လင်းသက်ငြိမ် ● ဘာလိုလိုကဗျာ

 
လင်းသက်ငြိမ် ● ဘာလိုလိုကဗျာ
(မိုးမခ) မေ ၅၊ ၂၀၁၅

ဆတ်​​ဆော့မိတဲ့​နေ့​တွေဆို တစ်​ခုခုနဲ့ ထိခိုက်​မိ​တော့တာပဲ
ဖဲသမားချင်း ဖဲသမား အဆင်​​ပြေတယ်
လှည်းသမားချင်း လှည်းသမား အဆင်​​ပြေတယ်
ကိုယ်​ဆံပင်​ ကိုယ်​သ​နေစမ်းပါ
ကိုယ့်​လက်​သည်း​ ကိုယ်​ကိုက်​​နေစမ်းပါ
အ​နေအထားက အမှိုက်​မပစ်​ရဆိုရင်​ မကြိုက်​ဘူး
သူပစ်​တဲ့အမှိုက်​ကို​ကောက်​ရင်​ ဟားတိုက်​မယ်
သဘာဝကျရင်​ ဟာသဘယ်​​မြောက်​ပါ​တော့မလဲ
ရန်​ပွဲ​တွေမှာ ဆွဲတဲ့လူ အထိနာတဲ့ဖြစ်​ရပ်​ဆိုတာ
အထူးအဆန်းမှ မဟုတ်​​တော့တာပဲ
CCTV က မင်းကိုကြည့်​​နေတာဟာ
မင်း အမှားလုပ်​မယ့်​အချိန်​​​တွေအတွက်​ပါပဲ
မင်းဘောင်းဘီ​ ဆေးလိပ်​မီး​လောင်​​နေခြင်းအတွက်
လှမ်းပြီးသတိ​ပေးလိမ့်​လို့​ ဘယ်​​တော့မှမထင်​နဲ့
အကြီးကြီး​ပြောပါ .....
အကျယ်​ကြီး​ပြောပါ .....
ဘယ်​သူမှဂရုမစိုက်​မယ့်​အတူတူ​တော့
အနည်းဆုံး ကိုယ့်​ကိုယ်​ကို​ကျေနပ်​တဲ့အထိ​ပေါ့
အေး​အေး​ဆေး​ဆေးဆိုတာ
အေးစက်​​နေတဲ့ ​ဆေးဝါး​တွေနဲ့ ဆိုင်​လား မဆိုင်​ဘူးလား
ဒဏ်​ရာရတဲ့​နေ့မှာ နို့ဆီဗူး​တွေ
လက်​​ဆောင်​ရတယ်​ဆို​တော့
ကံတရားက လှမ်းစ​နောက်​​နေပြီ​လို့ သ​ဘော​ပေါက်​လိုက်
လက်​ညှိုးညွှန်​ရာ​နေရာတိုင်း ​ကြေကွဲစရာကြီးပဲ
ဆွဲလက်​စပန်းချီကားလို
ရေးလက်​စကဗျာလို မနက်​ဖြန်​ဟာ
ပွင့်​မလာ​သေးတဲ့အဓိပ္ပါယ်​​တွေနဲ့
ရယ်​တတ်​ရင်​​တော့ ရယ်​စရာချည်း
ငိုတတ်​ရင်​လည်း ငိုစရာချည်းပဲ
လူစွမ်းလူစနည်းလာပြီဆိုကတည်းက
ဂျာနယ်​ကို​ ဗေဒင်​ပါတာပဲ​ ရွေးဝယ်​ဖြစ်​​လာ​တော့တယ်
ပေါက်​ပန်း​စေး​တွေနဲ့
အ​သေအ​ပျောက်​သတင်း​တွေနဲ့
ကိုယ့်​​​ခြေ​ထောက်​​အောက်​က
မြေကြီးကို အထိတ်​တလန့်​ပြန်​ပြန်​ကြည့်​​နေမိတာ
ခေတ်​​ပေါ်​နေထိုင်​မှုပုံစံပဲ
အ​ခြေအ​နေ​တွေတိုင်းမှာ
နောက်​ကွယ်​က အရိပ်​မည်းကြီးနဲ့ လွှတ်​ မလွှတ်
အဖြစ်​အပျက်​အတိုင်းမှာ
တရားခံ​က​ပျောက်​​နေကြဆို​တော့လည်း
ဗာရာဏသီမှာ ဘာမင်းကြီးရဲ့ ဘာသမီး​တော်​​လေး
အစရှိသဖြင့်​ ဘာမှန်းမသိတဲ့ပုံပြင်​​တွေနဲ့
ဘာလိုလို ကမ္ဘာ
ဘာလိုလို​ နေရာ
ဘာလိုလိုကဗျာကို ခင်​ဗျားဖတ်​ရှုလို့ ပြီးဆုံးပြီလို့
ပြောရင်​လည်း ရပါပြီဆိုတဲ့အ​ကြောင်း ။

လင်းသက်​ငြိမ်