ဇော်အောင် (မုံရွာ) ● မလုပ်တတ်ရင် ဘာလုပ်လုပ်ရှုံးတယ် ... မြန်မာပြည်ဆို ပိုရှုံးတယ်

 
ဇော်အောင် (မုံရွာ) ● မလုပ်တတ်ရင် ဘာလုပ်လုပ်ရှုံးတယ် ... မြန်မာပြည်ဆို ပိုရှုံးတယ်
(မိုးမခ) မေ ၂၅၊ ၂၀၁၆

ဦးသိန်စိန်အစိုးရ တက်ကာစ လုပ်ငန်းရှင်တွေအရှုံးပေါ် ဒုက္ခရောက်ခဲ့ပါတယ်။ အစိုးရကောင်းတော့မယ်ဆိုတော့ ဆင်းရဲချမ်း သာမျှလာတော့မယ်ဆိုပြီး ကန်ဒေါ်လာဈေး ၈၅၀ ထိအောင် ဈေးကျသွားပါတယ်။ ဒါပေမယ့် ၅ နှစ်အကြာ ဆင်းရဲသားတွေ ပိုဆင်းရဲသလိုဖြစ်ပြီး သူဌေးတွေ ပိုပြီး ကျိကျိတက်ချမ်းသာလာတယ်။ အခွန်ရှောင်နိုင်တော့ ပိုချမ်းသာတာပါပဲ။ ပညာ တတ်တွေလည်း ပိုပြီးချောင်လည်လာပါတယ်။ မွဲတေမှုကတော့ နည်းနည်းလေး ကောင်းလာပေမယ့် ၇၀ ရာခိုင်နှုန်း လယ် သမားဘဝ မထူးခြားသေးပါ။

အခု ဒေါ်အောင်ဆန်းစုကြည် အင်အယ်ဒီကို အာဏာလွှဲပေးလိုက်တော့ ကောင်းလာမလား၊ ဒေါ်လာဈေး ၁၃၀၀ ကနေ ၁၁၈၀ ထိ ကျဆင်းသွားပါတယ်။ မူယစ်ကုန်ကူးသူအကြီးစားများ ခြစားသူအရာရှိကြီး စစ်ဗိုလ်ဟောင်းအပေါင်းပါ ခရိုနီများ ကို ပြောင်းလဲချိန်တန်ပြီ ပြောတဲ့အတိုင်း တကယ်လုပ်ပြလာပါတယ်။

ငွေမဲပိုင်ရှင် မူးယစ်နဲ့ ခြစားအရာရှိ မိသားစုတွေက သူတို့ငွေမဲတွေကို ဖြူလာအောင် ....

၁။  နိုင်ငံခြားကို မိသားစုတွေပို့ထားပြီး ခြစားငွေတွေနဲ့ ဒေါ်လာသန်းချီတန်တဲ့ ကွန်ဒိုတိုက်ခန်း ပရိုက်ဗိတ်အိမ်တွေဝယ်တယ်။

၂။ အိမ်ခြံမြေတွေ မတန်တဆ ဈေးနဲ့ လျှောက်ဝယ်တယ်။ ဈေးသိပ်ကြီးသွားပြီဆိုတော့ နောက်တနည်း ပြောင်းပြန်တယ်။

၃။ ဟိုတယ်တွေ၊ ရာဘာစိုက်ခင်းတွေ၊ စူပါမတ်ကက်တွေ၊ အထပ်မြင့်အိမ်တွေ၊ လဘက်ရည်ဆိုင်ကြီးတွေ၊ စားသောက်ဆိုင် ကြီးတွေ၊ ဓါတ်ဆီဆိုင်ကြီးတွေ .. ဓါတ်မြေသြဇာစက်ရုံတွေ စသဖြင့် စီးပွားလုပ်ကြတယ်။ ခြစားပဲတတ်ပြီး စီပွားမလုပ် တတ်တော့ ရှုံးပြီးရင်း ရှုံးလို့ နောက်ဆုံး လုပ်တတ်သူလက်ထဲ ထိုးအပ်ရတယ်။ အများစုကတော့ ခြစားငွေတွေနဲ့ အရှုံးခံ ခပ်တည်တည်နေဆဲပါပဲ။

၎။ နောက်ဆုံနည်းကတော့ စတော့ရှယ်ယာပေါ်လာလို့ မလုပ်တတ်ပဲ ငွေမဲ ငွေဖြူလုပ်ချင်တဲ့ ခြစားငွေ အခွန်ရှောင်ငွေတွေ စောစောစီးစီး တလအတွင်းမှာ ပြုတ်သွားတာ အကောင်းမြင်အနေနဲ့ မြန်မာစတော့မားကက် အောင်မြင်သွားပြီလို့ သတ် မှတ်လိုက်ပါတယ်။

နိဂုံး
စင်ကာပူလူထုဆီက ငွေရင်းတွေ ဒေါ်လာ သန်း ၇၀၀ ကျော်ရအောင် Stock Market နဲ့ယူခဲ့တဲ့ သူဌေးကြီး ဆပ်ခ်ျပန်ကို လေးစားမိပါတယ်။ အခု မြန်မာပြည်က ငွေတွေပိုနေတဲ့သူဌေးတွေဆီက ဒေါ်လာသန်းပေါင်းများစွာ ရအောင်ယူသွားပါပြီ။

မှတ်ချက်
နိုင်ငံခြာကပြန် အင်ဂျင်နီယာကြီးက မြန်မာပြည်ပြန်လာပြီး အုတ်ဖုတ်လုပ်ငန်းလုပ်တာ ၆ လနဲ့ ခွက်လန်ရှုံးသွားပါကြောင်း။ မရောင်းရသေးတဲ့ အုတ်တွေ ..အကုန်ဝယ်မယ့်သူပေါ်လာရင်တောင် လုပ်အားခနဲ့ ခွက်လန်နေဆဲပါပဲ။ ဆက်လုပ်ရမလား စဉ်းစားမနေတော့ပဲ ရပ်လိုက်ပါပြီ။