အယ်လ်အေမြန်မာမိသားစုများ NLD ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေပွဲ ကျင်းပမည်



အယ်လ်အေမြန်မာမိသားစုများ NLD ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေပွဲ ကျင်းပမည်
(မိုးမခ) ဧပြီ ၇၊ ၂၀၁၆ 

လက်ခံရရှိသော အများသို့ ဖိတ်ကြားစာမှာ အောက်ပါအတိုင်း ဖြစ်သည် 

“NLD လူမှုအထောက်အကူပြုအဖွဲ့နှင့် ၂၀၁၆ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု ရန်ပုံငွေရှာဖွေရေးနှင့်အတူ လူထုကိုယ်စားပြု မြန်မာနိုင်ငံအစိုးရသစ်အား ဂုဏ်ပြုပွဲ” သို့ မြန်မာပြည်ချစ်သူများ အောက်ပါ အစီအစဉ်များအတိုင်း ပျော်ရွှင်စွာ ကြွရောက်ပံ့ပိုး အားပေးကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

https://www.facebook.com/events/996990360385899/

 ကျင်းပမည့်နေရာ - Barnes Park, 350 S Mc Pherrin Ave, Monterey Park, CA 91754
ကျင်းပမည့်အချိန် - နံနက် ၁၀:၃၀ မှ နေ့လည် ၂:၀၀ နာရီအထိ
ကျင်းပမည့်နေ့ရက် - မေလ ၈ ရက်၊ ၂၀၁၆ ခုနှစ် (တနင်္ဂနွေနေ့)
အစီအစဉ် - မြန်မာ့အစားအစာများနှင့် တေးဂီတ ဖျော်ဖြေမှု။

လက်မှတ်နှင့် ဆက်သွယ်ရန် -
ဦးမော်ကြီး (714)262-6930, ဒေါ်မော်နီကာ (626)348-6548, မနီလာစိန် (626)506-9607, မပပသင်း (626)354-3024, ဒေါက်တာ အောင်မျိုးသန့် (626)235-2182, ကိုကျော်ဝဏ္ဏ (626)478-7717
လက်မှတ်တစ်စောင်လျှင် ဒေါ်လာ ၂၀ နှုန်းဖြင့် လှူဒါန်းအားပေးနိုင်ကြပါသည်။

ကြွရောက်အားပေးသူများအား စေတနာရှင်များ ကိုယ်တိုင် ချက်ပြုတ်လှူဒါန်းကြမည့် မြန်မာ့အစားအစာမျိုးစုံဖြင့် ကျွေးမွေးဧည့်ခံကြမည်ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

 မြန်မာပြည် ဒီမိုကရေစီရရှိရေးအတွက် စွန့်လွှတ်အနစ်နာခံခဲ့ကြသည့် နိုင်ငံရေးအကျဉ်းသားများနှင့် မိသားစုများအား ကူညီထောက်ပံ့ပေးနေသည့် လူမှုအထောက်အကူပြုအဖွဲ့အား လှူဒါန်းကူညီခြင်းသည် အမိမြေအား ကျေးဇူးပြုရာရောက်သကဲ့သို့ လူမှု သူရဲကောင်းတို့အား နှစ်စဉ်ချီးမြှင့်ဂုဏ်ပြုနေသော ပြည်သူ့ဂုဏ်ရည်ဆုကို ပါဝင်လှူဒါန်း ရခြင်းသည်လည်း ပြည်တွင်းမှ ပရဟိတစေတနာရှင်များ၏ ပင်ပမ်းနွမ်းနယ်မှုကို အားဆေးတိုက်ကျွေးရသလို ကုသိုလ်များပွားများစေနိုင်ပါသည်။

 အလှူတကာ့အလှူထဲတွင် မိမိတို့ ချွေးနှဲစာထဲမှ မျှဝေလှူဒါန်းခြင်းသည် အမွန်မြတ်ဆုံးအလှူဖြစ်ပြီး၊ ကုသိုလ်လည်းရ ဝမ်းလည်းဝသည့်အပြင် ပျော်ရွှင်ကြည်နူးစွာဖြင့် မြန်မာ့နှစ်သစ် အခါသမယတွင် လူထုရွေးချယ်တင်မြှောက်လိုက်သည့် အစိုးရသစ်အား လော့စ်အိန်ဂျလိစ် မြန်မာမိသားစုများမှ စည်းစည်းလုံးလုံး ကြိုဆိုဂုဏ်ပြုကြပါစို့လို့ နှိုးဆော်လိုက်ရပါသည်။