အောင်ဝေး - သ က် တံ ဆွဲ သူ များ



The White Rainbow
အောင်ဝေး - သ က် တံ ဆွဲ သူ များ
(မိုးမခ) မေ ၂၂၊ ၂၀၁၆

ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။

ဟိံ - တံငါသည်
ဇာလေ - ပိုက်ကွန်ကို
ဟေဟေးယျုံ - ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ကွေးကြကုန်၏။

သို့ တည်းမဟုတ် … ။

ငါတို့ သည်
သက်တံကို
ဖြောင့်ကြကုန်၏။

ယုံကြည်သူလည်းရှိ
သံသယ၀င်သူလည်းရှိ။

ချစ်ခင်သူလည်းရှိ
ငြိုငြင်သူလည်းရှိ။

ပသို့ ရှိစေ
သက်တံကွေးလည်း
ကွေးသည့်ခဏ
တေးတစ်ပုဒ်နဲ့ 
ဘေးဒုက္ခဒဏ် ကင်းခဲ့ပြီ။

ပသို့ ရှိစေ
သက်တံဖြောင့်လည်း
ဖြောင့်သည့်ခဏ
မြားတစ်တောင့်နဲ့ 
ကျားနှောင့်ယှက်ရန် ရှင်းခဲ့ပြီ။

သြော် … သီချင်းတစ်ပုဒ်
မြားတစ်ဆုပ်နှင့်
ကျွန်ုပ်တို့ သည် …။

ဟိံ ၊ ဇာလေ ၊ ဟေဟေးယျုံ ။
တံငါသည်
ပိုက်ကွန်ကို
ဆွဲဘိသကဲ့သို့ ။

ငါတို့ သည်
သက်တံကို
ဖြူအောင်ဆွဲခဲ့ကြသည်တကား။ ။

(အဖြူရောင်သက်တံလှုပ်ရှားမှု ဆယ်နှစ်ပြည့်သို့ )
ေ အ ာ င္ ေ ၀ း
မေ ၂၀- ၂၀၁၆
ခေတ္တ- မစ်ရှီဂန်။