မောင်စွမ်းရည် ● ရနံ့ (မောင်လေးမောင် ဂုဏ်ပြု)

 
မောင်စွမ်းရည် ● ရနံ့ (မောင်လေးမောင် ဂုဏ်ပြု)
(မိုးမခ) မေ ၁၉၊ ၂၀၁၆

လှိုင်းလုံးပုတ်လည်း
မလှုပ်မနဲ့ မမြုပ်ခဲ့။ ။

လေပြင်းတိုက်လည်း
မငိုက်မတုန် မဖြုံခဲ့။ ။

နေလျှံထိုးလည်း
မညှိုးမတိမ်း မယိမ်းခဲ့။ ။

မဟူရာရောင် ယင်းကျောက်ဆောင်ထက်
သွေးတစက်မှ ထိုးထွက်ပွင့်ပြီ
နှင်းဆီနီသည်
ဓွန့်ရှည် သင်းပျံ့ လှိုင်လိမ့်မည်။ ။

(လိုင်မော်ဇီး သို့)
(သူငယ်ချင်း လေးမောင်သို့)

မောင်စွမ်းရည်
၃၁-၇-၁၉၇၂

ပုံနှိပ်မှတ်တမ်း - မိုးဝေ မဂ္ဂဇင်း (၁၉၇၂)၊ နွေဦးသစ်မှာ ပေါ်တဲ့ ပွင့်သစ် ကဗျာစာအုပ် (ခုနှစ်မသိ) နှင် ကျွန်းတိုက်ပွဲသူရဲကောင်း ကဗျာဆရာ ရဲဘော်လေးမောင် ဂုဏ်ပြုစာအုပ် (၂၀၁၅ ခုနှစ်၊ ဇူလိုင်လ)

(၁၉-၅-၁၉၇၇ ကိုကိုးကျွန်း ၅၃ ရက် အစာငတ်ခံတိုက်ပွဲတွင် ကျဆုံးခဲ့သော် ကဗျာဆရာ မောင်လေးမောင် (၁၉၃၈-၁၉၇၇) ကွယ်လွန်ခြင်း ၃၉ နှစ်ပြည့် အမှတ်တရ ဂုဏ်ပြု မိုးမခက တင်ဆက်ပါသည်။)