ဆောင်းယွန်းလ ● တိမ်ငေးသူ (၂)

ဆောင်းယွန်းလ ● တိမ်ငေးသူ (၂)
(မိုးမခ) မေ ၂၄၊ ၂၀၁၆

စိတ်ကူးနဲ့
အိပ်မက်တွေထဲကလွဲရင်
တိမ်ဆိုတာ
အိမ်နဲ့ဝေးလွန်းတဲ့ ကောင်းကင်ကမ္ဘာမှာ ....။

ကြည်ကြည်လင်လင် တိမ်တချို့နဲ့
တရင်းတနှီး မိတ်ဖွဲ့ဖို့
အိမ်ကခွာခဲ့တဲ့ အိမ်ပြေးဟာ
ဘယ်ကမ်းကိုမှ မကပ်နိုင်သေးခဲ့ ....။

ဒီလိုနဲ့..
အိမ်ပြေးဟာ
အဝေးမှာ သာတဲ့လနဲ့
အမြင့်မှာ တောက်တဲ့တိမ်တွေကို
အဝေးက ကြည့်ငေးရင်း
တိမ်တွေနဲ့ဝေး အိမ်နဲ့ဝေးဖြစ်ခဲ့ရ ....။

တိမ်တွေနဲ့
တိမ်ငေးသူ့ရဲ့ကြားမှာ
မဆုံးတဲ့နှစ်တွေသာ ကမ္ဘာခြားသွားခဲ့….။

ဆောင်းယွန်းလ (မေ ၂၃၊၂၀၁၆)