အမေရိကန်က မြန်မာပြည်၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက်စွဲကိုင်ဆဲ


အမေရိကန်က မြန်မာပြည်၏ စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထား ပိတ်ဆို့မှု ဆက်လက်စွဲကိုင်ဆဲ
(မိုးမခ) မေ ၁၈၊ ၂၀၁၆

ယမန်နေ့က အမေရိကန်ပြည်ထောင်စု၊ ဘဏ္ဍာရေးဌာနက မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် အရေးယူပိတ်ဆို့မှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ရာမှာ လက်ရှိ ပစ်မှတ်ထားပိတ်ဆို့မှုဖြစ်တဲ့ ASIA WORLD လုပ်ငန်းနဲ့ STEVEN LAW ပုဂ္ဂိုလ်တို့ကို ဆက်လက် သက်တမ်းတိုး လိုက်ပါတယ်။

ဒါ့အပြင် အထက်ဖော်ပြပါ သူတို့တွေရဲ့ အစုရှယ်ယာ ၅၀% ပါဝင်နေတဲ့ အောက်ပါလုပ်ငန်းများကိုလည်း နောက်တိုးစာရင်းသွင်း ပိတ်ဆို့လိုက်ပါတယ်။

ASIA MEGA LINK CO., LTD, ASIA MEGA LINK SERVICES CO., LTD, GLOBAL WORLD INSURANCE CO., LTD, GREEN ASIA SERVICES CO., LTD, PIONEER AERODROME SERVICES CO., LTD, SHWE NAR WAH CO., LTD တို့ ဖြစ်ပါတယ်။



အစိုးရပိုင်လုပ်ငန်းတွေဖြစ်တဲ့ - သမဝါယမပို့ကုန်သွင်းကုန်လုပ်ငန်း၊  မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်း၊ မြန်မာ့သစ်လုပ်ငန်း၊ မြန်မာ့ပုလဲလုပ်ငန်း၊ အမှတ်(၁) သတ္တုတူးဖော်ရေးလုပ်ငန်း၊ အမှတ်
(၂) သတ္တုတူးဖော်ရေးလုပ်ငန်း နှင့် အမှတ် (၃) သတ္တုတူးဖော်ရေးလုပ်ငန်း တို့ကို ၂၀၁၆ ခုနှစ် မေလ ၁၈ ရက်နေ့မှစ၍ SDN (ပိတ်ဆို့မှု) စာရင်းမှ ပယ်ဖျက်ပေးလိုက်ပါတယ်။ အစိုးရဘဏ်တွေဖြစ်တဲ့  - မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်၊ မြန်မာ့ရင်းနှီးမြုပ်နှံမှုနှင့်ကုန်သွယ်မှုဘဏ် တို့ကိုလည်း ပယ်ဖျက်လိုက်တယ်လို့ ဆိုပါတယ်။

နှစ်စဉ် သက်တမ်းတိုးတဲ့ ဥပဒေဖြစ်ပြီး အမေရိကန်အစိုးရက တိုက်ရိုက်ထုတ်ပြန်တာမို့ အိုဘားမားက ဆုံးဖြတ်လိုက်တာလို့ ဆိုပါတယ်။ အေရှားဝေါ ကုမ္မဏိဟာ ခေတ်အဆက်ဆက် စစ်အုပ်စုနဲ့ တောက်လျောက် ဆက်ဆံရေးရှိပြီး အချက်အခြာကျတဲ့ ကုန်သွယ်ရေး ကူးသန်းရောင်းဝယ်ရေး ငွေကြေး ၀န်ဆောင်မှုများမှာ အဓိကကဏ္ဍမှာ ဆက်လက် တည်ရှိနေဆဲ ဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။