ရှာဖွေရေး ...

PO Box 320-207, San Francisco, CA 94132-0207, USA – editors @ moemaka.net ((510) 854-6501)။
မိုးမခ ရုံးစားပွဲ - Home ရုံးခန်းအသစ်၊ အမှတ် (၁၂၄)၊ ၅၇ လမ်း၊ မဟာဗန္ဓုလ လမ်းမ၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့၊
ဖုန်း – ၀၉ ၂၅၂ ၂၄၉ ၀၉၄ ၊ ၀၉ ၄၂၁ ၇၄၃ ၇၅၃ ၊ ၀၉ ၅၀၄ ၁၀ ၅၈ ၊ ၀၉ ၄၃၀ ၄၆၃ ၉၉ (မန္တလေး)။ ။ စာတိုက်သေတ္တာ (၈၂၅)၊ ရန်ကုန်စာတိုက်ကြီး။

ဝါကျဖြူ ● အမှောင်ကိုညထဲ ပြန်ထည့်ခွင့်ပေးသနားပါ

ဝါကျဖြူ ● အမှောင်ကိုညထဲ ပြန်ထည့်ခွင့်ပေးသနားပါ
(မိုးမခ) မေ ၁၂၊ ၂၀၁၆

ကျမရဲ့
မပြောဖြစ်ခဲ့သော/မပြောရဲသော/မပြောသင့်သော မပြောတော့ပါဘူးလေ/မပြောချင်တော့ပါဘူးလေ
/မပြောသင့်တော့ပါဘူးလေ ပါးစပ်ထဲရောက်လာတဲ့တံတွေးတွေ တက်ခေါက်သံတွေ/အံကြိတ်သံတွေ
/ညီးညူသံတွေ/စုတ်သတ်သံတွေ ဈေးပေါင်ကျိုးသွားလို့ လိုရာမရောက်တော့တဲ့မြားချက်တွေကိုထမ်းပြီး
အိပ်မက်အဖြစ်လှေပေါ်တင်ကာ
မြစ်ရေစီးကြောင်းတလျှောက် ရေစီးအတိုင်းမျောပါဖို့
စာအုပ်တအုပ်အဖြစ် စုထပ်ပြီးချုပ်လိုက်တယ်။

ရေဒီယိုရဲ့ပြေးလမ်းတွေ
နံနက်ချိန်ခါတေးသံသာ ပြီးလျှင်...
တီဗွီတွေလည်းခလုတ်နှိပ်လိုက်တာနဲ့
ဘုံဘိုင်ခေါင်းလိုအစီအစဉ်တကျ ကျမဟာ...
ကျမကိုယ်ပိုင်အဖြစ် အရှင့်ထံပါးတွင် သိမ်းဆည်းရန်အတွက်
ကျမကိုပေးသနားတော်မူပါ... အာမင်။

ရေကန်ထဲမှာ သေဆုံးနေတဲ့ရေတွေ
အလိုမတူတဲ့ နေ့ရက်တွေနဲ့အတူ
အမှိုက်/ဒိုက်/ရေမှော်/နုန်းတွေ အိပ်စက်အနားယူနေကြ ။

အကယ်၍သာ...ဆိုတဲ့စကားလုံးကို
အပေါင်မဆုံးသေးဘူးဆိုရင်
"အက်တမ် " ဗုံးတလုံးအဖြစ်
"ဖြူး" တွေခါထုတ်ထားတဲ့ဆူးတောင်တွေ
နေအလင်းရောင်ကခါထုတ်ထားတဲ့အယ်နီညိုတွေ
မသမာလောဘသားတွေခါထုတ်ထားတဲ့
အကျည်းတန်အဖြစ်ဆိုးတွေကို အက်တမ်ဗုံးထဲနေရာတကျပြန်ထည့်ပြီး ။

ဝါကျဖြူ
04.05.2016