ကိုပညာ (အမရပူရ) ● တောင်သမန်နွေ

ကိုပညာ (အမရပူရ) ● တောင်သမန်နွေ
(မိုးမခ) မေ ၂၁၊ ၂၀၁၆

(မိုးမခ ပြန်လည်ဆန်းသစ်ခြင်း)

အမြင့်ဆုံး အပူဒီဂရီ
တီဗွီက ကြေညာသွားသည်။
လေးဆယ့်သုံး ဒီဂရီ
စင်တီဂရိတ်
တိတ်။
နေပူ
ခြင်ကိုက်
အိုက်။
ဖုန်ထူ
မွှန်လှိုက်
ဟိုက်။
မျက်ရည်ယို
ချွေးစို
အို...
တောင်သမန်နွေ
နေလို့မကောင်းတော့ပါလားကွယ်။ ။

ကိုပညာ (အမရပူရ)

မူလပြန်လည်မျှဝေသူ - ကိုအောင်မြင့်ဦး၊ မန္တလေး လူထုစာကြည့်တိုက်မှူး
မိုးမခက ယနေ့ ပျံလွန်တော်မူသွားသည့် ဆရာတော် ကိုပညာ (အမရပူရ) အမှတ်တရ ထပ်ဆင့် မျှဝေပါသည်။

Website: http://moemaka.com/
Blog: http://blog.moemaka.com/
Facebook: https://www.facebook.com/MoeMaKaNews/
Twitter: https://twitter.com/moemaka
YouTube: https://www.youtube.com/user/moemaka