှောက်သည် တခြားသတ္တ၀ါများ နှင့် မတူပါ။ အခြားသတ္တ၀ါများနှင့်စာသော် လူ၏ Cerebral Cortex  ခေါ် စဉ်း စားခြင်းနှင့် ဘာသာရပ်ကို ထိမ်းချုပ်ကိုင်တွယ်သည့်ဧရိယာနေရာမှာ ပိုမို၍ကျယ်ပြန့်ဖွံ့ဖြိုးသည်။

နျူရုံး အရေအတွက်များခြင်းသည် အရှိန်ပါဝါဖြစ်ခြင်းပင်ဖြစ်သည်ဟု ယူဆခဲ့ကြသောကြောင့် အာရုံကြောနှင့်ပတ်သက် သည့် သုတေသနလုပ်ငန်းများစွာမှာ ခရီးမရောက်ဘဲရှိခဲ့သည်ဟု တချို့က ငြီးတွားကြသည်။  လူတို့တွင် ထူးခြားသော အ ရည်အသွေးများရှိကြရာ လူတို့ အရည်အချင်း ကွဲပြားခြားနားခြင်းမှာ နျူရုံး အရေအတွက်ကြောင့် မဟုတ်နိုင်ပါ၊ ဦးနှောက် တနေရာနှင့် တနေရာ ဆက်သွယ်သည့် (Wiring Pattern) သည်သာအဓိက အဆုံးအဖြတ်ပေးသည်ဟူ၍ ယခုအခါ ကျယ် ကျယ် ပြန့်ပြန့် သုတေသနပြုလျှက်ရှိကြပါသည်။

(၃) လူတို့သည် တဦးနှင့်တဦး သင်ယူပုံခြင်းမတူကြပါ၊   စီမံခန့်ခွဲမှုပညာရှင် Peter  Drucker  က တချို့မှာ စာဖတ်ရင်းသင် ယူကြသည်၊ တချို့က ဟောပြော Lecture  ပေးရင်း သင်ယူကြသည်၊ တချို့ကနားထောင်၍လည်ကောင်း၊ တချို့က စာကို ဖတ်လျှင်လည်းကောင်း ပို၍သင်လွယ်တတ်လွယ်သည်ဟု ရေးခဲ့သည်။ ဥပမာ ၀င်စတန်ချာချီမှာ စာရေးရင်း သင်ယူသည်။

ကျောင်းဆရာများအဖို့ ကလေးများကို သင်ကြားပို့ချရာတွင် စာရွက်ပေါ်တွင်ရေးထားသော စာများနှင့်အတူ  ရုပ်ပုံများ၊ အ သံနှင့် ရုပ်ရှင် အမျိုးစုံလင်သမျှ စုံအောင်နည်းပေါင်းစုံဖြင့် သင်ကြားပို့ချလျှင်ပို၍ ထိရောက်ကြောင်း သိကြပါသည်။ ထိုနည်း တူ သကြား၊ ညစ်ညမ်းသော ရုပ်ပုံများ၊ တယ်လီဗီးရှင်း စသည့်ကိုလူတိုင်းကြိုက်နှစ်သက်ကြပါသည်။ သို့ပါသော်လည်း ထို အရာများက လူကိုကောင်းကျိုးပေးချင်မှ ပေးပါလိမ့်မည်။

၂၀၀၈ ခုနှစ်က ပြုလုပ်သော သုတေသနတခုက တပည့် များကိုပညာသင်ကြားရာတွင် ထိရောက်မှုမှာ သင်ကြား မှုပုံစံပေါ် တွင် မူတည်မှုမရှိကြောင်း သက်သေထုတ်ပြန်နိုင်ခဲ့ကြသည်။ သင်ယူလိုမှု စိတ်အားထက်သန်မှုကဲ့သို့သော အခြားအ ကြောင်းအရာများပေါ်တွင်သာ မူတည်နေဟန်ရှိသည်။

(၃) ကမ္ဘာကြီးတွင် လူဦးရေ ဆတိုးပွားမှုများ ကြောင့် လူ့အမျိုးအနွယ်သည် အဆုံးသတ်သွားရမည်၊ ၁၇၉၈ ခုနှစ်က Malthus ပြောခဲ့သော ကမ္ဘာကြီးသည် တချိန်တွင် တိုးပွားလာသော လူဦးရေကို အထောက်အပံ့ ပေးနေနိုင်မည်မဟုတ်ဟုရေးသားခဲ့သည်။

ကမ္ဘာ့လူဦးရေ ဆတိုးပွားမှုများသည် ဆိုခြင်းမှာ မမှန်ကန်ပါ  ကမ္ဘာ့လူဦးရေမှာ ၁၉၆၅ ခုနှစ်မတိုင်မီက တိုးပွားခဲ့ သောနှုန်း၏ တ၀က်နှုန်းဖြင့်သာ တိုးပွားနေပါသည်။ ၂၀၅၀ ခုနှစ်တွင် ကမ္ဘာ့လူဦးရေမှ သန်းထောင်ပေါင်း ၉.၇ မျှ ရှိလာပါလိမ့်မည်။ ကုလ သမဂ္ဂထုတ်ပြန်ချက်များတွင် ကမ္ဘာ့စားနပ်ရိက္ခာသည် တိုးပွားလာသော လူဦးရေကို အလုံအလောက် ကျွေးထားနိုင်ပါသည်၊   လူတို့ထုတ်လုပ်သော အစားအစာမှာ လူဦးရေ သန်းထောင်ပေါင်း ၁၀၊ ၁၂ဘီလီယံအထိ အလွယ်တကူ လုံလောက်ပါသည်။ သို့တိုင် ကမ္ဘာပေါ်တွင် ဆာလောင်မှုများ အဟာရချို့တဲ့မှုများရှိနေသည်မှာလည်း အမှန်ပင်ဖြစ်ပါသည်။ လူတို့ထုတ်လုပ် သမျှ၏  ၅၅% မှာ တိရစ္ဆာန်အစာများအဖြစ်လည်းကောင်း၊  လောင်စာထုတ်လုပ်ခြင်း၊ အခြားလူသုံးကုန် အရာဝတ္ထုများထုတ် လုပ်ခြင်း တို့ အတွက် အသုံးချနေကြရပါသည်။   ကျန်ရှိသမျှမှာလည်း အညီအညာ ခွဲဝေပေး  ခြင်းမဟုတ်၊ ချမ်းသာသူတွေက အလျှံပယ်ရနေကြပြီး ဆင်းရဲသူတို့က မလောက်မငှရရှိနေကြပါသည်။ သောက်သုံးရေမှာလည်း မလုံမလောက်ဖြစ်သည်ဟု မဆိုနိုင်ပါ။ အစားအစာ များခွဲဝေသုံးစွဲမှု မမျှတခြင်းသာရှိတတ်ပါသည်။

လူဦးရေထပ်တူသိပ်သည်းနေခြင်းမှာ ပြဿနာမဟုတ်ပါ၊  လူတွေမှာ ဆင်းရဲချမ်းသာ ကွဲပြားနေမှုသည်သာ ပြဿနာ ဖြစ်နေ ပါ၏။ လူမှုရေးပညာရှင်များနှင့် ဇီဝဗေဒ ပညာရှင်များမှာ တဦးနှင့် တဦး အပြစ်ပုံချနေကြခြင်းသာရှိပါသည်။ ချမ်းသာသူများ အတွက် လိုသမျှရနေသော စီးပွားရေးစနစ်ကိုသာ အပြစ်တင်ရန်ရှိပါသည်။

(၄) လူတို့ အိုမင်းကြရခြင်းမှာ ကိုယ်ခန္တာအတွင်းတွင် လူတို့အစာချက်လုပ်ရာမှ (Metabolism) ထွက်လာသော ဖရီးရာဒီ ကယ်များကြောင့်ဖြစ်သည်။ တခါတုံးက ဆေးကြော်ငြာတခုတွင် “မနက်ဖြန်တွင် သင်သည် ယနေ့ထက် ပို၍နုပျိုစေရမည်” ဟု ကြော်ငြာခဲ့ဘူးသည်။  ဖရီးရာဒီကယ်ဆိုသည်မှာ မော်လီကျူးများမှ ရှိရမည့် အီလက်ထရွန် အရေအတွက်အပြည့်မရှိသော ဓါတ်ပြုလွယ်သည့် အိုင်းယွန်းများကို ခေါ်ခြင်းဖြစ်သည်။  ဖရီးရာဒီကယ်သည် လူ့အတွက်မကောင်း၊ သို့ပါသောကြောင့် ထို အရာများကို ဖျက်ဆီးပစ်မည့် Anti Oxidant များပါဝင်သည့် Vitimin C နှင့် အသီးအရွက်များတွင်ပါသည့် Beta Carotene  ဆေးများကိုစားရမည်ဟု တခါကရေပန်းစား ခဲ့ဘူးသည်။ သို့မဟုတ် ဤသည်မှာ အသက်ရှည်စေမည့် လျှို့ဝှက်ချက်ဟုလည်း ယုံကြည်ခဲ့ကြဘူးသည်။

သက္ကရာဇ် ၂၀၀၀ ခန့်က ခေတ်စားခဲ့သော ထိုအယူအဆအရ ဗီဇနည်းများဖြင့် ပြုပြင်ထားသော ကြွက်များ (Genetically  Modify) ၏ကိုယ်တွင် ဖရီးရာနီကယ်များကို များပြားအောင်ထားပြီး စမ်းသပ်မှုများပြုလုပ်ကြပါသည်။  ထိုကြွက်များ၏ သက် တမ်းမှာ ပုံမှန်သာဖြစ်သည်။ နောင်တွင် ဖရီးရားနီကယ်များကိုသတ်ရန်  ဆေးများမှာ  ကျန်းမာရေးလေ့ကျင့်ခြင်းမှ (Exercise) ရရှိသော အကျိုးကျေးဇူးများကိုပင် ချေဖျက်နေကြောင်း တွေ့ရှိကြရသည်။ ထိုထက်ပို၍ အသက် အန္တရာယ်ကို ပင်ဖြစ်စေနိုင်သည်။
 
သို့တိုင်  Anti Oxidant  ဒြဗ်ပေါင်း ထုတ်လုပ်သည့် လုပ်ငန်းများကို မထိခိုက်စေခဲ့ပေ။ ၂၀၁၃ တွင် ဒေါ်လာသန်း ၂.၁ ဘီလီယံရှိခဲ့သည့် ထိုလုပ်ငန်းများမှာ ၂၀၂၀ တွင်  ၃.၁ ဘီလီယံအထိ  တိုးပွားလာမည်ဟု ခန့်မှန်းကြသည်။ ထို့ကြောင့် Anti Oxidant  စားသုံးခြင်းဖြင့် အိုမင်းခြင်းကို တားဆီးနိုင်သည်ဆိုသော ဆောင်ပုဒ်ဖြင့် စီးပွားဖြစ်နေသူများက လူပေါင်းမြောက်များ စွာကို  ထင်ရောင်ထင်မှားဖြစ်စေခဲ့ကြပါသည်။

နောက်ပိုင်းတွင် သိလာရသည်မှာ ဖရီးရားဒီကယ်များသည် ဆဲလ်များကို ပျက်စီးစေသည်မှာမှန်၏။  သို့ပါသော်လည်း ဖရီးရာ ဒီကယ်များ ထွက်ပေါ်ရခြင်းမှာ လူတို့၏ စိတ်ဓါတ်ဖိစီးမှုကို တုန့်ပြန်သော သဘာဝ နည်းလမ်း ဖြစ်သည်ဟုနားလည်ခဲ့ကြပါသည်၊ တနည်းဆိုသော် ၎င်းတို့သည် လူတို့ကျန်းမာရေးအတွက် လိုအပ်ချက်တခု ဖြစ်နေပြန်ပါသည်။ ထိုအချိန်တွင် သုတေသန ပညာရှင်များအဖို့ အချိန်နှင့်ငွေ အမြောက်အများ ကုန်ဆုံးပြီးဖြစ်နေပါသည်။
 
လူတို့၏သဘောမှာ မိမိတို့ယုံကြည်မိသောအရာကို စွဲစွဲမြဲမြဲ ယုံကြည်လေ့ရှိသည်၊ လူတို့၏အစွဲကိုအလွယ်တကူ စွန့်ပစ်ရန် မဖြစ်ပါ။ သိပ္ပံနည်းကျ လေ့လာစမ်းသပ်ချက်များမှာ အရေအတွက် တိုးပွားလာလျက်ရှိရာ ထိုအချက် အလက် မြောက်များစွာ ထဲမှ အမှန်ကို ထုတ်ယူရန်မှာ ပိုမိုပြီးခက်ခဲလာတတ်ပါ သည်။

ကိုသန်းလွင်

Ref: Myths that will not die by Megan Scudellari, Nature 12, December 2015