လင်းသက်ငြိမ် - ကြောင်​​ချေး

 
လင်းသက်ငြိမ် - ကြောင်​​ချေး
(မိုးမခ) ဧပြီ ၁၉၊ ၂၀၁၆

သင်​ခန်းစာကို​မေ့​လျော့သွားတဲ့ကိစ္စက
ရေးရုံနဲ့တင်​ ​အော်​ကလီဆန်​ပျို့တက်
ကြောင်​​အိမ်​​အောက်​မှာ
ကြောင်​​ချေး​ရောက်​လာရင်​ အကြီးကြီးဒုက္ခ
အိပ်​ရာထဲ ​ကြောင်​​ချေး​ရောက်​​နေရင်
ရေ​ရေလည်​လည်​ပြဿနာ
အဝတ်​​ဟောင်းပုံမှာ ပါချထားရင်​​တော့
တကယ့်​ ပြဿဒါး
မီးပျက်​​နေတဲ့ညမှာ ကြောင်​​ချေးဟာ
တ​စ္ဆေထက်​ ပို​ခြောက်​လှန့််
ကြွက်​​မုန်းလို့​ ကြောင်​​မွေးရင်
နောက်​ထပ်​အမုန်းတစ်​ခု
ထပ်​တိုးဖို့အလွယ်​က​လေးဆိုတာ မ​မေ့ပါနဲ့
ကြောင်​​ချေးဟာ ရာဇဝင်​ရှိတယ်
ကြောင်​​ချေးမှာ သမိုင်းရှိတယ်
ကြောင်​ဟာ သူ့ကိစ္စသူ​ မသိသလိုလိုနဲ့
ခြေ​ထောက်​ကို သူ့ခန္ဓာကိုယ်​နဲ့ လာတိုး​ဝှေ့​နေ
ကုတ်​က​နေဆွဲမပြီး အိမ်​​အောက်​ကိုပစ်​ချလိုက်​​တော့
ကြောင်​ကျကျပြီး ​ကြောင်​ကျသွား
မနက်​ဖြန်​ကျ မီးဖိုထဲကပြာပုံမှာ နှာ​ခေါင်း​တေ့ပြီး
ဒင်းမစင်​အတွက်​ ဒင်းကိုသင်​ကြား​ပေးရဦးမယ်​။

လင်းသက်​ငြိမ်