လင်းသက်ငြိမ် - မြို့တစ်​မြို့

 
လင်းသက်ငြိမ် - မြို့တစ်​မြို့
(မိုးမခ) ဧပြီ ၂၆၊ ၂၀၁၆

လူ​သေ​ကောင်​တစ်​​ကောင်​ကို
မနက်​မိုးလင်းမှာ​တွေ့လိုက်​ရ​​တဲ့အခါ
မြို့ဟာ ရုတ်​ရုတ်​သဲသဲဖြစ်​သွား
မြို့သူမြို့သား​တွေရဲ့ စကားလုံး​တွေမှာ
လူ​သေ​ကောင်​ဟာ​ ရေပန်းစားသွား
အမည်​ဘယ်​သူ ဘယ်​​နေရပ်​ကလာ
အသက်​ဘယ်​​လောက်​ ​ယောက်ျားလား မိန်းမလား
အ​ဖေ အ​မေ နာမည်​ဘာလဲ
ဘာဒဏ်​ရာနဲ့​ သေလဲ
မေးခွန်း​တွေနဲ့ အလုပ်​ရှုပ်​ကြ
မေးခွန်း​တွေနဲ့ လုံး​ထွေးကြ
မေးခွန်းများရဲ့​နေ့ပါပဲ
သက်​ဆိုင်​ရာများ သက်​ဆိုင်​တဲ့အတိုင်း လုပ်​လိုက်​ကြရဲ့
အ​လောင်း​ကောင်​ဟာ ​မေးခွန်းအဖြစ်​​ ပြောင်းလဲပြီး
မြို့မှာကျန်​ရစ်​ခဲ့...
တစ်​ရက်​ နှစ်​ရက်​ ​သုံး​ လေးရက်
ငါး​ ခြောက်​ ခုနှစ်​ ရှစ်​...
နောက်​တစ်​မနက်​မှာ
မြို့ထဲ​ကို အ​လောင်းတစ်​​လောင်းထပ်​​ရောက်​လာ
သတင်းအသစ်​ဟာ သတင်းအ​ဟောင်းကို​ကျော်​သွား
မေးခွန်းအ​ဟောင်းအစား 
နောက်​တစ်​ခါထပ်​​ဟောင်းမယ့်
မေးခွန်း​တွေ အပြိုင်းအရိုင်း ထွားကျိုင်းလာကြ​ပေါ့။

လင်းသက်​ငြိမ်