သွန်းခ - "၂ဝ၁၆- နိုင်ငံတကာပညာရေးပြပွဲကြီး"ကျင်းပမည်။



သွန်းခ - "၂ဝ၁၆- နိုင်ငံတကာပညာရေးပြပွဲကြီး"ကျင်းပမည်။
(မိုးမခ) မေ ၁၄၊ ၂ဝ၁၆


မြန်မာနိုင်ငံမှ ကျောင်းသူ၊ ကျောင်းသားများနှင့် နိုင်ငံတကာပညာရေးကို စိတ်ဝင်စားသည့် မိဘများ၊ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်၊ သြစတြေးလျ၊ အင်္ဂလန်၊ စင်္ကာပူ၊ ထိုင်းနိုင်ငံတို့မှ တက္ကသိုလ်ပေါင်း(၁ဝဝ)ကျော်၏ သတင်းအချက်အလက်များရယူနိုင်မည့် "နိုင်ငံတကာပညာရေးပြပွဲ ၂ဝ၁၆"ကို ရန်ကုန်မြို့၊ အလုံလမ်း ရှိ SUMMIT PARKVIEW HOTEL (Ball Room) တွင် မေလ (၂၇) ရက်၊ နံနက် (၁ဝ)နာရီမှ မွန်းလွဲ (၂)နာရီ အထိ ကျင်းပပြုလုပ်သွားမည်ဟုသတင်းရရှိသည်။

 အဆိုပါပညာရေးပြပွဲတွင်အောက်ပါအစီအစဉ်များပါဝင်မည်ဖြစ်ပြီး မိဘများနှင့်ကျောင်းသား၊ ကျောင်းသူများ အား ဖိတ်ကြားထားသည်။

(၁) ဗြိတိသျှကောင်စီမှလည်းပါဝင်ပြသမည်ဖြစ်ပြီး ဗြိတိသျှကောင်စီစာမေးပွဲဌာနနှင့် CROWN Education တို့မှ ပထမဆုံးပေးအပ်မည့် ၁ဝဝ ရာခိုင်နှုန်း IELTS(Training Fees+Exam Fees) ပညာသင်ဆုများ ပေးအပ်မည့် အစီအစဉ်များ

(၂) စင်္ကာပူနံပါတ်(၁) အစိုးရတက္ကသိုလ် National University of Singapore (NUS) မှ စင်္ကာပူ အစိုးရချေးငွေ အပြင် လစာရ အလုပ်သင်ဖြင့် မြန်မာနိုင်ငံသားများကို ပညာသင်ကမ်းလှမ်းသည့်အစီအစဉ်များ

(၃) မြန်မာနိုင်ငံတွင် သင်ယူသည့် ကုန်ကျစရိတ်ဖြင့်ပင် အမေရိကန်တွင် သွားရောက် သင်ယူနိုင်မည့်(မြန်မာနိုင်ငံသားများ ဝင်ခွင့်ပိုမို လက်ခံလာသည့်) အမေရိကန်ကောလိပ်များ လာရောက်မည့်အစီအစဉ်များ

(၄) နိုင်ငံတကာကျောင်းများမှ Grade 9/10 ကျောင်းသားများအတွက် နိုင်ငံတကာတွင် ပညာဆက်လက်သင် ယူနိုင်မည့် ကျောင်းများနှင့် အခွင့်အလမ်းများ

(၅) အင်္ဂလန်ဆေးကျောင်းဝင်ခွင့် ပြင်ဆင်ပေးမည့် တက္ကသိုလ်နှင့် ကောလိပ်များအပြင် ၁ဝဝ ရာခိုင်နှုန်း နှင့် ၅ဝ ရာခိုင်နှုန်း အင်္ဂလန်ပညာသင်ဆုများနှင့် Webster University USA, Thailand Campus မှ ပေးအပ်မည့် ၅ဝ ရာခိုင်နှုန်း ပညာသင်ဆုများအကြောင်းပါဝင်မည်ဖြစ်ကြောင်းလည်းသတင်းရရှိသည်။

လေ့လာနိုင်သည့်ဘာသာရပ်များမှာ အင်ဂျင်နီယာ၊ အိုင်တီ၊ စီးပွားရေး၊ ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များ၊ မြို့ပြအင်ဂျင်နီယာဘာသာရပ်၊  ဗိသုကာ ဘာသာရပ်၊ လေကြောင်း အင်ဂျင်နီယာဘာသာရပ်၊ ရေနံနှင့် သဘာဝ ဓါတ်ငွေ့ထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာဘာသာရပ်၊ MBA, MSc ဘာသာရပ်များအပြင် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်း စီမံခန့်ခွဲမှု ကျောင်းများ၊ ဆေးပညာရပ်ဆိုင်ရာကျောင်းများ ပါဝင်မည်ဖြစ်ပြီး ယခုနှစ် (၁ဝ) တန်းဖြေဆို ထားသည့် ကျောင်းသား၊ ကျောင်းသူများ လေ့လာ၍ ရွေးချယ်သင့်သည့် ဘာသာရပ်များကို တိုင်ပင်ဆွေးနွေးနိုင် ရန်စီစဉ်ထားသည်ဟု CROWN Education Yangon. Myanmar မှ Managing Director ဦးအောင်ကျော်စန်း မှရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါပညာရေးပြပွဲတွင် ကျောင်းသား၊ ကျောင်းသူများအတွက် ရွေးချယ်သင့်သည့် ဘာသာရပ်များနှင့် နိုင်ငံတကာပညာရေးစနစ်များ၊ တက္ကသိုလ်များအကြောင်း ရှင်းလင်းထားသည့် နိုင်ငံတကာပညာရေးလမ်းညွှန် ၂ဝ၁၆ စာအုပ်ကို အခမဲ့ပေးဝေသွားပါမည် ဟုလည်း ၁၁ ရက် မေလ ၂ဝ၁၆ ညနေ ၆နာရီ SUMMIT PARKVIEW HOTEL တွင်ပြုလုပ်ခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲ၌ ဦးအောင်ကျော်စန်း မှပြောကြားခဲ့သည်။

ပညာရေးပြပွဲသို့ တက်ရောက်ရန် CROWN Education, အမှတ် ၂၇ဝ၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်းဝ၁-၅၂၇ ၈၃၈၊ ဝ၉ ၇၃၂ ၇၃၂ ၇၇၊ ဝ၉ ၄၅ဝ ၂ဝဝ ဝ၉ဝ တို့တွင်ဆက်သွယ်စာရင်းပေးနိုင် သည်ဟု သတင်းရရှိသည်။