ရွှေပြည်စိုး - လူမနိုင်တော့ မီးရှို့ (အပို်င်း ၁)


ရွှေပြည်စိုး - လူမနိုင်တော့ မီးရှို့ (အပို်င်း ၁)
(မိုးမခ) မေ ၁၆၊ ၂၀၁၆

ဧရာဝတီသတင်းပါ မန္တလေးဈေး
၂၀၁၆- ၄-၂၂ ရက်နေ့ထုတ် ဧရာဝတီသတင်းပါ “မန္တလေးမြို့ ဈေးမီးလောင်မှု အကြောင်းရင်း ယနေ့အထိမသိရသေး” ဟူသောသတင်းခေါင်စဉ်အောက်မှာ “မန္တလေးတိုင်း ဒေသကြီး၌ မတ်လတွင် မီးလောင်မှု ၃၃ ကြိမ်ဖြစ်ပွားခဲ့ရာ ဆုံးရှုံးမှုတန်ဖိုး ကျပ် ၁ ဘီလီယံ ကျော် (၁,၀၇၂,၇၇၃,၅၀၀)ရှိကြောင်း”ဟူသောစာပိုဒ်နဲ့ မီးလောင်မှု ၃၃ ကြိမ်တွင် မြို့နယ် အလိုက် လောင်တဲ့အကြိမ်ကိုပါဖော်ပြထားတဲ့စာပိုဒ်ကိုတွေ့လိုက်ရာ တိုင်းတတိုင်းတည်း တလ အတွင် ၃၃ ကြိမ်လောင်တဲ့မီးဟာ သဘောရိုးနဲ့လောင်တဲ့မီးတွေ မဖြစ်နိုင်ဘူးလို့ တွက်မိပါ တယ်။

အဲလိုတွက်မိလိုက်တာနဲ့တပြိုင်နက် တနိုင်ငံလုံး ဇန်နဝါရီလက မတ်လအထိ လောင် တဲ့ မီးအကြိမ်နဲ့ လောင်ပုံလောင်နည်းတွေကိုပါ လိုက်ကြည့်မိပါတယ်။ ဧရာဝတီသတင်းဌာန ဖော်ပြသလို မန္တလေးတိုင်းတခုတည်း တလအတွင်း ၃၃ ကြိမ်လောင်ရင် ကျန်ပြည်နယ်တွေပါ လောင်တဲ့ မီးတွေကိုပါထည့်ပေါင်းရင် ၃၃ ကြိမ်ထက် များသွားနိုင်တယ်။

တဖန် မန္တလေးတိုင်းအပြင် ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း နဲ့ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်တွေမှာ ဇန်နဝါရီ ဖေဖော်ဝါရီ၊ မတ်လ ပေါင်း ၃ လအတွင်း လောင်တဲ့မီးတွေပါ ထပ်ပေါင်းလိုက်ရင် အကြိမ်ပေါင်း ၆၀ ကျော် သွားမှာ ဖြစ်တယ်။ မီးလောင်ပုံလောင်နည်းတွေကိုပါလိုက်ကြည့်တော့ ပုံစံအမျိုးမျိုးနဲ့ လောင် တာတွေ့ရပြန်ပါတယ်။ ရှို့မီး၊ ကိုယ့်အိမ်ကိုယ်ရှို့မီး၊ ပေါ့ဆမီး၊ ဝါယာရှော့မီး၊ အုပ်ချုပ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့တွေ ရှို့တဲ့မီး၊ တောမီး၊ တောမီးက တဆင့် ကူးစက်မီး … စတာတွေကို တွေ့ရတယ်။ လောင်တဲ့နေရာတွေကို ကြည့်ပြန်တော့လည်း ဈေး၊ ဈေးဆိုင်တန်း၊ လူနေအိမ်၊ ဘော်ဒါ ဆောင်၊ ဂိုဒေါင်၊ ဂက်စ်ပိုက်လိုင်း … စတာတွေ ဖြစ်တယ်။ ကိုယ့်အိမ်ကိုယ် ရှို့တဲ့မီးအပါအဝင် ဈေးတွေ၊ ဆိုင်တန်းတွေကိုရှို့တဲ့မီးတွေဟာ ရည်ရွယ်ချက်ရှိရှိနဲ့ရှို့တဲ့မီးတွေအဖြစ် တွေ့ရတယ်။

မီးလောင်တဲ့ကာလ။
မီးလောင်တဲ့ကာလတွေကိုကြည့်ရင်လည်း ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ် ထွက်ပြီးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)ပါတီဟာ မဲအပြတ်အသတ် အနိုင်ရရှိပြီး နောက် (ဇန္နဝါရီလဆန်းကစ) ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ မင်္ဂလာဈေးမှာ ၂၀၁၆-ဇန္နဝါရီလ-၈-ရက်နေ့က မီးအကြီးအကျယ်လောင်ကျွမ်းပြီးနောက် မီးလောင်မှုတွေဟာ တပြည် လုံးနီးနီး ဆက်တိုက်ဖြစ်ပေါ်လာတာ တွေ့ရတယ်။ ဒီတော့လောင်တဲ့ မီးတွေဟာ ရွေးကောက် ပွဲနဲ့ ဆက်စပ်နေတယ်ဆိုတာ သိသာထင်ရှားနေပါတယ်။ ရွေးကောက်ပွဲမတိုင်မီ ကာလများက မီးလောင်မှုတွေဟာ အခုလောင်တာနဲ့စာရင် မပြောပလောက်ပါဘူး။ အခြား တိုင်းနဲ့ပြည်နယ် တွေမှာလည်း ခုလောက် မရှိသလို မီးလောင်မှုတွေဟာလည်း ခုလောက် မစိပ်ဘူး။ ဒါ့ကြောင့် ဇန်နဝါရီလကစပြီး လောင်တဲ့မီးတွေဟာ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲရလဒ်အဖြေတွေနဲ့ ဆက်စပ်မှု ရှိတယ်ဆိုတာ ထင်ရှားနေတယ်။

လူမနိုင်တော့ မီးရှို့။
ဒီလိုလောင်တဲ့ မီးတွေနဲ့ပတ်သက်လို့ ရှေးခေတ်ကာလများက ဆိုရိုးစကားတခွန်းကို ပြန်ပြီး သတိရမိလိုက်ပါတယ်။ အဲတာက “ကြွက်မနိုင် ကျီမီးရှို့”တဲ့။ ဒါပေမဲ့ မျက်မှောက် သမ္မတ ဦးသိန်းစိန်လက်ထက်မှာတော့ “လူမနိုင်တော့ မီးရှို့”ဆိုတဲ့ ဆိုရိုးစကားသစ် ပေါ်လာပါ တယ်။ ဒီစကားဟာ အကြောင်းမဲ့ပေါ်လာတာ မဟုတ်၊ သမိုင်းတွင်မယ့်ဖြစ်ရပ်တခုပေါ် မူတည် ပြီး ဖြစ်ပေါ်လာတာပါ။ အဲတာက ၂၀၁၅ နိုင်ဝင်ဘ ရွေးကောက်ပွဲမှာ ပြိုင်ဘက်ပါတီတွေ သူနိုင် ငါနိုင် အပြိုင်ကြဲရာက အကြီးအကျယ် ရှုံးနိမ့်သွားတဲ့ ပါတီက ရှက်ရမ်းရမ်းပြီး လူချင်းပြိုင်တာ မနိုင်လို့ “မစားရတဲ့အမဲ သဲနဲ့ပက်”သလို ဈေးတွေ၊ အိမ်တွေကို မီးလိုက်ရှို့တဲ့ သဘောပါ။ ဘာကြောင့်လဲဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲမှာ သူတို့ကြံ့ဖွတ်ပါတီက သေချာပေါက် အနိုင် ရဖို့ တတိုင်းပြည်လုံးရှိ သူတို့အပေါ်သစ္စာခံလက်ပါးစေတွေက အထက်က ခိုင်းစေသမျှ ကျရာ ကဏ္ဍကနေ ဟာကွက်မရှိအောင် အကွက်စေ့၊ ထောင့်စေ့နဲ့ ဝို်င်းဝန်းပံ့ပိုးပေးကြတယ်။ အဲလို အကွက်စေ့စေ့ ထောင့်စေ့စေ့နဲ့စီစဉ်ရေးဆွဲသူကတော့ ရွေးကောက်ပွဲမှာအဓိကအကျဆုံး၊ တာ ဝန်အရှိဆုံးဖြစ်တဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(ပရက) ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေးပဲ ဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ဖွတ်ပါတီကလုံးဝနိုင်ရမယ်လို့ ယုံကြည်စိတ်ချထားကြတဲ့ ကြံ့ဖွတ်ပါတီ ဒုဥက္ကဋ္ဌဦးဌေးဦးက “ရာနှုန်းပြည့်နိုင်ရမယ်”၊ ကြံ့ဖွတ်ပါတီမှာ အရေးပါအရာ ရောက်သူ ဦးနန္ဒကျော်စွာကလည်း “တပြည်လုံး အစိမ်းရောင်လွှမ်းမိုးစေရမယ်” လို့ ရွေး ကောက်ပွဲကာလ မတိုင်မီကတည်းက ကြိုတင်ပြီး လူသိရှင်ကြား ကြွေးကြော်ထားခဲ့ပါတယ်။

ရွေးကောက်ပွဲနဲ့ ရွေးကောက်ပွဲ ကော်မရှင်
နိုင်ငံတနိုင်ငံရဲ့ရွေးကောက်ပွဲဟာ ၎င်းနိုင်ငံရဲ့ အနာဂတ်ကာလ ဖွံ့ဖြိုးတိုးတက်ရေး၊ ကမ္ဘာ့အလယ် တင့်တယ်ရေးတို့အတွက် နိုင်ငံခေါင်းဆောင်ကောင်းနဲ့ အစိုးရကောင်းကို ရွေး ချယ် တင်မြှောက်ရမယ့် သေရေးရှင်ရေးတမျှအရေးကြီးတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ရွေး ကောက်ပွဲကော်မရှင်ဆိုတာလည်း ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ အားလုံး ကို လွတ်လပ်မျှတ၊ ဒီမိုကရေစီနည်းကျပြီး ဘက်လိုက်မှုကင်းရှင်းစွာ ကျင်းပပေးရမယ့် တာဝန် ရှိတယ်။ ပြည်သူတွေကိုလည်း ၎င်းတို့ရဲ့စစ်မှန်တဲ့ ဆန္ဒတွေကို မှန်ကန်စွာဖော်ထုတ်ခွင့် ပေးရ မှာ ဖြစ်တယ်။ အလားတူရွေးကောက်ပွဲဝင်မယ့် ပါတီနဲ့ကိုယ်စားလှယ်လောင်း အားလုံးအတွက် တရားမျှတတဲ့ စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ပေးရမယ်။ လွှတ်တော်ကိုယ် စားလှယ်လောင်း တွေအပေါ် ချုပ်ချယ်ကန့်သတ်မှု၊ ခြိမ်းခြောက်မှုရှင်းစွာ၊ ဘေးအန္တရယ်ကင်းစွာနဲ့ လွတ်လပ်စွာ လှုပ်ရှားသွားလာ မဲဆွယ်၊ တရားဟောပြောခွင့်ပြုရမယ်၊ ရွေးကောက်ပွဲဝင်မယ့် ပါတီတွေကြား သူ့ဘက်ကိုယ့်ဘက်မလိုက်ဘဲ ဒိုင်လူကြီးပီပီကြားက မျှတအောင်ထိန်းသိမ်းပေးရမှာ ဖြစ်တယ်။ ဒါမှ ရွေးကောက်ပွဲကော်မရှင်ရဲ့ အင်္ဂါရပ်တွေနဲ့ ညီမှာ ဖြစ်တယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရာထူး။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရာထူးဆိုတာ မြန်မာနိုင်ငံမှာ အမြင့်ဆုံးရာထူး ကြီးတွေထဲမှာပါတဲ့ ရာထူးကြီးတခုပါ။ NLD အစိုးရသစ် သမ္မတဦးထင်ကျော် ၂၀၁၆-၄-၂၇ ရက်နေ့က ထုတ်ပြန်တဲ့ “ပြည်ထောင်စု အင်္ဂါစဉ်သတ်မှတ်ချက်” အရ ရာထူးအဆင့်ပေါင်း ၃၈ ဆင့်ထဲမှာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်(ပရက) ဥက္ကဋ္ဌရာထူးဟာ အဆင့် ၁၀ မှာ ရှိ နေပါတယ်။ သူ့အဆင့်အောက်မှာ ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည် ထောင်စု စာရင်းစစ်ချုပ် အပါအဝင် ၂၈ ဆင့် ရှိနေပါသေးတယ်။ (7 Day Daily, 4-30-2016)

ဒီလောက်ကြီးတဲ့ နိုင်ငံတော်အဆင့်ဝင် ရာထူးကြီးကိုကိုင်ထားတဲ့ ဦးတင်အေး ထုတ် ပြန်လိုက်တဲ့ မဲဆန္ဒရှင်မဲစာရင်းမှာ အမှားအယွင်းတွေ အမြဲတမ်းပါနေတဲ့အတွက် နိုင်ငံရေးပါတီ တွေ၊ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေး အဖွဲ့အစည်းတွေနဲ့ စာရေး ဆရာတွေ၊ ပြည်သူတွေက ပြစ်တင်ဝေဖန်၊ ရှုတ်ချကြပေမဲ့ အရှက်မရှိသူပီပီ ခတ်တည်တည်နဲ့ပဲ အမှားအယွင်းစာရင်းတွေ ဆက်ထုတ်တာပဲ။ သူဟာ နိုင်ငံတော်အဆင့် ရာထူးရှင်ကြီးဖြစ်နေလို့ သူ့ဂုဏ် သူ့ရာထူး သူ့သိက္ခာတို့ကို မထိန်းသိမ်း မထောက်ထားပေမယ့် နိုင်ငံတော်ရဲ့ဂုဏ် သိက္ခာကိုတော့ ထိန်းသိမ်းထောက်ထား သင့်ပါတယ်။ ခုတော့ သူတို့ရဲ့ “ကြံ့ဖွတ်ပါတီ အနိုင်ရ ဖို့” ဆိုတဲ့ အတ္တလွန်ကဲမှုကြီးကြောင့် နိုင်ငံတော်ရဲ့ဂုဏ်သိက္ခာကျဆင်းပြီး သူလည်း အရှက်ကွဲ ရတယ်။ သာမန်အရပ်သား ဝန်ထမ်းတယောက်ကိုခိုင်းရင်တောင် သူ့လောက် အမှားအယွင်း မရှိနိုင်သလို သူ့လောက်အရှက်မကွဲနိုင်ဘူး။

ဒီလောက်အရေးကြီးတဲ့ နိုင်ငံတော်ရာထူးကြီးအတွက် သူ့သိက္ခာရော၊ နိုင်ငံတော် ဂုဏ် သိက္ခာပါကျဆင်းအောင်လုပ်တဲ့သူကိုခန့်အပ်လိုက်တဲ့ သမ္မတဦးသိန်းစိန်ကလည်း ဦးတင်အေး လို အကျင့်တူ၊ စရိုက်တူ ငါ့ပါတီနိုင်ရင်ပြီးရောဆိုတဲ့ အတ္တစွဲလွန်ကဲမှုကြောင့် ဦးတင်အေးလို ရှက်ရမှန်းမရှိတော့ဘူး။ အာဏာရမ္မက်ငမ်းငမ်းတက်နေသူတွေဟာ သူတို့လိုလားချက်ရအောင် လုပ်ဖို့ဆိုရင် အဝီစိငရဲအိုးထဲရောက်ရောက် လုပ်မယ့်သူတွေဆိုတာ လူကိုမပြောနဲ့ ရဟန်း သံဃာများကို ဖမ်းဆီးရိုက်နှက် သတ်ဖြတ် … စတဲ့ လုပ်ရပ်ဆိုးတွေကိုကြည့်ပြီး မှတ်ချက်ချ လိုက်ရပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဆိုတာ။
၂၀၁၅ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဘယ်သူမှန်းမသိသေးသူအတွက် မိတ် ဆက် ပေးပါမယ်။ သူဟာ စစ်တပ်က ဒုဗိုလ်ချုပ်ကြီးဟောင်း၊ မြန်မာနိုင်ငံ စီးပွားရေဦးပိုင်လီမီတက် ဥက္ကဋ္ဌဟောင်း၊ တံတားဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ၂၀၁၄-ခု ကြား ဖြတ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း၊ (၂၀၁၄ ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန် ရောက်ခါနီးမှ ဖျက်သိမ်းလိုက်) လက်ရှိကြံ့ဖွတ်ပါတီ ထိပ်တန်းခေါင်းဆောင် ဦးတင်အေး ဖြစ်ပါ တယ်။ ဒီလောက်ဆို သူဟာ အတွေ့အကြုံ ဝါရင့်သမ္ဘာရင့် စားဖားကြီး ဖြစ်တယ်ဆိုတာ သိလောက်ပါပြီ။

ပေးကြပြီ ကတိတွေ
ဝါရင့် သဘာရင့် စားဖားကြီးဦးတင်အေးဟာ သူ့ကိုအထင်ကြီးအောင် ယုံကြည်အောင် ယုတ္တိရှိရှိပြောတဲ့နေရာမှာလည်း ကျွမ်းကျင်ပါတယ်။ သူက - ၁။ ၂၀၁၀ ရွေးကောက်ပွဲလို ခါးသီးစရာမဖြစ်စေရဘူး။ ခါးသီးတဲ့အတွေ့အကြုံ မဲမသမာမှုတွေ၊ ကြိုတင်မဲ ပြဿနာတွေကို လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ မကြုံရအောင် ကြိုးစားသွားမယ်” လို့ ၂၀၁၂-၃-၂၈ ရက် နေ့က နေပြည်တော်မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးတင်အေးကိုယ်တိုင် သတင်း ထောက်တွေကို ကြိုတင်ပြောကြားခဲ့ပါတယ်။ (RFA, Oct-11-2013)။

ဦးတင်အေးသာမက (ပရက)အဖွဲ့ဝင် ဒေါက်တာ ဒေါ်မြင့်ကြည်ကလည်း “၂၀၁၀ ရွေး ကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ပတ်သက်ပြီး ပြဿနာတွေအများကြီး ဖြစ်ခဲ့တယ်။ ၂၀၁၅ ရွေး ကောက်ပွဲမှာ ကြိုတင်မဲမသမာမှု အတတ်နိုင်ဆုံးမဖြစ်အောင် ဆောင်ရွက်မယ်၊ မဲမသမာမှု မရှိ ဖို့ ပွင့်လင်းမြင်သာမှုရှိအောင် လုပ်ဆောင်သွားမယ်”လို့ ရန်ကုန်မြို့  Summit Park View ဟိုတယ်မှာကျင်းပတဲ့ (ပရက)နဲ့ နိုင်ငံရေးပါတီသတင်းမီဒီယာတွေနဲ့တွေ့ဆုံပွဲမှာ ကတိပေး သွားပါသေးတယ်။ (RFA, MIZZIMA, APR-2/3-2015)

ဒါတွေကိုကြည့်ခြင်းအားဖြင့် ဦးတင်အေးရော ဒေါ်မြင့်ကြည်ကပါ ၂၀၁၀ ရွေးကောက် ပွဲတုန်းက ကြိုတင်မဲအများကြီး ခိုးခဲ့တာတို့၊ မဲမသမာမှု နည်းမျိုးစုံလုပ်တာတို့ကြောင့် ကြံ့ဖွတ် အနိုင်ရယူခဲ့တာတို့ကို ဝန်ခံပြီးသားဖြစ်နေသလို သူတို့ ၂ ယောက်စလုံးက ၂၀၁၀ ရွေးကောက် ပွဲကျင်းပစဉ်က ကျင့်သုံးခဲ့တဲ့မဲမသမာမှုတွေကိုရရှိပြီးသားဖြစ်တယ်ဆိုတာ ဝန်ခံပြီးသား ဖြစ်နေ ပါပြီ။ ဒီတော့ သူတို့ရဲ့ “မစားရ ဝခမန်း” ကတိတွေ မတည်ဘူးဆိုတာ တွေ့ရပါလိမ့်မယ်။

ထုတ်ပြီး စည်းမျဉ်း၊ စည်းကမ်းတွေ။
ဦးတင်အေးကိုယ်တိုင် ဖွင့်ဟချက်အရ ၂၀၁၅ ရွေးကောက်ပွဲကို ဘယ်လောက် သန့် ရှင်းအောင် လုပ်မယ်ဆိုတာကို ကတိပေးထားတာ အားလုံးအသိပါ၊ သူဟာ သူ့ရဲ့ကြံ့ဖွတ်ပါတီ အနိုင်ရဖို့အတွက် ပြိုင်ဘက်ပါတီတွေခေါင်းမထောင်နိုင်အောင် တဖက်သတ်တင်းကျပ်တဲ့စည်း မျဉ်းစည်းကမ်းတွေထုတ်ပြီး ချုပ်ကိုင်တယ်။ အလားတူ မဲဆန္ဒရှင်တွေ၊ ကိုယ်စားလှယ်လောင်း တွေ စိတ်မချမ်းမြေ့အောင် ခြိမ်းခြောက်မှုတွေလုပ်တယ်၊ ဒါပေမဲ့ သူကိုယ်တိုင်နဲ့ သူ့ဘက် တော်သား လက်ပါးစေတွေရဲ့မှားယွင်းမှုတွေ၊ ဥပဒေနဲ့မညီတဲ့ ကျူးလွန်မှုတွေလုပ်ရင် ဘယ်လို အရေးယူမယ်၊ ဘယ်လိုအပြစ်ရမယ်ဆိုတာမျိုး တခုမှမယ်မယ်ရရ မထုတ်ပြန်တဲ့အပြင် သူနဲ့ သူ့ဘက်တော်သားတွေကို ပြစ်တင်ဝေဖန်ရင်တောင် သူက အကာအကွယ်ပေးလိုက်ပါသေး တယ်။

အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ လက်ပါးစေတွေ လက်စွမ်းပြပြီ။
အထက်လူကြီးတွေရဲ့ စားကြွင်းစားကျန် အရိုးအရင်းတွေကိုကိုက်ရတဲ့ အောက်ခြေ လက်ပါးစေတွေက အထက်လူကြီးအကြိုက် ရွေးကောက်ပွဲနီးလာတာနဲ့ ကြံ့ဖွတ်ပါတီနဲ့ ပြိုင် ဘက် ပါတီတွေရဲ့ပါတီအလံတွေ၊ ဆိုင်းဘုတ်တွေကို ဖြိုချဖျက်ဆီး၊ ပါတီရုံးကို ဗုံးခွဲဖျက်ဆီး ကြ။ ပါတီကိုယ်စားလှယ်လောင်းတွေကို သွားပုတ်လေလွင့် ပြော၊ မလျော်မကန်တဲ့ စာတွေ ရေးပြီး ဖြန့်ဝေ၊ ဆဲဆို ကြိမ်းမောင်းကြ၊ မဲဆွယ်တရားဟောပြောတဲ့ ကာလတွေမှာလည်း ခြိမ်း ခြောက်နှောင့်ယှက်ရုံမက ဘယ်မသွား၊ ဘာမလုပ်ရလို့ ကန့်သတ်ရုံမက ခဲတွေ၊ လေးခွတွေနဲ့ ပစ်၊ ရိုက်နှက် ထိုးကြိတ်၊ ဓားနဲ့ခုတ်၊ တုတ်နဲ့ရိုက် … စတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်စော် ကားမှုတွေပါ လုပ်လာကြတယ်။ ဒီလိုလုပ်တာ အခံရဆုံးကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD)ပါတီကိုယ်စားလှယ်လောင်းတွေ ဖြစ်တယ်။ ဒီလက်မရွံ့ လူရမ်းကားတွေဟာ အာ ဏာရကြံ့ဖွတ်ပါတီအားကိုးနဲ့ ခုလို လက်ရဲဇက်ရဲ ဥပဒေမဲ့စည်းကျော် ဘောင်ကျော် လုပ်တယ် ဆိုတာ ဘယ်သူမှမငြင်းဆိုနိုင်ကြပါဘူး။

ငွေပုံအောပြီး မဲဆွယ်ကြတဲ့ ကိုယ်စားလှယ်လောင်းတွေ။
၂၀၁၅ ရွေးကောက်ပွဲဝင်ပြိုင်ကြမယ့် ကြံ့ဖွတ်ကိုယ်စားလှယ်လောင်းတွေဟာ သူတို့ အနိုင်ရရေးအတွက် မိမိတို့ဝင်ပြိုင်မယ့်မြို့နယ်ခံ အသက် ၁၀၀ ကျော်တွေကို ကန်တော့ ဟန် ပြပြီး ငွေလှူပြီး မဲဆွယ်တာတို့၊ ထီး၊ ဆန်ဆီ၊ ပြက္ခဒိန်၊ ကျောင်းဝတ်စုံ၊ ကျောင်းသုံးစာအုပ်၊ ကွန်ပျူတာတို့ လှူဒါန်းပြ။ ရေရအောင်၊ မီးရအောင် လုပ်ပေးမယ်တို့၊ ကမ္ဘာ့အဆင်မီမြို့ဖြစ် အောင် တည်ဆောက်မယ်တို့၊ စင်ကာပူနိုင်ငံလိုဖြစ်အောင် လုပ်မယ်တို့၊ လယ်သမား အခွင့် အရေး အပြည့်အဝရအောင် လုပ်မေးမယ်တို့၊ မီတာဘောက် လုပ်ပေးမယ်၊ Sky Net ရုပ်သံ ဖမ်းစက် တပ်ပေးတာတို့၊ လယ်မြေအမည်ပေါက်အောင် လုပ်ပေးမယ်လို့ လေနဲ့ မျှားကြတယ်။ ကျိကျိတက်ချမ်းသာတဲ့သူတွေက ကျပ်သိန်းပေါင်း ၃၀၀၀ ကျော်/ သိန်း ၄၀၀၀ ကျော်၊ ကျပ် သိန်းပေါင်း ၁ သောင်းကျော်သုံးလှူတာတို့၊ ကွန်ကရစ်လမ်းပေါင်း ၄၀ ဆောက်လုပ် ပေးလှူခဲ့ တယ်လို့လည်း တရားဝင်လူသိရှင်ကြား ပြောကြတယ်။ ဒါ့အပြင် နာမည်ကျော် Sexy မော်ဒယ် လ်တွေကို ကျပ်သန်းချီပေးပြီး မြှူဆွယ်ခိုင်းတာတို့…စတဲ့ မသမာတဲ့ အောက်တန်းကျတဲ့ နည်းပေါင်းစုံ အသုံးပြုကြတယ်။ “သြော် … အတော်အောက်တန်းကျတဲ့ ပါတီပါလား”လို့ မှတ် ချက်ချမိတယ်။

ဒါပေမဲ့ ဒီလူတွေဟာ ရွေးကောက်ပွဲမတိုင်မီကာလများက ပြည်သူတွေအတွက် ဘာမှ သုံးတာမတွေ့ရဘူး၊ ရွေးကောက်ပွဲရောက်ခါနီးမှ ခုလို ကျပ်သိန်းပေါင်း ရာ၊ ထောင်၊ သောင်း ချီပြီး သုံးတဲ့ငွေတွေ ဘယ်ကဘယ်လိုရလာတာလဲလို့ စဉ်းစားလေ သံသယ ဖြစ်လေပါ။ သူတို့ က အဲလိုငွေတွေပုံအောပြီးသုံးနေချိန်မှာ သူတို့လိုမသုံးနိုင်တဲ့ NLD ပါတီနဲ့ အခြားပါတီတွေက ပြည်သူတွေအပေါ် သစ္စာ မေတ္တာနဲ့ ပြည်သူတွေရဲ့ နွေးထွေးတဲ့တုံ့ပြန်မှုကိုခံယူဖို့ နှလုံးသားထဲ က ထွက်လာတဲ့ စစ်မှန်တဲ့ စကားတွေပဲပြောပြီး မဲဆွယ်ကြတာ တွေ့ရတယ်။

ထုတ်ပြီး မဲစာရင်း အမှားအယွင်းတွေ။
“၂၀၁၀ ရွေးကောက်ပွဲတုန်းက ကြိုတင်မဲနဲ့ ကလိမ်ကကျစ်ကျပြီး ကြံ့ဖွတ်အနိုင်ရသွား တာ မှန်တယ်၊ ဟုတ်ပါတယ်” လို့ ဝန်ခံထားတဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး ဟာ ကြံ့ဖွတ်ပါတီအနိုင်ရအောင် ၂၀၁၀ ရွေးကောက်ပွဲကရထားတဲ့ ဗဟုသုတတွေနဲ့ သူကိုယ် တိုင် တီထွင်ကြံဆထားတဲ့ ကြိုတင်မဲခိုးနည်းနဲ့ အခြားမဲမသမာနည်းတွေပေါင်းစပ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ သေချာပေါက်အနိုင်ရအောင် အကွက်စေ့စေ့ ထောင့်စေ့စေ့နဲ့ လုပ်ပါတော့ တယ်။ ဦးတင်အေးက ကမ္ဘာပေါ်မှာမရှိဘူးသေးတဲ့ ရွေးကောက်ပွဲဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေနဲ့ ကြိုတင်မဲခိုးနည်း၊ မဲလိမ်၊ မဲဝယ်၊ မဲမသမာလုပ်နည်းတွေ၊ အသစ်အဆန်း တီထွင် လိုက်တဲ့ မဲခိုးနည်းပေါင်းစုံ အပြည့်အစုံကိုဖော်ပြရရင် များလွန်းလို့ လေ့လာမိတဲ့အထဲက လို ရင်း အချက်အလက်တွေကိုသာ ကောက်နုတ် ဖော်ပြပါမယ်။

မှားယွင်းမှုအပေါင်း သရဖူဆောင်းတဲ့ ဦးတင်အေး။
ဦးတင်အေးဟာ အာဏာရကြံ့ဖွတ်ပါတီ အနိုင်ရရှိရေးအတွက် မဲဆန္ဒရှင်တွေ စိတ် ညစ် ပြီး မဲမပေးတော့မှ ကြံ့ဖွတ်ပါတီ အနိုင်ရအောင် … စတဲ့ ယုတ်မာတဲ့ ရည်ရွယ်ျက်နဲ့ မဲစာရင်း အမှားအယွင်းမျိုးစုံကို အဆက်မပြတ်ထုတ်တာဖြစ်တယ်။ သူဟာ ပထမအကြိမ်က နောက်ဆုံး လေးကြိမ်မြောက်ထိ မဲစာရင်းတွေဟာ မမှားတဲ့မဲစာရင်းရယ်လို့ မရှိပါ။ မှားတာမှ ၃၀% မှ ၇၀%ထိ မှားတယ်လို့ အတိုက်အခံပါတီတွေဘက်က မဲစာရင်းစိစစ်ရေးအဖွဲ့တွေက ပြောပါ တယ်။

အပိုင်း (၂)ကို ဆက်ကြည့်ပါ။

“လိမ်ညာမှုအပေါင်း၊ မှားယွင်းမှုအပေါင်း သရဖူဆောင်းတဲ့ ဦးတင်အေး”ကို အပိုင်း(၂) တွင် ဆက်လက် ရှုစားကြပါ။ မကြာမီ ထုတ်ပြန်ပါမယ်။