ဟိန်းလတ် ရေး စင်ကာပူ နှစ် ၅၀ပြည့် မွေးနေ့  (သို့ မဟုတ်) အောင်မြင်မှုလျှို့ ဝှက်ချက်


 ဟိန်းလတ် ရေး စင်ကာပူ နှစ် ၅၀ပြည့် မွေးနေ့  (သို့ မဟုတ်) အောင်မြင်မှုလျှို့ ဝှက်ချက်
(မိုးမခစာအုပ်စင်) မေ ၁၂၊ ၂၀၁၆

ပထမအကြိမ် ၊ ၂၀၁၆ ၊မေလ
စာမျက်နှာ -၁၅၆
တန်ဖိုး - ၂၅၀၀ ကျပ်
ဆန်းစသော်တာ စာအုပ်ထုတ်ဝေရေး

 စာရေးသူက စင်ကာပူရဲ့ အောင်မြင်ရေးလျှို့ ဝှက်ချက်တွေကို သိဖို့  တခြားစာအုပ်တွေ တော်တော်များများဖတ်ပြီး ဘာသာပြန်ခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၃ ခုနှစ်ကထုတ်တဲ့ “လီကွမ်ယု” ကိုယ်တိုင်ရေးစာအုပ်ဖြစ်တဲ့ “ကမ္ဘာကြီးအပေါ် လူတစ်ယောက်၏အမြင် ”(One Man’s View of the World) စာအုပ် ၊ “လီကွမ်ယု” ရဲ့ တရုတ်ပြည် ၊ အမေရိကန်နဲ့ တခြားနိုင်ငံ အမြင်တွေ ဖော်ပြထားတဲ့  “Lee Kuan Yew” စာအုပ် ၊ စင်ကာပူရဲ့ အာဏာရပါတီ ဖြစ်တဲ့ “ပြည်သူ
့လှုပ်ရှားမှုပါတီ” (People Action Party) ရဲ့ သမိုင်းကို ဖော်ပြတဲ့ “အဖြူရောင်ဝတ်လူများ” (Man In White) စာအုပ်တွေ ကျွန်တော့်လက်တစ်ကမ်းမှာ ရှိတဲ့အတွက် အကြိမ်ကြိမ် ဖတ်ရပါတယ်။ ဒါတွေ အကုန်ဖတ်ပြီးမှ အခုဘာသာပြန်တဲ့ စာအုပ်ကို ဘာသာပြန်ခဲ့ရတယ်လို့ စာရေးသူ ရဲ့ အမှာစာ မှာ ဖေါ်ပြထားပါတယ်။

ဒီစာအုပ်မှာ - သဘာဝသယံဇာတ ဆိုလို့ ဘာတစ်ခုမှရှိ ၊ သောက်ရေကိုတောင် တခြားနိုင်ငံက ၀ယ်ပြီးသောက်ရတဲ့ နိုင်ငံ ၊ မြေကြီးတောင်ရှားလို့  မြန်မာပြည်ကနေ သဲတွေ သင်္ဘောလိုက်ဝယ်ပြီး မြေဖို့ ရတဲ့ နိုင်ငံ ။ နိုင်ငံက ပိစိညှောက်တောက် ၊ လူဦးရေက ၅ သန်း ၊ နေထိုင်ကြတဲ့ လူတွေကလည်း မျိုးစုံ ။  မလေး ၊ တရုတ် ၊ အိန္ဒိယ …ကမ္ဘာ့နိုင်ငံအသီးသီးက လူမျိုးပေါင်းစုံကလည်း စင်ကာပူနိုင်ငံသား အဖြစ် နေထိုင်ကြ။ ဒီနိုင်ငံငယ်လေးက နှစ် ၅၀ အတွင်း
ကမ္ဘာ့ထိပ်တန်း ချမ်းသာကြွယ်ဝတဲ့နိုင်ငံ ဘယ်လို ဖြစ်လာသလဲဆိုတာ အခု ဘာသာပြန်ထားတဲ့ “ စင်ကာပူ နှစ်၅၀ပြည့် မွေးနေ့ ” စာအုပ်မှာ စင်ကာပူရဲ့ အောင်မြင်မှု လျှို့ ဝှက်ချက် အဖြေတွေ ရေးသားထားပါတယ်။

 စာရေးသူက..” ဒီစာအုပ်ကိုဖတ်ပြီး နောက် မြန်မာနိုင်ငံမှာ အာဏာရပါတီရော ၊ အစိုးရရော ၊ တခြားနိုင်ငံရေး ပါတီတွေ နဲ့  ပြည်သူများအတွက် စဉ်းစားစရာ အတွေးများ ရသွားရင် ဘာသာပြန်ရကျိုး နပ်ပါပြီ “ဟု ဆိုထားပါတယ်။

စာအုပ်ဆိုင်များတွင် ၀ယ်ယူရရှိနိုင်ပါပြီ။