ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အစီအမံများ ဆွေးနွေးပွဲ ပြုလုပ်




ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး အစီအမံများ ဆွေးနွေးပွဲ ပြုလုပ် 
ရန်နောင်(ဗိုလ်တထောင်) ၊ မိုးမခ။ မေ ၁၃၊ ၂၀၁၆

ရန်ကုန်တိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး ပပျောက်ရေး ဆောင်ရွက်မည့် အစီအမံများ ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးခန်းမ (၂) တွင် ယနေ့ပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။


နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်အောင်ထွန်း နှင့်

မူးယစ်အထူးရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီးကျော်ကျော်မင်းတို့ မှ တင်ပြဆွေးနွေးခဲ့ကြသည်။

မူးယစ်ပပျောက်ရေးအတွက် ဒဂုံစီမံချက်ကို မေ ၁ ရက်မှ ဇွန် ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း ရဲမှူးကြီးကျော်ကျော်မင်း မှ ပြောပြခဲ့သည်။