ဒီလူည - ဇော

Created with Microsoft Fresh Paint
ဒီလူည - ဇော
(မိုးမခ) ဧပြီ ၁၈၊ ၂၀၁၆

တစ်ယောက်က တစ်ယောက်ကို မှုနဲ့ ချဉ်းကပ်တယ်
တသ်ယောက်က တစ်ယောက်ကို ပေးဆပ်မှုနဲ့ ချဉ်းကပ်တယ်
တစ်ယောက်က တစ်ယောက်ပို ဆာလောင်မှုနဲ့ ချဉ်းကပ်တယ်
တစ်ယောက်က တစ်ယောက်ကို ချိုမြိန်မှုနဲ့ ချဉ်းကပ်တယ်
အဲဒီဥယျာဉ်ထဲ ရေတွေ တသွင်သွင် စီးဆင်းနေတယ်
နေ့တွေက အရိုး  ခဏခဏ စူးတယ်
ညတွေက မေတ္တာတရားနဲ့ အအိပ်ဆတ်တယ်
ဆောင်းက မအေးနိုင်သလို နွေကလည်း မပူနိုင်ခဲ့
မိုးရေထဲမှာ အက်သံကို ရင်ဆိုင်ခဲ့တယ်
ဘယ်နှယ်ခါ ဖျားလို့ အလုပ်နားခဲ့ဖူးလဲ
မြေလွှာခြောက်တွေထဲက ဘဝတွေကိုထုဆစ်
မနက်ဖြန်အတွက် သွေးသွင်းပေးခဲ့တယ်

"စာတတ်အောင်သင်ပါ
ပေးနိုင်တာပညာ" တဲ့

ဖိနပ်တစ်ရံကို တစ်လှည့်စီ စီးရင်း
မိုးယိုတဲ့ ပျဉ်ချပ်တွေပေါ်
တစ်ယောက်ကိုတစ်ယောက် အနွေးဓာတ်ပေးလို့
သူက ဂျော့ဝါရှင် တန်ကာဗာ  သူက ဖလော့ရင့် နိုက်တင်ဂေးလ်
သူက အယ်လ်ဘက် ရွှိုက်ဇာ  သူက မာသာထရီဆာ
သူက အနာရောဂါကင်းတဲ့ရာသီ  သူက အာဟာရပြည့်နေတဲ့ ဥတု
ခပ်ချိုချို မနက်ခင်းတွေ ဝေငှရင်းပေါ့
စစ်တလင်းလို အပြောင်ရှင်းထားတဲ့ရင်မှာ တစ်နေရာလေးပါပဲ
ရေတွေတသွင်သွင် စီးဆင်းနေတယ်။   ။

ဒီလူည