အောင်ကိုကိုလတ် (တမူး) ● အဖန်ငါးရာငါးကမ္ဘာ

အောင်ကိုကိုလတ် (တမူး) ● အဖန်ငါးရာငါးကမ္ဘာ
(မိုးမခ) မေ ၁၆၊ ၂၀၁၆

လွှတစ်ချောင်းရဲ့လှုပ်ရှားမှုက
သစ်ရွက်တွေကို အငိုက်မိသွားစေတယ်

ချစ်ခြင်းမေတ္တာဟာ အကြီးမားဆုံးပြိုင်ဘက်ပဲ

သစ်ရွက်တွေ သစ်ပင်ပေါ်ကနေ
အစုလိုက် အပြုံလိုက် ခုန်ချကြတယ်

ချစ်ခြင်းမေတ္တာဟာ အနူးညံ့ဆုံးနောင်တပဲ

သစ်ရွက် တရွက်ချင်းစီတိုင်းကို
ဘုရားသခင်ကောင်းချီးပေးပါစေ...။

အောင်ကိုကိုလတ် (တမူး)