ဦးဝင်းဖေ - မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ကလောင်အမည်ခွဲတခု (မှားသလား မှန်သလား)



ဦးဝင်းဖေ - မောင်လင်းယုန် (ရှမ်းပြည်) ရဲ့ ကလောင်အမည်ခွဲတခု (မှားသလား မှန်သလား)

(မိုးမခ) မတ် ၁၈၊ ၂၀၁၆

မောင်လင်းယုန်ကွယ်လွန်တော့ သူ့မိတ်ဆွေ သူငယ်ချင်းများက အလွမ်းစာတွေရေးကြတယ်။ စာတပုဒ်ထဲမှာ မောင်လင်းယုန်ရဲ့ ကလောင်အမည်ခွဲတခုက ကေသီလှိုင်တဲ့။ ကေသီလှိုင်ရဲ့ကဗျာတပိုဒ်က အခြေခံပညာကျောင်းသုံးစာအုပ်ထဲမှာ ပါဖူးတယ်။ (သံသယ)တဲ့။ “ စစ်ယွန်းသူ- ကဗျာတပိုဒ်ပါ။ မောင်စွမ်းရည်က သူ့သူငယ်ချင်းအရိုင်း( ရွှေမန်းညာမြေ)၊ အမည်ရင်း ခင်စုလှိုင်-ဆိုတာ ရန်ကုန်တက္ကသိုလ်ကို ပြောင်းသွားပြီး ကေသီလှိုင် ကလောင်အမည်ခံ( ) လို့ရေးခဲ့တော့ ပြဿနာရှုပ်သွားပါလေရော။

မောင်လင်းယုန်၊ မောင်စွမ်းရည်၊ ခင်စုလှိုင်တို့ဟာ ကျောင်းသားတပ်ဦး၊ ကျောင်းသားသမဂ္ဂရဲဘော်ရဲဘက်တွေပါ ခင်ကြမင်ကြပါတယ်၊ စာပေသမားတွေလဲဖြစ်ကြပါတယ်။ ဒါပေမယ့် ခုအခါမောင်စွမ်းရည်က အသက် ရှစ်ဆယ်ထဲရောက်နေပြီး မေ့တတ်လျှော့တတ်နေပါတယ်။ အသက်ကြီးတော့ အတိတ်လွမ်းရောဂါနဲ့ အမှတ်တရ စာတွေချည်းရေးနေပါတယ်။ သူ့အမှတ်ရတာတွေက တခါတရံ တလွဲတွေဖြစ်နေပါတယ်။ မကြာခင်ကပဲ သူ့သူငယ်ချင်း ခင်စုလှိုင်အကြောင်း ရေးပါတယ်။ အရိုင်း( ရွှေမန်းညာမြေ) ကလောင်အမည်နဲ့ မန်းတက္ကသိုလ်မှာ ကဗျာရေးခဲ့တယ်။ ရန်ကုန်ရောက်မှ ( ကေသီလှိုင်) ဖြစ်သွားတယ်လို့ ရေးမိခဲ့ပါတယ်။ မှားပြီလား “လှိုင်” ပါတော့ ငါတို့ရဲ့ “လှိုင်” လို့ ထင်မိမှားခဲ့တယ်။ မောင်လင်းယုန်က “ စစ်မုန်းသူ” ကဗျာစုမှာ သူ့သူငယ်ချင်း ခင်စုလှိုင်ရဲ့ ကလောင်အမည်နဲ့ သူကြားတဲ့ ကဗျာ မောင်လင်းယုန်ရဲ့ ကဗျာကို ထည့်ခဲ့တာလို့ ရန်ကုန်ကို မောင်စွမ်းရည်ရောက်တော့ ပြောသံကြားမိလိုက်တယ်။

တင်မိုးက ကျောင်းသုံးစာအုပ် ကော်မတီမှာ ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်ကို ခေါ်လို့ပါခဲ့တော့- အတွင်းသိပါ။ သူ့အရင်က ဆရာမဒေါ်အုန်းခင် ကဗျာဆရာမ နွယ်(စစ်တွေ) ပါခဲ့တယ်။ ကဗျာရွေးတာက သူတို့ရွေးခဲ့ကြတာ။ မောင်စွမ်းရည်က နွယ်(စစ်တွေ) အငြိမ်းစားယူသွားမှ ကျောင်းသုံးစာအုပ်ကော်မတီမှာ အတွင်းရေးမှူးဖြစ်လာခဲ့တာပါ။ ဒါကြောင့် သူ့အရင်ကဟာတွေ သေချာမသိ၊ တင်မိုးက သိတယ်။ ဒါ့ကြောင့် မောင်စွမ်းရည်ကို တင်မိုးက ကေသီလှိုင်ဟာ ခင်စုလှိုင် မဟုတ်ဖူးလို့ ပြောခဲ့ပေမယ့် ခုအခါ အဖိုးကြီးဖြစ်လာတော့ မောင်စွမ်းရည်က တင်မိုးပြောခဲ့တာကို မေ့သွားခဲ့ပြီ။ မောင်လင်းယုန်နဲ့ နောက်သလို ပြောင်သလိုပြောခဲ့တာတွေက သူ့ခေါင်းကြပ်သွားပုံရတယ်။

 ဟော ခုတော့ ကောင်းသေးရဲ့။ မှားတာသေချာရင် ပြင်ရမှာပေါ့။ ဒါပေမယ့် (၁) မောင်လင်းယုန်က သူ့ကဗျာကိုပဲ ကေသီလှိုင်နာမည်နဲ့ ထည့်သလား။ (၂) ကေသီလှိုင်ရဲ့ ကလောင်နာမည်ခွဲက အဲဒါ မသေချာပါ။ အရိုင်း(ရွှေမန်းညာမြေ) ဆိုတာကတော့ မခင်စုလှိုင်ရဲ့ ကလောင်နာမည်အစစ်ပါ။ ကဲ မခင်စုလှိုင်ရေ.. ကေသီလှိုင်ဆိုတာ မောင်လင်းယုန်ပါလို့ ရေးတာဟာ မောင်လင်းယုန်ကိုယ်တိုင်မဟုတ်တော့ မှားနိုင်ပါသေးတယ်။ ဒီစာကိုဖတ်ရင် မိုးမခက ရှင်းပေးပါလား။ (ကေသီလှိုင်ကို ရန်ကုန်တက္ကသိုလ်မှာ ၂၀၁၅ နိုဝင်ဘာက ရှာခဲ့တာ မတွေ့ခဲ့ရ)

ဦးဝင်းဖေ
ယခင်-မြန်မာစာသင်ရိုးအဖွဲ့ အတွင်းရေးမှူ
အခြေခံပညာကျောင်းသုံးစာအုပ်ကော်မတီ