အဲလိုထူး - လူပြိန်းကြိုက်



အဲလိုထူး  - လူပြိန်းကြိုက်
(မိုးမခ) ဧပြီ ၂၅၊ ၂၀၁၆

ကျော်ဟိန်း…ကြိုက်တယ်၊ စံတော်ချိန်သတင်းစာကြိုက်တယ်၊ ကော်ဖီမစ်ကြိုက်တယ်၊ ဂျွန်စော…..အွန်စောကြိုက်တယ်၊ ဈေးပေါတာကြိုက်တယ်၊ ဝါဆိုမိုးဦးကြိုက်တယ်၊ သရီးကွာတားကြိုက်တယ်၊ ချဉ်ရည်ဟင်းကြိုက်တယ်၊ တက်ကဆီကားကြိုက်တယ်၊ ဖြူဖြူကျော်သိန်းကြိုက်တယ်၊ ကွန်ကရစ်လမ်းသစ်ကြိုက်တယ်၊ လီမင်ဟိုကြိုက်တယ်၊ 

ဖာလူဒါကြိုက်တယ်၊ ဘုရားသွားရတာကြိုက်တယ်၊ အန်အယ်ဒီကြိုက်တယ်၊ ဒန်ပေါက်ကြိုက်တယ်၊ ဆံပင်အဖြောင့်…..ကြိုက်တယ်၊ တိုက်ခန်းကြိုက်တယ်၊ ဂျနီဖာလိုပက်ကြိုက်တယ်၊ ဘီယာဆိုင်ထိုင်ရတာကြိုက်တယ်၊ ဖေ့စဘုတ်…….ကြိုက်တယ်၊ အပန်းဖြေခရီးကြိုက်တယ်၊ ဟိန်းဝေယံကြိုက်တယ်၊ အောကတီပါဖိနပ်ကြိုက်တယ်၊

 နိုင်ငံခြားသား…..ကြိုက်တယ်၊ အအေးဗူးတွေကြိုက်တယ်၊ ဆဲတာကြိုက်တယ်၊ အတန်းအောင်ပညာရေး ကြိုက်တယ်၊ လက်ခုတ်သံ..ကြိုက်တယ်၊ ပုစွန်ထုပ်ဟင်းကြိုက်တယ်၊ မီးမပျက်တာ…ကြိုက်တယ်၊ ခရစ်စတီယန်ရော်နယ်ဒိုကြိုက်တယ်၊ ဒူးရင်းသီးကြိုက်တယ်၊ လက်သည်းရှည်ကြိုက်တယ်၊ 

သခင်သန်းထွန်း…ကြိုက်တယ်၊ လစာတိုးတာကြိုက်တယ်၊ မိုးနည်းတာကြိုက်တယ်၊ ဘောင်းဘီတိုကြိုက်တယ်၊ မျိုးကြီးကြိုက်တယ်၊ ခြင်ထောင်လှန်…မီးခွက်မှုတ်တာကြိုက်တယ်၊ ပုညခင်ကြိုက်တယ်၊ တိုင်းတပါးကပြောတာ ကြိုက်တယ်၊ အသားလှဆီလူးရတာကြိုက်တယ်၊ 

အိုဗားမားကြိုက်တယ်၊ ဇေ..ကြိုက်တယ်၊ ဆန္ဒပြတာကြိုက်တယ်၊ ဦးသုမင်္ဂလကြိုက်တယ်၊ ဖျော်ဖြေရေးဂိမ်းကစားနည်းကြိုက်တယ်၊ ဟန်းဆက်ကြီးကြီးကြိုက်တယ်၊ အာဇာနည်ကြိုက်တယ်၊ ပုဂံဘုရားတွေကြိုက်တယ်၊ အုပ်ချုပ်ရေး မကြိုက်ရတာ..ကြိုက်တယ်၊ ပန်းသီးကြိုက်တယ်၊ 

လူကြီးလုပ်ရတာ….ကြိုက်တယ်၊ သီချင်းဆိုပြိုင်ပွဲတွေ ကြိုက်တယ်၊ လက်ဖက်ရည်ဆိုင်ဘောလုံးပွဲကြိုက်တယ်၊ ….နိုင်ငံရေးတရားပွဲတွေ ကြိုက်တယ်၊ တီဗွီဇာတ်လမ်းတွဲကြိုက်တယ်၊ ….ဆန့်ကျင်ဘက်လိင်ကြိုက်တယ်၊ အတင်းပြောရတာ ကြိုက်တယ်၊ 

အမီယာခန်းကြိုက်တယ်၊ ကမ်းခြေကြိုက်တယ်၊ ပြေတီဦးတို့လင်မယားကြိုက်တယ်၊ နိုင်ငံရေးယောင်ယောင် ကြိုက်တယ်၊ ဆန်ကောင်းထမင်းကြိုက်တယ်၊ ဦးဇော်ဇော်ကြိုက်တယ်၊ ပေါင်ကြပ်ဘောင်းဘီကြိုက်တယ်၊ ကုမ္မဏီဝန်ထမ်း……. ကြိုက်တယ်၊

 နီနီခင်ဇော်ကြိုက်တယ်၊ အင်တာနက်သတင်းကြိုက်တယ်၊ မုန့်ဟင်းခါးကြိုက်တယ်၊ ကေတီဗွီမာဆက်ကြိုက်တယ်၊ ကွမ်းတံတွေးဗျစ်ခနဲ…ထွေးရတာကိုကြိုက်တယ်၊ ကျောင်းတက်ရင်း ရည်းစားထားရတာကိုကြိုက်တယ်၊ အချိုမှုန့်ကြိုက်တယ်၊ ဒွေး….ကြိုက်တယ်။


အဲလိုထူး