ဒေါက်တာခင်မောင်ဝင်း (သချာင်္) - ဒေါ်ခင်မျိုးချစ်၏ ငြိမ်းချမ်းရေး ရှာပုံတော်

 
ဒေါက်တာခင်မောင်ဝင်း  (သချာင်္)  -  ဒေါ်ခင်မျိုးချစ်၏ ငြိမ်းချမ်းရေး ရှာပုံတော်


(မိုးမခ) ဧပြီ ၁၂၊ ၂၀၁၆

မေမေ ဒေါ်ခင်မျိုးချစ်သည် သူ၏ကိုယ်ရေးအထုပ္ပတ္တိ QUEST FOR PEACE (ငြိမ်းချမ်းရေးရှာပုံတော် ) ကို The Working Peoples’ Daily သတင်းစာတွင် ၁၉၆၄ က ရေးခဲ့စဉ်အခါက စွန်းလွန်းတရား အားထုတ်ခြင်းကြောင့် သူ၏ဘ၀ပြောင်းသွားပုံကို စာတမ်းတစ်ခု ရေးသားပြု စုရန်သာ ရည်ရွယ်ခဲ့ပါ သည်။ သို့ရာတွင် စွန်းလွန်းတရား အားမထုတ်မီက ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုပျက်ပြားခဲ့ပုံ အကြောင်းများ ကို ပြောရန်လိုပါသည်။ ထိုအခါ ၄င်းမတိုင်မီက အဖိုးနှင့်အတူ နေခဲ့သော မိရိုးဖလာ ဗုဒ္ဓဘာသာဝင် ကလေးဘ၀ကိုလည်း ဖေါ်ပြရန် လိုအပ်လာ ပြန်ပါသည်။

ဒေါ်ခင်မျိုးချစ်၏ Quest For Peace ( ငြိမ်းချမ်းရေး ရှာပုံတော် ) အမည်ရှိ ကိုယ်ရေးအထုပ္ပတ္တိကို ယခင်ကမူ ကြမ်းများတွင် ခေါင်းစဉ်အမျိုးမျိုးဖြင့်ရေးသားခဲ့ဖူးပါသည်။ ၄င်းတို့ထဲမှ နှစ်ခုမှာ Many a house of Life Hath Held Me (ခန္ဓာအိမ်များစွာတို့သည် ကျွန်ု ပ်ကိုဤသံသရာထဲမှ မထွက်အောင် တွယ်ထားကြ၏) နှင့် House of Life ( ဤခ န္ဓာအိ မ် ) ဟူ၍ ဖြစ်သည်။

ထို ခေါင်းစဉ် နှစ်ခုသည် Sir Edwin Arnold (ဆာအက်ဒွင်အာနိုး) ၏ ကဗျာထဲမှ ဖြစ်သည်။

ထိုကဗျာသည် Light of Asia (အာရှအလင်းရောင်) မဂ္ဂဇင်းထဲတွင် ပါဝင်ခဲ့သည်။ ယင်းကဗျာ၏ အဓိပ္ပါ ယ်မှာ ဤသို့ဖြစ်သည်။

ဤ ခ န္ဓာ အိ မ် များ စွာ တို့ သည်
ကျွ နု ပ်ကို  ဤ သံ သရာ ထဲ မှ မ ထွ က် အောင်
တား ဆီး ပိတ် ပင် ထား ကြ ကု န် ၏။

အ စဉ် ပူ ဆွေး စရာ များ ဖြင့် ပြ ည့် နေ သော
ဤ အာရုံ ငါးပါးတို့၏ အကျ ဉ်းထောင်များ
ဟု တင်စား၍ ခေါ် ဆို ထိုက် သော
ဤ ခ န္ဓာ အိမ် များ စွာ တို့ ကို
ဆောက် လုပ်သော တရား ခံ ကို
အ စဉ် မ နား တမ်း ရှာ ဖွေ ခဲ့ ပါ သည်။

ယ ခု တော့ ဤ တ ရား ခံ ကို
တွေ့ ပါ ပြီ ။

သင့် ကို ကေါင်းကေါင်း သိ နေ ပါ ပြီ ။
ဤ ဝေဒနာ နံ ရံ ကြီး များ ကို သင် သည်
ဘယ်တော့ မှ မဆောက် ရ တော့ အံ့
လိမ် လ ည်မှုများ ဖြင့် ပြည့် နေ သော
အမိုးသစ်ပင် ကြီး ကို လည်း
မ စိုက် ထူ ရ တော အံ့ ။

သင် ဆောက်ထားခဲ့ သော အိမ်ကြီး သည်လည်း
ပြို ကျသွား လေ ပြီ
တိုင် များ မှာ လည်း ကျိုး ကုန် လေ ပြီ
ဒါ တွေ သည် မှား ယွင်းသော ယုံကြည် ချက်တွေကြောင့်ပါ။
ယခုတော့ ဒီ ၀ဋ် က ကျွ တ် ပြီ။
ဒီ သံ သ ရာ က လွ တ် ပြီ ။

ဆာအက်ဒွင်အာနိုး
အာရှအလင်းရောင် မဂ္ဂဇင်း

Many a house of life hath held me နှင့် House of life ဟူသောခေါင်းစဉ်နှစ်ခုနှင့် ပတ်သက်၍ အင်္ဂ လိပ်စာပေပါရဂူကြီး နှစ်ဦး ဖြစ်ကြသော မစ္စစ်ဂေါ်ဒွို င်း နှင့် ဦးဝင်းဖေတို့ နှစ်ဦးတို့ သည် အကြီးအကျယ် သဘောထားကွဲလွဲပြီး ငြင်းကြပုံကို မှတ်မိနေပါသည်။ တစ်ဦး (ဘယ်သူမှန်း မသိ) က ပထမခေါင်းစဉ် ဖြစ်သော ကဗျာဆန်ဆန်လေးကို သဘောကျသည်။ နောက်တစ်ဦးကမူ ကဗျာဆန်ခြင်း သည် လေးနက်မှုကို ပျက်စီးစေသည်ဟု ယူဆသည်။ ထို့ကြောင့် ရိုးရိုးသားသား ဒုတိယခေါင်း စဉ်ကို ပို၍ သဘောကျသည်။ မေမေ ဒေါ်ခင်မျိုးချစ်သည် ထိုပုဂ္ဂိုလ် နှစ်ဦးစလုံးကို လေးစားရကါး ဘာလုပ်ရမှန်း မသိ ဖြစ်နေသည်။ ဤကဗျာကို ပြန်ဖတ်ရင်း မေမေ စဉ်းစားမိသော နောက်ထပ်ခေါင်းစဉ်တစ်ခုကို သတိရ မိပါသည်။ ၄င်းမှာ These Walls of Pain ဖြစ်သည်။ သို့သော် ယင်းခေါင်းစဉ်သည် အဓိပ္ပါယ် ထပ်ဆင့် ရှင်းပြရန် လိုသောကြောင့် ၎င်းကိုမယူတော့ပါ။

နောက် ဆုံး 1964 တွင် Working Peoples’ Daily သတင်း စာတွင် Quest For Peace အ မည် ဖြင့်အ ခန်းဆက် ထည့်ခဲ့ပါသည်။ ထိုအခန်းဆက် ကိုယ်ရေးအထုပ္ပတ္တိကို စာအုပ်ထုတ်ရန် ကိစ္စတွင် စာရေးဆရာ နှင့် ထုတ်ဝေသူတို့ ကြား သဘောထား ကွဲလွဲခဲ့ပါသည်။ မေမေ ဒေါ်ခင်မျိုးချစ်၏ ရည်ရွယ်ချက်မှာ စွန်းလွန်းတရား အားထုတ်မှုကြောင့် သူ၏ဘ၀ ပြောင်းသွားပုံကို တင်ပြရန် ဖြစ်သည်။ သို့သော် စာအုပ် ထုတ်ဝေသူများသည် တရားအားထုတ်ခြင်း အပိုင်းကို လုံးဝ စိတ်မ၀င်စားပါ။ သူတိုဘက်မှ ဖြစ် နိုင်လျင် တရားထိုင်သောအပိုင်းများကို ဖယ်ပစ်ပြီး နိုင်ငံရေးလှုပ်ရှားမှုများအကြောင်းကိုသာ ရေးစေချင်ပါသည် ။ သို့သော်လည်း စာရေးသူ မေမေ ဒေါ်ခင်မျိုးချစ်အနေဖြင့် နိုင်ငံရေးကိစ္စများကို တရားအားထုတ်သည့်ကိစ္စ များအတွက် အထောက်အကူ ဖြစ်ရုံမျှသာ ရေးရန်ဆန္ဒရှိပါသည်။ ဥပမာ-  ဗိုလ်ချုပ်အောင်ဆန်း၏ အတွင်းရေးမှုးဖြစ်လာသော ဗိုလ်သိန်းဆွေနှင့် တွေ့ဆုံခဲ့ပုံနှင့် ထိုပုဂ္ဂို လ်သည် မေမေ ဒေါ်ခင်မျိုးချစ်၏ တရားပြသောဆရာ ဖြစ်လာပုံတို့ ဖြစ်သည်။

ဒေါ်ခင်မျိုးချစ်၏ ကိုယ်ရေးအထုပ္ပတ္တိ Quest For Peace သည် ပါရမီစာပေမှ ပထမဦးဆုံးအကြိမ် ထွက် လာပါတော့မည် ။ ယင်းအထုပ္ပတ္တိ၏ အပိုင်း ဖြစ်တစ်ခုဖြစ်သည့် Buddhist Pilgrim’s Progress ကို (ဗုဒ္ဓ ဘာသာဝင်တစ် ဦး၏ ခရီး ကြမ်း ) အမည်ဖြင့် ကျွန် တော်၏ ဘာသာပြန်နှင့် အတူ ၂၀၁၃က ထွက်ခဲ့ပါ သည်။ ၎င်းအပြင် The Ruse and War-time Stories ကို (လမ်းလွှဲ ခြင်း နှင့် စစ်အတွင်းအတွေ့အကြုံ များ) အမည်ဖြင့်  ဂျူ နီယာဝင်း၏ ဘာသာပြန်နှင့်အတူ ထွက်ခဲ့ပါသည်။

ဒေါက်တာခင်မောင်ဝင်း (သခ်ာၤ)