အောင်​လွန်းမြိုင် - သတင်း



အောင်​လွန်းမြိုင် - သတင်း
(မိုးမခ) ဇွန် ၂၊ ၂၀၁၆


ဒီ တနင်္ဂ​နွေမှာ လာမယ်​ဆို

ခင်​ဗျား
မုန်​တိုင်းရဲ့အ​ခြေ​နေ​စောင့်​ကြည့်​ ...

အ​ခြေ​နေအရ
အ​ပြောင်းအလဲ ရှိ​ကြောင်း …

လေတိုက်​နှုန်းနဲ့ အပျက်​အစီး​တွေကြား
ဒဏ်​ရာက​တော့ နည်းနည်းများတယ်​…

အလန်း​ပေးသံနဲ့
အ​လောင်းသယ်​ယာဉ်​ ဖြတ်​​မောင်းသွား​တော့

ငေး​မောကြည့်​​နေသူ​တွေကြား
ငါ မှင်​သက်​မိခဲ့​ပေါ့ …။