စောငို - နွေတေး

 
စောငို - နွေတေး
(မိုးမခ) ဧပြီ ၂၊ ၂၀၁၆

တနွေသစ်ပြီ
စနစ်ပြောင်းမင်္ဂလာ
ခါရာသီနက္ခတ်နဲ့
ထွတ်မြတ်ကြည်လင်။

နှစ်သစ် ခေတ်သစ်
အသစ်လောက
ဘ၀ခပင်းလိုအင်
အလှသတင်းချိုလွင်လွင်
မြေအပြင် ရွှေအဆင်း
အလင့်ပွင့်ဖြာဝေ။

ဂိမ္မာန
သိင်္ဂါရ အလှစခန်းမှာ
ဘ၀နွမ်းတွေ တဖန်သစ်
ပုရစ်ဖူး မြိုင်ဟေ။

စောငို
ဧပြီ ၁၊ ၂၀၁၆