မောင်ကြူးရင့် - မိုးတပေါက်


မောင်ကြူးရင့် - မိုးတပေါက်
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

နေရောင်ရဲ့ဓားချက်နဲ့
ဟက်တက်ကွဲ
ပတ်ကြားအက်မြေပေါ်က
ရေငတ်ပင်တွေ
ရေငတ်ပင်တွေရဲ့ အရေပြားကို
ပန်းပဲဖိုထဲက မီးဖုတ်ဓားနဲ့ ရိုက်ထားသလို

တချို့
အမြစ်သေ ကျဆုံး

တချို့
အရွက်တုံးတိ မြင်မကောင်း

တချို့
မသေမရှင် တိုက်ပွဲဝင်
ရေငတ်ပင်တွေရဲ့
လည်ပင်းရှည်ကိုင်းခြောက်တွေက
ငံ့မျှော်မိုးတပေါက်

မောင်ကြူးရင့်
၁၆၊ ၄ ၊ ၂၀၁၆