တင်လတ်ကို ● ငါ့ဇာတ်ထုတ်

 
တင်လတ်ကို ● ငါ့ဇာတ်ထုတ်
(မိုးမခ) မေ ၁၄၊ ၂၀၁၆

ရေကုန်ရေခန်းပဲ
ပုဝါမကူကြေးပဲ
အဲ့ဒီလို။

ပျော်ပျော်ကြီး
ပြုံးပြုံးကြီး
လောကဓံက ဧည့်ခံသမျှ
အဲ့ဒီလို။

တခုပဲ
မျက်နှာဖုံးခွာချလိုက်တဲ့အခါ
မျက်ရည်စိုရွှဲနေတဲ့နှလုံးသားအား တွေ့ရလိမ့်
အဲ့ဒီလို။

ဒါဟာ
သင့်အကြောင်းဖွဲ့နွဲ့ခြင်းလို့
ထင်ချင်လည်း ထင်ပေလိမ့်
အဲ့ဒီလို။ ။

တင်လတ်ကို