သားကြီးမောင်ဇေယျ - ကွမ်းတယာ ရေတမှုတ်

 
သားကြီးမောင်ဇေယျ - ကွမ်းတယာ ရေတမှုတ်
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၅

ယုံကြည်ချက်တွေကို
စတော့ရှယ်မှာ ပစ်တင်လိုက်တယ်။

မျှော်လင့်ချက်တွေဟာ
ကုန်ဈေးနှုံးတွေနဲ့အတူ
တက်လိုက် ကျလိုက်
ကလိုက် ခုန်လိုက်။

အပြောင်းအလဲကို
အမြဲမှားနေတဲ့
ဗေဒင်ဆရာပဲ
နည်းနည်းသိမှာပါ။

ကားစင်ပေါ်မှာ
အမောဖောက်နေသူအဖို့
ပေါက်ဈေးဟာ
ကွမ်းတယာနဲ့ သောက်ရေတမှုတ်ပါပဲ။

သားကြီးမောင်ဇေယျ (၂၁-၀၄-၂၀၁၆)