မိုးမခ မဂ္ဂဇင်း မတ်နှင့်ဧပြီ လထုတ်များ မှာယူနိုင်ပါပြီ




မိုးမခ မဂ္ဂဇင်း မတ်နှင့်ဧပြီ လထုတ်များ မှာယူနိုင်ပါပြီ



မိုးမခ လစဉ်ထုတ် မဂ္ဂဇင်းများဖြစ်သည့် အတွဲ (၃)၊ အမှတ် (၃) နှင့် အမှတ် (၄) မတ်နှင့်ဧပြီ လထုတ်များ မှာယူ ဖတ်ရှုနိုင်ပါပြီ။

ဦးဝင်းတင်၊ မောင်သာရ၊ ဇော်ဇော်အောင်၊ မောင်လင်းယုန် (ရှမ်းပြည်)၊ ဗိုလ်မှူးချုပ် ကျော်ဇော၊ လေထီးဗိုလ်အုန်းမောင် အမှတ်တရ စာစုများ၊ မောင်စွမ်းရည်၊ မောင်မိုးသူ တို့၏ သက်ကြီးစကားနှင့် ခေတ်ပြိုင်ရုပ်ပုံလွှာ စာစုများ၊ မျက်မှောက်ရေးရာ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး ပညာရေး၊ အမျိုးသမီးရေးရာ သုံးသပ်ချက်နှင့် အမြင်အာဘော်ဆောင်းပါးများ၊ ပြည်တွင်း ပြည်ပ ခရီးသွားဆောင်းပါးများ၊ သရော်စာ၊ ကာတွန်း၊ ကဗျာ၊ အက်ဆေး၊ ဝတ္ထုတိုများဖြင့် သုတ၊ ရသ စုံလင်စွာ ဖွဲ့စည်းထားပါသည်။

မြန်မာ့နှစ်သစ် အားလပ်ရက်ရှည် အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဖြန့်ချိရက်နောက်ကျသွားပါသဖြင့် မိုးမခ အယ်ဒီတာ အဖွဲ့က မဂ္ဂဇင်းလစဉ် မှာယူဖတ်ရှုသူများ၊ အွန်လိုင်း + ပုံနှိပ် မိုးမခ ပရိသတ်များနှင့် စာမူချီးမြှင့်ပေးကြသူ ဆရာများကို အနူးအညွတ် တောင်းပန်အပ်ပါသည်။

လက်ကိုင်ဖုန်းများတွင် လျှပ်စစ်စာအုပ်အဖြစ် ဝယ်ယူဖတ်ရှုသူလိုသူများအနေဖြင့်လည်း ဝန်ဇင်း (Wun Zinn) ကတဆင့် သင်္ကြန်ရုံးပိတ်ရပ်များ အပြီးတွင် ယခင်လများကဲ့သို့ ဝယ်ယူဖတ်ရှုနိုင်မည်ဖြစ်ပါသည်။

မဂ္ဂဇင်းများကို ရန်ကုန်မြို့တွင်း မှာယူ လိုသူများ အနေဖြင့်လည်း ဖုန်း ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ editors@moemaka.net ၊ nyeinchanaye81@gmail.com များထံ ဆက်သွယ်မှာယူနိုင်ပါသည်။

မတ်လ မျက်နှာဖုံး ဓာတ်ပုံ ဂျေပိုင် နှင့် ဧရာဝတီ သတင်းဌာန ၊ ဒီဇိုင်း အောင်ထက်
ဧပြီ မျက်နှာဖုံး ကာတွန်း ဘီရုမာ ၊ ဒီဇိုင်း အောင်ထက်
အတွင်းအပြင်အဆင် - Moe Z (Dzal)

မာတိကာများ = မတ် နဲ့ ဧပြီ