ခင်အောင်အေး ● ရန်ကုန်


ခင်အောင်အေး ● ရန်ကုန်
(မိုးမခ ကဗျာ) မေ ၂၊ ၂၀၁၆

မိုးနည်းနည်းရွာတယ်
အပူချိန် အထိုက်အလျောက်ကျတယ်
ဘတ်စ်ကားနဲ့ ဒရိုင်ဘာတွေ စပယ်ယာတွေ
heat တက်နေတုန်းပဲ နိုင်ငံရေး ရေချိန်ဟာ
တိုင်းတာမှု ကိရိယာတွေကို မင်တက်မိစေတယ်
ရန်ကုန်သူ ရန်ကုန်သားများ အလှုပ်ရှားမပျက်
(နို့ - မင်းက ရန်ကုန်သားအစစ်လား.. ဒါဖြင့်မင်းကရော..)
မေးခွန်းများဟာ စစ်တန်းလျားတခုလို ညီညာစွာ အမိန့်
နာခံလျက် ဆောက်လက်စ တိုက်ကြီးများရဲ့ မရေရာ မခိုင်မာ
တဲ့ မျှော်လင့်ချက် အိမ်ဆောက်ပစ္စည်းမျိုးစုံများတွေ ဒရဟော
နိမ့်ကျ နေ့စားခနဲ့ ဇွတ်ကြိတ်မှိတ်လုပ်နေရတဲ့ လုပ်သားတွေ
ဒရဟော အပေါစား ဖုန်မှုန့်တွေနဲ့ အဟာရမပြည့်ဝတဲ့ ဈေးပေါ
အစားအသောက်တွေ ဒရဟော မိန့်ခွန်းနဲ့ ၀မ်းချပျားရည်တွေ
ဒရဟော ရွှေတိဂုံစေတီတော်မြတ်ကြီးပေါ် မသူတော်တွေလည်း
ဒရဟော မေလရဲ့ နှောင်းပိုင်းကျမှ မလာချင့်လာချင် မရွာချင့်ရွာချင်
အဲ့ဒီမိုး နည်းနည်းရွာပြီးနောက် စိတ်တွေ အချဉ်ပေါက်တယ် လှိုင်းလို
ပြီးတော့ ဗြောင်လိမ်ဗြောင်စား အနာဂတ်တွေနဲ့ ပြည့်နှက်နေတဲ့
ကိုယ်တို့ရဲ့ မြို့တော် ရန်ကုန်မှာ ဆူးလေ နားက ခိုအုပ်နဲ့ မြို့တော်
ခန်းမနဲ့ လွပ်လပ်ရေးကျောက်တိုင်နဲ့ အဲ့ဟိုဘက် ယွန်းယွန်းမှာ ဗဟို
တရားရုံးချုပ် ဆိုတာကြီးက ဟီး ထ လို့ မိုးနည်းနည်းရွာတယ် အပူ
နည်းနည်းလျော့တယ် ရန်ုကုန်မှာ ရန်ကုန်သူ ရန်ကုန်သား ဘယ်မှာ
သွားရှာမလဲ ပခုံးချင်းတိုက်မိရင် ရန်ကုန်သားပေါ့ ရန်ကုန်သားမရှိလည်း
ရန်ကုန်ဟာ ရန်ကုန်ပဲ ဒါပေါ့ နေပူတော်တော့ မဟုတ်ဘူးပေါ့။ ။

ခင်အောင်အေး
၂၀ မေ ၂၀၁၅ ကျောက်မြောင်း ၂၀း၄၉ နာရီ