စာရေးဆရာ ညီနောင်( Humber) ၏ လူမျိုးတုံး သတ်ဖြတ်ခြင်း ခေတ်ကာလ သို့မဟုတ် ငရဲခန်းက ပြဿနာ စာအုပ်သစ် မိတ်ဆက်



စာရေးဆရာ ညီနောင်( Humber) ၏ လူမျိုးတုံး သတ်ဖြတ်ခြင်း ခေတ်ကာလ သို့မဟုတ် ငရဲခန်းက ပြဿနာ စာအုပ်သစ် မိတ်ဆက်

ရန်နောင်(ဗိုလ်တထောင်) ၊ မိုးမခ၊ မတ် ၂၃၊ ၂၀၁၆

စာရေးဆရာ ညီနောင် ( Humber ) ၏ လူမျိုးတုံးသတ်ဖြတ်ခြင်း ခေတ်ကာလ သို့မဟုတ် ငရဲခန်းက ပြဿနာ စာအုပ်သစ် မိတ်ဆက်ပွဲကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ၊ရွှေဂုံတိုင်ရှိ တော် ဝင်နှင်းဆီခန်းမတွင် ၂၁- ၃- ၂၀၁၆ (တနင်္လာနေ့) နေ့လယ် ၁ နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။

ထိုစာအုပ်မိတ်ဆက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နာယကကြီး သူရဦးတင်ဦး၊ စာရေးဆရာချစ်ဦးညို၊ ၈၈ မျိုးဆက် ငြိမ်းပွင့်မှ ဦးမြအေး နှင့် စာရေးဆရာဘလော့ဂါနေဘုန်းလတ် တို့မှ မုဒိတာစကား အသီးသီး ပြောကြားခဲ့ကြသည်။


နာယကကြီး ဦးတင်ဦးမှ ပြောကြားရတွင် ` ကျနော် စာအုပ်မိတ်ဆက်ပွဲတွေမှာ လာရောက်လေ့ပြောလေ့ မရှိပါဘူး။ ကျနော်က စာပေသမားလည်း မဟုတ်ပါဘူး။ စာမရေးတတ်တဲ့ပုဂ္ဂိုလ်အနေနဲ့ ပြောရတာ အားနာပါတယ်။ ကျနော် စာရေးဆရာ ကိုဖိုးစိုင်းတို့ ကို ကျေးဇူးတရား ရှိလို့ လည်း လာခဲ့တာပါ။ ပြောမဲ့ပုဂ္ဂိုလ်တွေထဲမှာ ဆရာဦးချစ်ဦးညိုတို့လို ပုဂ္ဂိုလ်မျိုးတွေ ပါတော့ ငါ အားပါးတရ နားထောင်လိုက်ဦးမယ်၊ အပြီးအထိ နားထောင်လိုက်ဦးမယ် ဆိုပြီးလာတာပါ အစရှိသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက် ဘလော့ဂါ နေဘုန်းလတ်က ပြောကြားရာတွင် ` ကျနော်တို့ ဆရာမမသီတာနဲ့၊ ဆရာမ ခင်မြဇင်တို့နဲ့ ကနေဒါကိုရောက်တဲ့ အချိန်မှာ စာရေးဆရာညီနောင်နဲ့ တွေ့ပါတယ်။အဲဒီတုန်းက သူ ပထမစာအုပ်ကို ထုတ်ဖို့ ပြင်နေတဲ့အချိန်ပါ။ အဲဒီတုန်းက သူနဲ့တွေ့ရတာ အတော်လေးကို ကျေနပ်မိပါတယ်။ ညီနောင်လို ကိုယ့်နိုင်ငံအတွက် စဉ်းစားပြီး ကိုယ်ဖတ်မှတ်လေ့လာထားတာတွေကို ရေးသားတဲ့အတွက် ပီတိဖြစ်ရပါတယ် ´ ဟု ပြောကြားခဲ့သည်။


၈၈ ငြိမ်းပွင့်မှ ဦးမြအေးက ပြောကြားရာတွင် `ဒီ စာအုပ်သည် နိုင်ငံရေးသမားများအတွက် အထောက်အကူပေးတဲ့ စာအုပ်တအုပ် အဖြစ် ကျနော်ညွှန်းချင်ပါတယ်´ ဟု ပြောကြားခဲ့သည်။

စာအုပ်စီစဉ်သူဦးကိုကိုနိုင်မှလည်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။


စာရေးဆရာချစ်ဦးညိုကလည်း ပြောကြားရာတွင် ` ကမ္ဘာကြီးပေါ်မှာ နောက်ထပ် ဒီလို လူမျိုးတုံးသတ်ဖြတ်မှု မျိုး မပေါ်ပေါက်စေတဲ့စေတနာ စာရေးသူမှာ ရှိနေပါတယ် ´ ဟု ပြောကြားခဲ့သည်။

Samantha Power ၏ A Problem from Hell: America and the Age of Genocide အား ဘာသာပြန်ဆိုထားသော လူမျိုးတုံးသတ်ဖြတ်ခြင်း ခေတ်ကာလ သို့မဟုတ် ငရဲခန်းက ပြဿနာ စာအုပ်ကို ကိုထိုက် နှင့် ဆရာလွမ်းေ ဝနိုင်တို့မှ အမှာစာရေးထားပြီး ကိုကိုနိုင် က စီစဉ်ကာ ချစ်ပိုင်၏ မျက်နှာဖုံးဒီဇိုင်းဖြင့် ဦးဘုန်းဇော် (အရှေ့ဘက်ကောင်းကင် စာပေ )မှ ထုတ်ေ ဝ ဖြန့်ချိလိုက်ပြီ ဖြစ်သည်။ တန်ဖိုးမှာ ၉၅၀၀ ကျပ်ဖြစ်သည်။ ဘာသာပြန်သူ စာရေးဆရာ ညီနောင် ကိုယ်တိုင်လည်း အမှာစာရေးထားသည်။

စာရေးဆရာ ညီနောင် ( Humber ) သည် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ` ၂၁ ရာစု လူမျိုးတုံးသတ်ဖြတ်မှုပြဿနာ၊ နာခံမှု အန္တရာယ် နှင့် စတန်းဖို့ဒ် အကျဉ်းထောင် စမ်းသပ်ချက် ´ ဆောင်းပါး ၃ ပုဒ်အား စုစည်းတင်ပြခဲ့ပြီး ယခု စာအုပ် ` လူမျိုးတုံးသတ်ဖြတ်ခြင်း ခေတ်ကာလ သို့မဟုတ် ငရဲခန်းပြဿနာ စာအုပ်အား ထုတ်ေ ဝပြီး တတိယမြောက် စာအုပ်ဖြစ်သည့် ` အန်းဖရန့်ခ်နှင့် မှောင်မိုက်သောနေ့စွဲများ ´ စာအုပ်ကိုလည်း ထုတ်ေ ဝရန်ပြင်ဆင်နေကြောင်းနှင့် ယခုစာအုပ်မိတ်ဆက်ပွဲသို့ လာမည့် ကုန်ကျမည့်ခရီးစရိတ်ကို နောက်စာအုပ်တွင် အသုံးပြုနိုင်ရန်အတွက် ယခု စာအုပ်မိတ်ဆက်ပွဲသို့ မလာရောက်နိုင်ခြင်းဖြစ်ကြောင်းလည်း စီစဉ်သူ ဦးကိုကိုနိုင် က ပြောကြားခဲ့သည်။