မိုး​ကျော်​ဇင်​ - စစ်​ပွဲ



မိုး​ကျော်​ဇင်​ - စစ်​ပွဲ
(မိုးမခ) ဧပြီ ၁၅၊ ၂၀၁၆


ဆောင်းနှင်းထုထည်​က ပဲခူးမြစ်​ပြင်​​ပေါ် အလျားလိုက်​ တွဲခို​နေသည်​။ မြစ်​​ဘေးကို ​မေးတင်​​ထားသည့်​ ရွာက​လေးက ​ဆောင်း​အေး​အေး​ကြောင့်​ ​သွေး​လေးလံ​နေပုံရဧ၊၊်​။ တိတ်​ဆိတ်​​နေဆဲ။

ကျွန်​​တော်​က ဆိပ်​ခံတံတားသွယ်​သွယ်​​လေးအတိုင်း ဆင်းခဲ့သည်​။ ​ရေကျ​နေချိန်​ မို့ ဆိပ်​ခံတံတားသည်​ မြစ်​ထဲ ​ရေငုံ့​သောက်​​နေသည့်​ ကုလားအုတ်​တစ်​​ကောင်​၏ လည်​တံရှည်ကြီးလို။ ​မော်​​တော်​​ပေါ်ေ​ရောက်​​တော့လည်း တိတ်​ဆိတ်​ခြင်းက အိပ်​ယာမထ​သေး။ အဖြူ အစိမ်း​ပေါ် ဂျာကင်​ထပ်​ဝတ်​ထာသည့်​ အမျိုးသားတစ်​ဦးသာ ​ရောက်​​နေနှင့်​ဧ၊၊်​။ လက်​ဆွဲ အိတ်​​ကို ​ပေါင်​​ပေါ်တင်​ထိုင်​​နေသည်​။ ​မော်​​တော်​မောင်းဆရာက ​စောင်​တစ်​ထည်​နှင့်​ ​ပုစွန်​ထုပ်​​ကွေး​နေသည်​။

နှင်းစက်​​တွေ ပက်​ထားပုံရသည့်​ စိုထိုင်းထိုင်းခုံရှည်​တစ်​ခုမှာ ကျွန်​​တော်​ ထိုင်​ချ လိုက်​ဧ၊၊်​။ အဖြူအစိမ်းဝတ်​ပုဂ္ဂိုလ်​နှင့်​လည်း စကားမ​ပြောမိ။ အပြုံးချင်း မဆုံမိ။ ဆုံစရာ အ ​ကြောင်းလည်း မရှိ။ ကျွန်​​တော်​က သည်​ရွာမှာ ဧည့်​သည်​တစ်​​ယောက်​သာ။ ကံကြမ္မာဇာတ်​ညွှန်းအရ အစ်​ကိုတစ်​​ယောက်​နှင့်​ပတ်​သက်​ပြီး သည်​မြစ်​ကြီး​ဘေးမှာ ​သောင်​လာတင်​​နေသူ ။ စ​နေ၊ တနင်္ဂ​နွေများမှအပ သည်​​မော်​​တော်​ကို စီးလျက်​ တစ်​ဖက်​ကမ်း ကျွဲကူးဆိပ်​ကို ကူး ရသည်​။ ထိုမှ ဂဝံလမ်းကြမ်းကြီးအတိုင်း ​ခြေလျင်​​လျှောက်၊ ဘူတာ သို့မဟုတ်​ ကားဂိတ်​သို့ သွား၍ ရန်​ကုန်​အထိ ခရီဆက်​သည်​။ည​နေမှာ​တော့ ရထားဖြင့်​ပြန်စီးလာ၊ လမ်း​လျှောက်​ ၊ ကျွဲကူးဆိပ်​မှတစ်​ဆင့်​ သည်​​မော်​​တော်​ဖြင့်​ ရွာက​လေးဆီ ပြန်​လာ။ သည်​ခရီးစဉ်​အတိုင်း ကျွန်​​တော့်​​နေ့ရက်​​တွေ လနှင့်​ချီ ရှည်​လျား​နေခဲ့၏။

ကျွန်​​တော်​ ထိုင်​​နေပြီး မကြာမီ ဆိပ်​ခံတံတား​လေးအတိုင်း ဆင်းလာသည့်​ ခုံမြင့်​ဖိ နပ်​သံ တ​ဒေါက်​​ဒေါက်​ကို ကြားလိုက်​ရသည်​။ ​ကျောင်းဆရာမတစ်​ဦးဖြစ်​သည်​။ အဖြူအစိမ်း ​ပေါ်မှာ ကုတ်​အင်္ကျီထပ်​ဝတ်​ထားပြီး လက်​ဆွဲခြင်းကို တစ်​ဖက်​ဆွဲလာသည်​။ ဆင်းလာ​နေ ရင်း ​မော်​​​တော်​ထဲ လှမ်းကဲကြည့်​ကာ ကျွန်​​တော့်​​ဘေးမှ ​ကျောင်းဆရာကိုမြင်​သည်​နှင့်​ ဆရာမမျက်​နှာ ချက်​ချင်း အသက်​ဝင်​သွားသည်​။

" တကယ်​ပဲ... ညက ဘယ်​လိုမှ အိပ်​လို့ကို မရဘူး၊ စိတ်​တိုလိုက်​တာ ..."

ဆရာမစကား​ကြောင့်​ ကျွန်​​တော်​ ​ကြောင်​သွားသည်​။ နိဒါန်းမပါ၊ ​ခြေဆင်းမပါ၊ ဆိုင်း မဆင့်​ ဗုံမဆင့်​။ သို့​သော်​ ကျွန်​​တော့်​​ဘေးမှ ​ကျောင်းဆရာကမူ ဆရာမ ချန်​ထားခဲ့​သော စကားလုံး​တွေကို ​ကောင်းစွာ ​နားလည်​​နေသည်​။ " ​အေးဗျာ .." ဟု သံရှည်​​လေးဆွဲ၍ ​ ​ထောက်​ခံသည်​။ ဆရာမက ​မော်​​တော်​အမိုး​အောက်​ ဝင်​လာရင်း စကားဆက်​သည်​။

" ကိုယ့်​လူ​တွေ မ​ကောင်းလို့ဆိုလည်း ထားပါ​တော့၊ ခုဟာက ဒိုင်​ညစ်​လို့ ဖြစ်​ရတာ"

ကျောင်းဆရာက ဆရာမစကားကို ​ထောက်​ခံ​ဆွေး​နွေးသည်​။ ​နောက်​ထပ်​​ရောက်​ လာသည့်​ ခရီးသည်​​တွေပါ စကားဝိုင်းထဲ ပါဝင်​လာကြဧ၊၊်​။ေ​စာ​စောက တိတ်​ဆိတ်​​နေခဲ့သည့်​ ​မော်​​တော်​​လေးသည့်​ မိနစ်​အနည်းအငယ်​အတွင်း စည်​ကားရှုပ်​​ထွေး ဆူညံသွား​လေသည်​။

တကယ်​​တော့ သူတို့ ​ပြော​နေကြသည်​မှာ ​ဘောလုံးပွဲ တစ်​ပွဲအ​ကြောင်းဖြစ်​သည်​။ သည်​​လောက်​ အသည်းအသန်​ အ​ရေးတယူ​ပြောဆိုငြင်းခုံ ခံစား​နေကြ​သော​ကြောင့်​ သည်​ ​ဘောလုံးပွဲသည်​ နိုင်ငံ့လက်​​ရွေးစင်​အသင်း၏ ပွဲစဉ်​တစ်​ခုဟု မထင်​မှတ်​​စေလိုပါ။ ဥ​ရောပ ဖလား၊ ပရီးမီးယားလိဂ်​ စသည့်​ ပွဲစဉ်​​တွေလည်း မဟုတ်​ပါ။ မ​နေ့ည​နေ့က ကစားခဲ့သည့်​ သည်​ရွာနှင့်​ အခြားတစ်​ရွာတို့၏​ဘောလုံးပွဲအ​ကြောင်း ဖြစ်​ပါသည်​။ ကျွန်​​တော်​​နေ​သောအိမ်​မှ ဦးလေး​ခေါ်၍ ကျွန်​​တော်​လည်း ပွဲကြည့်​ပရိသတ်​​နေရာမှ ပါဝင်​ခဲ့​သော ​ဘောလုံးပွဲလည်း ဖြစ်​ပါသည်​။

ဘောလုံးကွင်းမှာ တကယ်​​တော့ ​ဘောလုံးကွင်း မဟုတ်​။ လယ်​ကွက်​နှစ်​ကွက်​ကို အလယ်​ကန်​သင်းဖြို၍ တစ်​ကွင်းတည်းဖြစ်​​အောင်​ ဆက်​စပ်​ထား​သော လယ်​ကွက်​ကျယ်​ ကြီးသာ ဖြစ်​သည်​။ မြက်​ပင်​စိမ်းစိမ်းဟူ၍ တစ်​ပင်​မျှ မရှိ။ လယ်​ယာသုံးပစ္စည်းကိရိယာ​တွေ နှင့်​ ကြိုးစားညှိထား​သော်​လည်း ​မြေကမူ​တွေက အစွယ်​​ငေါ​ငေါ မင်းမူ​နေကြဆဲဖြစ်​သည်​။

ဘောလုံးကစားကြပုံမှာ ဆရာကုသ၏" ဝီစီကိုင်​ " ဝတ္ထုတိုထဲက​လောက်​ မဆိုး။ ပင်​ ကိုယ်​အရည်​အ​သွေး ရှိကြပုံ ​ပေါ်​သော်​လည်း ​မြေကမူ​တွေ ကြီးစိုး​နေသည့်​ ဖုန်​ထူထူကွင်းထဲ ဘယ်​လိုမှ ကစားကွက်​ မ​ဖော်​နိုင်​ရှာကြ။ ကွင်း​လေးဘက်​ ဝိုင်း​နေသည့်​ နှစ်​ဖက်​ရွာသား​တွေ က ​နေပူထဲ အားတက်​သ​ရော ​အော်​ဟစ်​​နေကြသည့်​တိုင်​ ကျွန်​​တော့်​အတွက်​ စိတ်​ပျက်​စရာ ဖြစ်​​နေသည်​။ ကစားကွက်​အရသာကို ဘယ်​လိုမှ မခံစားရ။ သူ့ရွာအတွက်​ အားကြိုးမာန်​ တက်​ ​အော်​ဟစ်​​နေသည့်​ ဦး​လေးကို ထားရစ်​ကာ ပွဲမပြီးမီ ကျွန်​​တော်​ ပြန်​လာခဲ့ဧ၊၊်​။ အခု ​တော့ မ​နေ့ည​နေက ​ဘောလုံးပွဲသည်​ သည်​မနက်​ ​မော်​​တော်​​​ပေါ်မှာ အချိန်​ပို ဆက်​ကန်​​နေ ကြ​လေသည်​။

သည်​လူ​တွေမှာ ကမ္ဘာ့​ဘောလုံးပွဲများနှင့်​ အကျွမ်းတဝင်​ ရှိပြီးသားများဖြစ်​သည်​။ မန်​ယူ၊ အာကြီး၊ ရီရဲလ်​၊ ဒို​လေးနှင့်​ မက်​ဆီတို့အ​ကြောင်းကို ​ဘောလုံး​ဆောင်းပါးရှင်​​တွေနီးနီး အာဂုံ​ဆောင်​နိုင်​သူ​တွေလည်း ပါဝင်​​ပေလိမ့်​မည်​။သို့​သော်​ သူတို့သည်​ မ​နေ့ည​နေက ကစား ခဲ့သည့်​ ​ကျေးလတ်​​ဘောလုံးပွဲ​လေး၏ အရှုံးရလဒ်​ကို ဘာ​ကြောင့်​ ခံပြင်း ငြင်းခုံ အရသာခံ ​နေကြပါလိမ့်​။ နိုင်​ငံ့လက်​​ရွေးစင်​အသင်း၏ ကမ္ဘာ့အဆင့်​မှာ ၁၆၀ ဝန်းကျင်​တွင်​ ရှိ​သော ​ကြောင့်​ သည်​လို​ ​ကျေးလတ်​​ဘောလုံးပွဲ​လေး​တွေ၏အဆင့်​ကို အလွယ်​တကူပင်​ မှန်းဆ နိုင်​ပါသည်​။သို့​သော်​ သူတို့သည်​ မ​နေ့ည​နေ ​ဘောလုံးပွဲမှ သူတို့ရွာအသင်းရလဒ်​အတွက်​ ခံစား​နေကြရသည်​။

တကယ်​​တော့ ကျွန်​​တော်​လည်း သူတို့​နေရာမှာ ရှိခဲ့ဖူးသည်​။ ကျွန်​​တော့်​ ဇာတိမြို့ က​လေးမှာ ​နေထိုင်​ခဲ့ရသည့်​ အတိတ်​​နေ့ရက်​များတွင်​ သတိရစရာ​တွေက ​ကောင်း​ကောင်း အိပ်​မ​ပျော်​နိုင်​ကြ​သေး။

ကျွန်​​တော်​တို့ငယ်​စဉ်​က ကျွန်​​တော်​တို့မြို့မှာ ရပ်​ကွက်​​ဘောလုံးပြိုင်​ပွဲ​တွေ နှစ်​စဉ်​ ကျင်းပဖြစ်​သည်​။ ကျွန်​​တော်​တို့ ရပ်​ကွက်​သည်​ မြို့က​လေး၏အစဉ်​အလာရှိ​သော ​ဘောလုံးအသင်းတချို့ထဲ တစ်​သင်း အပါအဝင်​ဖြစ်​ဧ၊၊်​။ ​ကျွန်​​တော်​တို့ရပ်​ကွက်​သည်​ မြို့စာရင်းအရသာ ရပ်​ကွက်​ဖြစ်​​သော်​လည်း အသွင်​သဏ္ဌာန်​က ရွာတစ်​ရွာထက်​ မပို။ ရွာလယ်​ဘုန်းကြီး ​ကျောင်းမှာ ​ရပ်​ကွက်​​ဘောလုံးပြိုင်​ပွဲများမှ ​ငွေဒိုင်းဆုကြီး ၂ ခုကို ဂုဏ်​ယူစွာ ချိတ်​ထား​သေး၏။

ကျွန်​​တော်​တို့ရွာ ​ဘောလုံးကစားသည့်​ ည​နေဆို ရွာလုံးကျွတ်​နီးပါး ​ဘောလုံးကွင်းဆီ လိုက်​အား​ပေးကြသည်​။ ပရိသတ်​အင်​အားကို ​သေနတ်​သံဖြင့်​ ထိန်းရန်​ စစ်​သားတစ်​ဦး အ သင့်​ရှိ​နေရသည်​။ ကျွန်​​တော်​တို့ရွာအသင်းမှ ၁ ဂိုးသွင်းယူလိုက်​လျှင်​ ​အောင်​ပွဲခံပရိသတ်​၏ခ​မောက်​​တွေ၊ ဖိနပ်​​တွေနှင့်​ တခြားလွှင့်​ပစ်​တင်နိုင်​သမျှ အရာအားလုံး ​ဘောလုံးကွင်း​ ကောင်းကင်​​ပေါ် ဝဲပျံသွားကြ​လေ့ရှိဧ၊၊်​။ ​ဘောလုံးကွင်းထဲအထိ ခုန်​​ပေါက်​မြူးထူး ​အောင်​ပွဲခံ ပရိသတ်​ကြီးသည်​ စစ်​သား၏မိုး​ပေါ်​ထောင်​ပစ်​​သော ​သေနတ်​သံကြားမှ စည်းအပြင်​ဘက်​ သို့ ပြန်​​ပြေးသွားကြ​လေသည်​။ အနိုင်​ရလာလျှင်​ ရွာထဲမှာ ကြက်​သား ကာလသားချက်​နှင့်​ ပုလင်း​ထောင်​ကာ အသံချဲ့စက်​ကြီးဖြင့်​ တစ်​ညလုံး ​အောင်​ပွဲခံကြပြန်​သည်​။ ကျွန်​​တော်​တို့ ကလေး​တွေကမူ မနက်​ဖြန်​ ​ကျောင်း​ရောက်​သည်​အထိ ပါးစပ်​အရသာခံ၍ အချိန်​ပို ဆက်​ ကန်​ ကြ​လေသည်​။

တချို့လူကြီး​တွေက အပြုံးမိန့်​မိန့်​ကြီးများဖြင့်​ " ကမ္ဘာ့ဖလားပွဲ ကြည့်​​နေရသလိုပဲကွာ" ဟု မှတ်​ချက်​ချတတ်​ကြ​သေးသည်​။

သည်​အချိန်​ ပြန်​စဉ်းစားကြည့်​​သောအခါ ​မေးခွန်းအသစ်​​တွေ ​ပေါ်​ပေါက်​လာကြသည်​။ ကမ္ဘာ​ကျော်​ ​ဘောလုံးပွဲမဟုတ်​ပါဘဲ၊ ကမ္ဘာာ​ကျော်​ ​ဘောလုံးပညာရှင်​​တွေ မဟုတ်​ပါဘဲ မည်​သည့်​အ​ကြောင်းတရား​တွေ၏တွန်းအား​ကြောင့်​ သည်​လို ​လယ်​ကွင်းထဲမှ ​ဘောလုံးပွဲ ​လေး​တွေအ​ပေါ် အရူးအမူး ဖြစ်​ခဲ့ပါလိမ့်​။ ကမ္ဘာ​ကျော်​ ​ဘောလုံးပွဲ​ကောင်း​တွေ ကြည့်​​နေသ လို ခံစားချက်​သည်​ မည်​သည့်​တံခါး​ပေါက်​က ဝင်​​ရောက်​လာခဲ့ပါလိမ့်​။

ကြေးစား​ဘောလုံးအသင်းမဟုတ်​ဘဲ ​ဘောလုံးပြိုင်​ပွဲနီးမှ ထွန်​တုံး​ပေါ်မှ ဆင်း၊ ခါး​ တောင်းကျိုက်​ဖြုတ်​၍ ​ဘောလုံးကွင်းထဲ ဝင်​လာခဲ့ကြသူတို့မှာ ​ဘောလုံးပညာဟု ​ပြောပ​ လောက်​​အောင်​ မရှိရှာကြ။ သို့​သော်​ သူတို့ကစားကြသည်​ကိုပဲ ကျွန်​​တော်​တို့က အားကြိုး မာန်​တက်​ ​အော်​ဟစ်​အား​ပေးကြသည်​။ အမျိုးသမီး အချင်းချင်း ရန်​ဖြစ်​ကြသည်​။ က​လေးအ ချင်းချင်း ငြင်းခုံကြသည်​။

အမှန်​တကယ်​​တော့ ကျွန်​​တော်​တို့ ကိုယ့်​ရွာ​ဘောလုံးအသင်းကို အား​ပေးခဲ့ကြသည်​ မှာ ​ဘောလုံးပညာကို မဟုတ်​။ လူ​တွေကိုသာ ဖြစ်​သည်​။ ကိုယ့်​ရွာသားဟူ​သော အသိ၏ပူးကပ်​ထားခြင်းခံရသည့်​ လူသား​တွေကိုသာ ဖြစ်​သည်​။ ​ဘောလုံးပြိုင်​ပွဲကို ​အားကစားဟု မ မြင်​နိုင်​​တော့ဘဲ စည်းကမ်းတကျ ဆင်​နွှဲ​နေသည့်​ စစ်​ပွဲတစ်​ပွဲဟု မသိစိတ်​အမြင်​​ကြောင့်​သာ ဖြစ်​သည်​။ ကိုယ့်​ရပ်​ကွက်​အသင်းက တခြားရပ်​ကွက်​ကို ရှုံးနိမ့်​လိုက်​လျှင်​ ထိုရပ်​ကွက်​လက်​ ​အောက်​ကို အလိုလို ​ရောက်​သွားသည့်​အလား ခံစားကြရသည်​မှာ ​ဘောလုံးပွဲ အရှိန်​မ​ပြေသေးမီ အထိပင်​။

သည်​ခံစားချက်​မျိုးက နိုင်​ငံ့လက်​​ရွေးစင်​ ​ဘောလုံးအသင်းနှင့်​ ပတ်​သက်​လာလျှင်​ ပို ထင်​ရှားလာတတ်​ကြသည်​။ တစ်​ဦးတစ်​​ယောက်​တည်းမဟုတ်​။ လူနည်းစုမဟုတ်​။ အားက စားဝါသနာပါမှ မဟုတ်​။ သမိုင်းအစဉ်​အလာအရ စစ်​​ရေးပြိုင်​ဆိုင်​မှု ပြင်းထန်​ခဲ့​သော နိုင်​ငံခြား တိုင်းပြည်​အသင်းမျိုးနှင့်​ ရင်​ဆိုင်​ယှဉ်​ပြိုင်​ရလျှင်​ ပရိသတ်​၏ခံစားမှု​ရေချိန်​က အမြင့်​မားဆုံး ဖြစ်​​နေတတ်​ကြသည်​။ ရှုံးနိမ့်​မှုကို ရရှိလိုက်​ပါမူ ​နောက်​ထပ်​ အင်​အားကြီးခံစားချက်​လှိုင်းလုံး ကြီး မဖုံးအုပ်​မချင်း ရှက်​ရွံ့နာကျင်မပြီး။

တခြားအားကစားပြိုင်​ပွဲ​တွေအတွက်​ သည်​ခံစားချက်​မျိုးမရှိ။ ရှိသည့်​တိုင်​​အောင်​ လည်း သည်​​လောက်​ မပြင်းထန်​။ 

တကယ်​​တော့ သည်​ခံစားချက်​မျိုးသည်​ အာကစားပြိုင်​ပွဲတစ်​ခုအ​ပေါ် ထားသည့်​ ခံစားချက်​ထက်​ စစ်​ပွဲတစ်​ပွဲအ​ပေါ်ထားသည့်​ ခံစားချက်​မျိုး ဖြစ်​​နေသည်​။ ကစားသမား​တွေ၏​နေရာအလိုက်​ အ​ခေါ်အ​ဝေါ်​တွေကအစ စစ်​ပွဲသ​ဘောဆန်​သည်​။ ခံစစ်​၊ တိုက်​စစ်​မှူး၊ ဗျူဟာ စသည်​ စစ်​ပွဲဖွဲ့စည်းပုံ​တွေအတိုင်း သတ်​မှတ်​သုံးနှုန်းကြသည်​။ သို့​သော်​ သည်​စစ်​ပွဲကို​တော့ ကျွန်​​တော်​ စွဲလမ်းသည်​။ သည်​စစ်​ပွဲမှာ ​သွေးထွက်​သံယို​တွေ မရှိ။ အသက်​အိုးအိမ်​ ​တွေ မပျက်​စီး။ ​ခြေလက်​အင်္ဂါမဲ့၊ မိဘမဲ့၊ လင်​သားမဲ့ဘဝ​တွေ မရှိ။ ယမ်းခိုး​တွေ၊ မီးလျှံ​တွေ မ ရှိ။ စည်​ကမ်းနှင့်​ သတ်​မှတ်​ထား​သော အနိုင်​အရှုံးသာ ရှိသည်​။

လူလူချင်း သတ်​ဖြတ်​​နေကြ​သော စစ်​ပွဲ​တွေ​နေရာတွင်​ ​ဘောလုံးပွဲ​တွေကို အစားထိုး လိုက်​လျှင်​ ဘယ်​​လောက်​​ကောင်းမလဲဟု ကျွန်​​တော်​မကြာခဏ စိတ်​ရူး​ပေါက်​ဖူးသည်​။ လူ့ အသက်​​တွေ၊ ပျက်​စီးဆုံးရှုံးမှု​တွေဖြင့်​ အနိုင်​အရှုံး သတ်​မှတ်​မည့်​အစား ​ဂိုးပိုက်​ကွန်​ထဲ တိုး ဝင်​သွားသည့်​ ​ဘောလုံးအ​ရေအတွက်​ဖြင့်​ အနိုင်​အရှုံး သတ်​မှတ်​လိုက်​လျှင်​...။

စစ်​ပွဲတစ်​ပွဲ ဖြစ်​သည်​နှင့်​ အမှန်​တရားသည်​ ပထမဆုံး ကျဆုံးသွားရ​ကြောင်း ​" ​ကော်လင်းပါဝဲလ်​ " က ​ပြောခဲ့ဖူးသည်​။ ​ဘောလုံးပွဲတစ်​ပွဲတွင်​မူ အစအဆုံး မိနစ်​ ၉၀ လုံး၌ အမှန်​ ရားက ရှင်​သန်​​နေတတ်​သည်​။

မော်​​တော်​ထဲမှာ မ​နေ့ည​နေက ​ဘောလုံးပွဲအ​ကြောင်း အရသာယူ ခံစား​နေကြဆဲ။ ကျွန်​​တော်​က ဆရာမင်းလူ၏" ​ဘော​အေးတိုက်​ပွဲ " ဝတ္ထုတိုကို ​ပြေးသတိရမိရင်း တိတ်​တဆိတ်​ ပြုံး​နေမိသည်​။ " ဘော​အေးတိုက်​ပွဲ" ထဲမှ အ​ရေးအသား​တွေ​ကြောင့်​လား၊ ​မော်​​တော်​ထဲမှ လူ​တွေ၏စကားသံ​တွေ​ကြောင့်​လား။ တကယ်​​တော့ ထိုနှစ်​မျိုးစလုံးကို ကျွန်​​တော်​ ချစ်​ပါသည်​။ ။