Amazon မှာ ဈေးဝယ်ရင်းနဲ့ မိုးမခကို အားပေးကူညီပါ


Amazon မှာ ဈေးဝယ်ရင်းနဲ့ မိုးမခကို အားပေးကူညီပါ
(မိုးမခ) မေ ၂၄၊ ၂၀၁၆


နိုင်ငံတကာက မိုးမခစာဖတ်ပရိသတ်များခင်ဗျား

Amazon Smile Program - smile.amazon.com ကနေ တဆင့် သင့်လက်ရှိအကောင့်နဲ့ ဈေးဝယ်မယ်ဆိုရင် Amazon က သင့်ထောက်ခံတဲ့ Charity Non-Profit အဖွဲ့အစည်း မည်သည်ကို မဆို သင့်ဈေးဝယ်တဲ့ ကုန်ကျငွေရဲ့ 0.5% တပြားဝက်ကို စိုက်ထုတ်ပြီး လှူပေးမယ်လို့ ကြေငြာထားပါတယ်။ အွန်လိုင်းဈေးဝယ်ရင်း အလှူလည်း ပြုရာရောက်တဲ့ Amazon Smile ကို သင့်အကောင့်နဲ့ sign up လုပ်လိုက်ကြပါစို့။ မိမိဘက်က ဘာမှ ထပ်ပြီး စိုက်စရာ မလိုပါ။ Amazon က သူတို့လုပ်ငန်းကနေ အလှူလုပ်တဲ့သဘောပါပဲ။

Smile.Amazon.com မှာ Sign-up လုပ်ရာမှာ သင့်စိတ်ကြိုက် စေတနာ့ဝန်ထမ်း အဖွဲ့အမည်မှာ MOEMAKA လို့ ရိုက်လိုက်ပါ။ ကျနော်တို့ရဲ့ အဖွဲ့အစည်းအမည် တန်းပေါ်လာပါလိမ့်မယ်။ ဒါကို select လုပ်ပြီး ထားရုံပါပဲ။ သည်လိုနဲ့ နောင်ဈေးဝယ်တိုင်းမှာ သင် အားပေးနေတဲ့ မိုးမခ မီဒီယာကိုလည်း အလှူထည့်ပေးရာ ရောက်ပါတယ်။

 မိုးမခမီဒီယာဟာ ၂၀၀၄ ခုနှစ်ကတည်းက အမေရိကန်ပြည်ထောင်စုမှာ အမြတ်အစွန်းမရှိတဲ့ စေတနာ့ဝန်ထမ်း စာပေ၊ အနုပညာနဲ့ ပညာရေးဆိုင်ရာ  အဖွဲ့အစည်းတခုအဖြစ် တရားဝင် မှတ်ပုံတင်ထားပါတယ်။ ရရှိတဲ့ အလှူငွေများ အားလုံးကို လုပ်ငန်း လည်ပတ်စာရိတ် အနည်းဆုံးနဲ့  (လစာရ၀န်ထမ်းများ လုံးဝမရှိ၊ ရုံးအခန်းစာရိတ်မရှိ) စာမူခများ၊ ဥာဏ်ပူဇော်ခများ၊ စာအုပ် စာတမ်း မီဒီယာထုတ်လုပ်မှုများ၊ ဖြန့်ချိရေးများသာ သုံးစွဲပါတယ်။ မြန်မာပြည်က ဒီမိုကရေစီ လူ့ဘောင်သစ် ဖွံဖြိုးရေးအတွက်ပဲ သုံးစွဲတဲ့ စေတနာ့ဝန်ထမ်း စာပေလုပ်ငန်း တခုသာ ဖြစ်ပါကြောင်း။