ရှာဖွေရေး ...

editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဆောင်းယွန်းလ ● အငွေ့

 
ဆောင်းယွန်းလ ● အငွေ့
(မိုးမခ) မေ ၁၈၊ ၂၀၁၆

ဖြူ နီ ၀ါ ပြာ
အရောင်မကွဲသေးတဲ့
အလင်းမှန်း အမှောင်မှန်းမသိသေးတဲ့ ကမ္ဘာကို
တနေရာရာမှာ စတွေ့ခဲ့ဖူးတယ်…

လျာဖျားမှာ တွေ့မိတဲ့
နို့တစက် အရသာကို
ချိုချဉ်ဖန်ခါး မခွဲခြားတတ်ခဲ့သေးပေမယ့်
အော်ဟစ်ငိုကြွေးတိုင်း အရသာတဲ့ အရသာမို့
တပ်မက်ခြင်းမှာ အိပ်မောကျရင်း ရွေ့ခဲ့တယ်…

အတွေ့နဲ့ အရွေ့ဟာ
နောက်ဆုံးမှာတော့ အငွေ့ပါပဲ…။

ဆောင်းယွန်းလ