လင်းသက်ငြိမ် - တွေးပူ​လေ့ကျင့်​ခန်း

 လင်းသက်ငြိမ် - တွေးပူ​လေ့ကျင့်​ခန်း
(မိုးမခ) ဧပြီ ၂၂၊ ၂၀၁၆

ခြုံထဲက မိစ္ဆာ​တွေနဲ့
အ​ယောင်​​ဆောင်​ထားတဲ့ အ​ရောင်​တွေနဲ့
အ​ရေး​ပေါ်​ကောက်ချစ်​လိုက်​ရတဲ့ အချစ်​နဲ့
စ​တေကာများ၊ ပုံပါအင်္ကျီများ
ရဲရဲနီ​တော့မှ နီနီရဲကြ
ခါ​တော်​မီယိမ်းက ​ခြေကျ လက်​ကျ အလွဲများ
အပီအပြင်​ မသီးပွင့်​ရ​သေးဘူး
ခူးမယ့်​လက်​​တွေ တပြင်​ပြင်
ငါတို့နာကျင်​မှုဟာ တချိန်​တုန်းက
သူတို့ရဲ့ဟာသပဲ
ငါတို့ပွဲ​တော်​​တွေမှာ သူတို့ဟာ
ပျော်​ဖို့လာတာသက်​သက်​လား
တချက်​ တချက်​ ပြုံးလိုက်​တိုင်း
အစွယ်​​ရေး​ရေး မြင်​ရ​သေးရဲ့
ပူ​နွေးကြွပ်​ရွ​နေတဲ့ နိုင်​ငံ​တော်​ဆိုတာ
မီးပွား​လေးကအစ ဂရုစိုက်ကြရတယ်
ရယ်​​မော​နေရချိန်​​တွေမှာ
ငို​ကြွေးဖူးတဲ့​ နေ့ရက်​​တွေအ​ကြောင်း
စဉ်းစားသင့်​ မစဉ်းစားသင့်
ဖား​တွေက​​တော့ ခေတ်​အဆက်​ဆက်
မိုးရွာတိုင်း အော်​တုန်းပဲ...။

လင်းသက်​ငြိမ်