MPT မှ စမတ်ဖုန်းသုံးစွဲသူများအတွက် လိုအပ်သည့်အချက်အလက် များကို တနေရာထဲ ရနိုင်သည့် `လိုတရ´ web portal စတင်

MPT မှ စမတ်ဖုန်းသုံးစွဲသူများအတွက် လိုအပ်သည့်အချက်အလက်
များကို တနေရာထဲ ရနိုင်သည့် `လိုတရ´ web portal  စတင်

ရန်နောင်(ဗိုလ်တထောင်)       မိုးမခ      မတ် ၂၀ - ၂၀၁၆


          မြန်မာနိုင်ငံ၏ ပထမဆုံးဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ( MPT ) သည် သုံးစွဲသူမိဘပြည်သူများအတွက် အတွေ့အကြုံအသစ်များကို ပေးနိုင်မည့် ပထမဆုံးသော ` လိုတရ ´ web portal ကိုစတင်လိုက်ပြီ ဖြစ်သည်။ အသုံးပြုလိုသူများ အနေဖြင့်
http://lotayamm.com တွင် သွားရောက်ရယူနိုင်ပြီ ဖြစ်သည်။
          ဤ web  portal  သည်မြန်မာပြည်ရှိ သုံးစွဲသူများ လိုအပ်သောအချက်အလက်များအားလုံး တနေရာထဲတွင် ရရှိနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်သည်။ ပြီးပြည့်စုံသောအချက်အလက်များ၊ အသုံး ဝင်မှုများကို ၂၄ နာရီပတ်လုံး လက်တချက်ထောက်လိုက်ရုံဖြင့် တနေရာထဲတွင် စုံလင်စွာရရှိနိုင်မည်ဖြစ်သည်။
          ` လိုတရ ´ကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအ ဝန်းရှိ နောက်ဆုံးရသတင်းများကို အချိန်နှင့် တပြေးညီ သိရှိစေနိုင်မည် ဖြစ်သည်။ မိုးလေ ဝသဆိုင်ရာအချက်အလက်များ၊နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT ၏ ထပ်ဆောင်း ဝန်ဆောင်မှုများ ၊ အကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်သည်။
          ဤ web portal ကို မြန်မာဘာသာစကားဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး  ပထမဆုံးစာမျက်နှာကို ဝင်ရောက် ကြည့်ရှုမှုအတွက် မည်သည့်အင်တာနက် ဒေတာဖိုးမျှ ကုန်ကျမည် မဟုတ်ပါ။

          MPT – KSGM Joint Operation ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က ` မိုဘိုင်းဖုန်းသုံးစွဲသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်။ လူတိုင်းဟာ မိုဘိုင်းဖုန်းကို အရာအားလုံးအတွက် အသုံးပြုနေကြပါတယ်။ ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်ချဲ့ပြီး သုံးစွဲသူတွေအတွက် အထူးအစီအစဉ်တွေကို အများအပြားပေးရင်း လူတိုင်းနဲ့အတူ အချိန်တိုင်းရှိနေတဲ့အခါ အမြဲရရှိနိုင်မယ့် ဝန်ဆောင်မှုကို ပေးချင်ပါတယ်။ ဒီ  wed portal က သတင်းတွေ ဖတ်ရာမှာ ၊မိုးလေ ဝသ သတင်းကြည့်တဲ့အခါ MPT ရဲ့ ဝန်ဆောင်မှုတွေ အကြောင်းကိုပါ လွယ်လွယ်ကူကူသိရှိနိုင်စေမှာ ဖြစ်ပါတယ် ´ ဟု ပြောကြားခဲ့သည်။

          Yangon Media Group မှ ဥက္ကဋ္ဌဖြစ်သူ ဦးကိုကိုက ` MPT လို မြန်မာပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာနဲ့ အတူတွဲဖက်လုပ်ကိုင်ခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။MPT portal ရဲ့ တစိတ်တပိုင်းပါခွင့်ရတဲ့အတွက် ကျေနပ်မိပါတယ်။ ရန်ကုန်မီဒီယာ ဂရုဟာလည်း မြန်မာပြည်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဦးဆောင်နေတဲ့ သတင်းအဖွဲ့အစည်းကြီးဖြစ်ပြီး စာဖတ်သူတွေဆီကို နောက်ဆုံးရသတင်းတွေနဲ့ အချက်အလက်တွေ အမြန်ဆုံးရောက်ရှိနိုင်ဖို့ နည်းလမ်းပေါင်းစုံချဲ့ထွင်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ MPT portal ဟာဆိုရင် စာနယ်ဇင်းအချက်အလက်များကို ပြည်သူလူထုဆီ ရောက်ရှိနိုင်ဖို့ အသုံးပြုတဲ့ နောက်ဆုံးပေါ်နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ ငွေကြေးအတွက် ပြုလုပ်တာ မဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို ပြည်သူလူထုဆီ သတင်းပေးနိုင်ဖို့ လုပ်ဆောင်ခြင်းဖြစ်ပါတယ်။ MPT နဲ့အတူ လုပ်ဆောင်တဲ့ ဒီတွဲဖက်လုပ်ငန်းဟာ ခိုင်မြဲရှည်ကြာတဲ့ ဆက်ဆံရေးတခု ဖြစ်မယ်လို့ ယုံကြည်ပါတယ် ´ ဟုပြောခဲ့သည်။

          Information Matrix Co.,Ltd ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ  ဦးသောင်းစုငြိမ်းကလည်း ` မြန်မာ့ အကြီးဆုံးဖုန်းကွန်ရက်ကိုပိုင်ဆိုင်တဲ့ MPT ကို သတင်းနဲ့ စာနယ်ဇင်းနယ်ပယ်မှာ ကြိုဆိုခွင့်ရတာဟာ ဒီအကျိုးတူပူးပေါင်းမှု အတွက် စိတ်လှုပ်ရှားစရာအခွင့်အရေးတခုပါပဲ။  ဆက်သွယ်ရေး အခြေခံ အဆောက်အဦး တွေဟာ အချိန်နဲ့အမျှ တိုးတက်လာတာကြောင့် ဒီပူးပေါင်းလုပ်ဆောင်မှုဟာ 7 Day News ကနေ တင်ဆက်နေတဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပြည်တွင်းပြည်ပသတင်းတွေကို  ဒစ်ဂျစ်တယ်နည်းအားဖြင့် ဖတ်ရှုသူတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်၊ဒီလို မိုဘိုင်းခေတ်ကြီးမှာ ကျေးလက်ဒေသကလူတွေတောင် ဒီ လိုတရ portal ကို အသုံးပြုပြီး နောက်ဆုံးရသတင်းတွေကို သိရှိနိုင်တော့မှာ ဖြစ်ပါတယ် ´ ဟု ပြောခဲ့သည်။
          `လိုတရ ´ နှင့်အတူ MPT ဟာ MPT ၏ ဝန်ဆောင်မှု application ( လိုတရ နှင့် google play store တို့တွင်ရရှိနိုင်မည့် ) ကိုလည်း ထားရှိပေးမည်ဖြစ်သည်။ ထိုအက်ပလီကေးရှင်း မှတဆင့် လက်ကျန်ငွေစစ်ဆေးခြင်း၊ ` လိုတရ ´ web portal ၊ မိုဘိုင်းဖုန်းအချင်းချင်း ဘီလ်လွှဲပြောင်းခြင်း၊ငွေဖြည့်ခြင်း၊ အင်တာနက် ပက်ကေ့ခ်ျ ဝယ်ယူခြင်း၊ ခေါ်သူနားဆင် တေးသံစဉ် ရယူခြင်း အစရှိသည်တို့ကို  ပြုလုပ်ကြည့်ရှုနိုင်မည် ဖြစ်သည်။