ဇာနီကြီး - ပြုပြင်ပြောင်းလဲရေး စံနမူနာ

ဒီဇင်ဘာ ၁၀၊ ၂၀၀၂ ခုနှစ်က နိုဘယ်ငြိမ်းချမ်းရေးဆု လက်ခံရယူနေသည့် အတိုက်အခံပါတီ ပထမဆုံးသမ္မတ ကင်ဒေးဂျုံ (Kim Dae-jung :1998-2003) - Photo credit : AP

ဇာနီကြီး - ပြုပြင်ပြောင်းလဲရေး စံနမူနာ
(မိုးမခ) မတ် ၉၊ ၂၀၁၆
လာဘ်စားမှု (အစိုးရထိတ်တန်းခေါင်းဆောင်များ အဂတိလိုက်စားမှု) အလွန်ကြီးမားနေတဲ့ ၁၉၉၈ခုနှစ်မှာ အတိုက်အခံခေါင်း ဆောင်အဖြစ် အသက် (၇၄) အရွယ်မှာ သမ္မတ ရွေးချယ်ခံလိုက်ရပါတယ်။ သူဟာ အသက် ၃၂ နှစ်အရွယ်ကတည်းက အရပ်သားနိုင်ငံရေးသမား လွှတ်တော်အမတ်ဖြစ်လာခဲ့ပါတယ်။ စစ်တပ်ဗိုလ်ချုပ်ကြီးများရဲ့ပါတီကို အတိုက်ခံနိုင်ငံရေး လုပ် လာခဲ့တာ သမ္မတရွေးပွဲတွေလဲဝင်ပြိုင်ရင်း အသက်ကြီးတော့ နိုင်ငံရေးစွန့်လွှတ်ခဲ့ပါတယ်။ ဥရောပတိုက်မှာ တက္ကသိုလ် ပါမောက္ခ အလုပ်လုပ်ကိုင်ရင်း မမျှော်လင့်ပဲ တောင်ကိုးရီးယားရွေးကောက်ပွဲကို နိုင်မယ်လဲမထင် ပါဝင်ယှဉ်ပြိုင်ရင်း အရွေးခံ လိုက်ရတာပါ။ တောင်ကိုးရီးယားအစိုးရကလည်း တရားမျှတတဲ့ ရွေးကောက်ပွဲလုပ်ပေးတာကြောင့်ပါ။

သူရဲ့ နိုင်ငံရေးသမားဘဝမှာ အာဏာရစစ်ဗိုလ်ချုပ်ကြီးများရဲ့ ပါတီက ဖမ်းဆီးထောင်ချတဲ့အပြင်၊ သေဒဏ်ချမှတ်ခြင်းလဲ ခံရ ပါတယ်။ ပြည်တွင်း ပြည်ပခရီးစဉ်တွေမှာလဲ မြန်မာနိုင်ငံက ထောက်လှမ်းရေးလိုအဖွဲ့တွေက လုပ်ကြံခံရမှုတွေများစွာက လွတ်မြောက်လာသူဖြစ်ပါတယ်။ မြန်မာပြည်က ဒေါ်အောင်ဆန်းစုကြည်လိုပဲ အတိုက်ခံနိုင်ငံရေးပါတီအဖြစ် နှစ်ပေါင်းများစွာ ထောင်ကျ၊ နှိပ်ကွပ်ခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လိုပဲ ငြိမ်းချမ်းရေးနိုဘယ်ဆု ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လိုပဲ အသက် (၇၀) ကျမှ နိုင်ငံကို အုပ်ချုပ်ခွင့် ရရှိခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လိုပါပဲ သမ္မတဦးသိန်းစိန် အစိုးရက တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးပြီး ဒေါ်အောင်ဆန်းစု ကြည် အနိုင်ရရှိခဲ့သလိုပါပဲ။ သမ္မတကင်ဒေးဂျုံကလည်း သူ့အရင် သမ္မတကင်ယုံဆမ်းရဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲကျင်း ပပေးပြီး မဲလိမ်မဲခိုးမှုတွေ နည်းပါးအောင်စေလို့ အနိုင်ရရှိ သမ္မတဖြစ်လာတာပါ။ စစ်ဗိုလ်ချုပ်ဟောင်းများရဲ့ အာဏာရ ပါတီ ကလည်း အာဏာလွှဲပေးလိုက်ပါတယ်။

ဒါတွေကတော့ မြန်မာအတိုက်ခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တောင်ကိုးရီးယား အတိုက်ခံခေါင်းဆောင် ကင်ဒေ ဂျုံတို့ တူညီမှုများစွာ ဖြစ်ပါတယ်။

အသက် (၇၀) ကျော် အရွယ်၊ နှစ်ပေါင်း၂၀ ကျော် ထောင်ချ၊ ညှဉ်းပမ်းနှိပ်စက်ခြင်း၊ အသက်ကိုပင် လုပ်ကြံခြင်း၊ ရွေးကောက်ပွဲ မသမာမှုများ အလုပ်ခံခဲ့ရခြင်း၊ ငြိမ်းချမ်းရေး နိုဘယ်ဆုရရှိခြင်း၊ အရပ်သား အတိုက်ခံဖြစ်ခြင်း ..စတဲ့ တူညီတဲ့အချက်များစွာ ရှိနေပါတယ်။

သူသမ္မတအဖြစ်အုပ်ချုပ်စဉ်မှာ တောင်ကိုးရီးယားမှာ အဂတိလိုက်စားမှုအရမ်းများပြားလွန်းလို့ သမ္မတဟောင်း (၂) ယောက် ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း (၂) ဦး ချန်ဒူးဝမ်နဲ့ ရိုတေဝူးတို့ကို အာဏာအလွဲသုံးမှု၊ လာဘ်စားမှုနဲ့ ဖမ်းဆီးထောင်ချ သေ ဒဏ်ချမှတ်ထားတဲ့ကာလဖြစ်ပါတယ်။ သမ္မတ ကင်ဒေးဂျုံ အဲဒီသမ္မတဟောင်း (၂) ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ပါတယ်။

● ဒေါ်အောင်ဆန်းစုကြည် အတုယူစရာ ကင်ဒေဂျုံအစိုးရ
သမ္မတကင်ဒေးဂျုံ လက်ထက်မှာ နိုင်ငံတော်အာဏာနဲ့ အရေးပါတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ ကဏ္ဍတွေမှာ စစ်ဗိုလ်ချုပ်ကြီး ဟောင်းများနဲ့ သူတို့ရဲ့ ခရိုနီများကပဲ ချယ်လှယ်နေတဲ့ကာလ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံအခြေအနေလိုပါပဲ။ မြောက်ကိုး ရီးယား စစ်ရေးခြိမ်းခြောက်မှုကလည်း မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အရေးအခင်းထက်ကိုပိုပြီး ခက်ခဲလှပါတယ်။ တရုတ်ပြည်ရဲ့ ခြိမ်းခြောက်မှု အမြဲစိုးရိမ်နေတဲ့ကာလပါပဲ။

ဒေါ်အောင်ဆန်းစုကြည်အစိုးရလည်း ကင်ဒေဂျုံအစိုးရရဲ့ နည်းလမ်းများကို အသုံးချရမှာပဲ ဖြစ်ပါတယ်။ သမ္မတဦးသိန်းစိန် အစိုးရကတော့ သူလေးစားအတုယူတဲ့ စစ်အာဏာရှင် သမ္မတပတ်ချုံဟီး (၁၉၆၂-၁၉၇၉) ရဲ့နည်းလမ်းများကို အသုံးပြုပြီး အခြေခံ ဒီမိုကရေစီဖောင်ဒေးရှင်းတွေ လုပ်ခဲ့မှာပါ။ မြန်မာအစိုးရ အကြီးတန်းအရာရှိကြီးများစွာကို တောင်ကိုးရီးယားနိုင်ငံ လနဲ့ချီပြီး လေ့လာရေးလွှတ်ပါတယ်။ တောင်ကိုးရီးယား အစိုးရကလည်း အများကြီး အကူညီပေးပါတယ်။

တောင်ကိုးရီးယားနိုင်ငံ အခုလိုကမ္ဘာ့ထိတ်တန်းနိုင်ငံဖြစ်လာရခြင်းရဲ့ အခြေခံအကြောင်းတွေ များစွာရှိပါတယ်။ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကတော့ သူ့ရဲ့ အမေရိကန်ခရီးစဉ် အင်တာဗျူးမှာ သူလေးစားအတုယူရသူကတော့ လုပ်ကြံခံရတဲ့ သမ္မ တပတ်ခြုံဟီးလို့ ပြောပါတယ်။ ... အခြေခံကတော့ ဟုတ်နိုင်ပါတယ်။ အခု သမ္မတဦးသိန်းစိန် လေးစားအတုယူတဲ့ ပတ်ခြုံဟီး ရဲ့သမီးဖြစ်သူ တောင်ကိုးရီးယား အမျိုးသမီးသမ္မတဖြစ်နေပြီး တောင်ကိုးရီးယား တကယ့်ပြုပြင်ပြောင်းလဲရေးလုပ်ခဲ့တဲ့ ကင် ဒေဂျုံအစိုးရလိုပဲ မြန်မာပြည်မှာ ဒေါ်အောင်ဆန်းစုကြည်အစိုးရရွေးကောက်ခံရပါပြီ။

မတူတာကတော့ ကင်ဒေးဂျုံ ပြုပြင်ပြောင်းလဲတဲ့အချိန် တောင်ကိုးရီးယားပါလီမန်မှာ ၂၅ ရာခိုင်နှုန်း စစ်တပ်အမတ် မရှိပါ ဘူး။ မဲလိမ် အနိုင်ယူထားတဲ့ စစ်ဗိုလ်ဟောင်း အမတ်များစွာ ၂၅ ရာခိုင်နှုန်းမကရှိနေတဲ့ ကာလဖြစ်ပါတယ်။

● ကင်ဒေးဂျုံ၏ အောင်မြင်မှုများ
၁။ စီးပွားရေး၊ အရင်အစိုးရ စီးပွားကပ်ဆိုက်ပြီး ၁၉၉၈မှာ ဂျီဒီပီ ၅.၂ ရာခိုင်နှုန်းပဲရှိရာကနေ သမ္မတကင်ဒေးဂျုံ ပထမနှစ် ၁၉၉၉ မှာ ဂျီဒီပီ ၁၀.၅ ရာခိုင်နှုန်းအထိ တိုးတက်လာပါတယ်။ နှစ်စဉ်လည်း တောင်ကိုးရီးယား အမျိုးသားထုတ်ကုန် တဟုန် ထိုး တိုးတက်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရ၊ ဌာနဆိုင်ရာများရဲ့ အဂတိလိုက်စားမှုတွေကို အစိုးရက ဝက်ဆိုဒ် တစ်ခုလုပ်ပြီး ပြည်သူတွေ၊ အဖွဲ့အစည်းတွေကို တရားဝင်တိုင်တန်းစေပါတယ်။ အမှုတွေကို တကယ်တရားမျှတစွာ ကိုင် တွယ် အပြစ်ပေး၊ အရေးယူပါတယ်။ ကုမ္ပဏီကြီးများ မထိခိုက်စေပဲနဲ့ SME အသေးစား၊ အလတ်စားများမြှင့်တင်ပေးတဲ့ ပေါ်လစီ အောင်မြင်စွာဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

၂။ ဆင်းရဲတဲ့ တောင်ကိုးရီးယားလူမျိုးများအတွက် လူမှုဖူလုံရေး (ပညာရေး၊ ကျန်းမာရေး၊ စားဝတ်နေရေး) စီမံကိန်းကို စတင်လုပ်ဆောင်ပေးခဲ့ပါတယ်။

၃။ ၂၀၀၂ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို ဂျပန်နဲ့ တောင်ကိုးရီးယား ပူးတွဲကျင်းပနိုင်ပီး တောင်ကိုးရီးယားဘောလုံးအသင်း စတ္တုထ္ထဆု ရရှိခဲ့ပါတယ်။

၎။ ငြိမ်းချမ်းရေးအတွက် မြောက်ကိုးရီးယားနဲ့ Sunshine Policy လုပ်နိုင်လို့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရရှိခဲ့ပါတယ်။

သမ္မတ (၅) နှစ်လုပ်ပြီး တရားမျှတတဲ့ စနစ်တစ်ခုကို အကောင်ထည်ဖေါ်ခဲ့ပြီး၊ အသက် (၇၉) နှစ်အရွယ်မှာ အနားယူပါတယ်။ အသက် (၈၅) နှစ်အရွယ်မှာ ကွယ်လွန်ပါတယ်။ ကင်ဒေးဂျုံဟာ ဘုရားအလွန်ကိုင်းရှိုင်းတဲ့ ရိုမင်ကာသိုလစ် ခရစ်ယာန်ဘာ သာဝင်ဖြစ်ပါတယ်။

● အင်အယ်ဒီနဲ့ တပ်မတော် ညွန့်ပေါင်းအစိုးရ
တောင်ကိုးရီးယားပုံစံကနေ အတုယူစရာများရှိမှာဖြစ်ပါတယ်။ တရုတ်အစိုးရ ပုံစံအတုယူထားတဲ့ မြန်မာအစိုးရအခြေအနေနဲ့ ၂၅ ရာခိုင်နှုန်း စစ်တပ်ပါလီမန်အမတ်များ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ ဘိန်းမူးယစ် ဝိသမလုပ်ငန်းရှင်များ စသဖြင့် ရှုပ်ထွေးတဲ့ မြန်မာနိုင်ငံရေးကို မေတ္တာနဲ့ ရင်ကြားစေ့စပ်ခြင်း လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ စောင့်မျှော်ရင်း မြန်မာပြည်သူ လူထု တစ်ဦးစီ ပြုပြင်ပြောင်းလဲနိုင်ရင် တိုင်းပြည်ပြုပြင်ပြောင်းလဲရေးလည်း အောင်မြင်မယ်လို့ မျှော်လင့်ပါတယ်။

ဇာနီကြီး