လင်းသက်ငြိမ် - ဆယ့်​တစ်​ကြောင်းကဗျာ

 


လင်းသက်ငြိမ် - ဆယ့်​တစ်​ကြောင်းကဗျာ
(မိုးမခ) ဇွန် ၇၊ ၂၀၁၆


စံပယ်​ရုံကြီးမရှိ​တော့မှ
စံပယ်​ပွင့်​​လေး​တွေကို တမ်းတမိ။

ကျောက်​တုံးဟာ ကိတ်​မုန့်​ထဲခုန်​ဝင်​ဖို့ကြိုးစား။

နေပူပူထဲလူ​တွေ အလုပ်​ရှုပ်​ ဟိုဒီ​ပြေးလွှား
အရူးဟာ သစ်​ပင်​ရိပ်​​အောက်​က​နေ တဟားဟား ။

ခုန်​​နေတဲ့​ဘောလုံးဟာ ငြိမ်​သက်​မှုဆီတွားသွား။

ယုံကြည်​မှုမှာ ​ရေတစ်​ခွက်​လည်း
ဆေးဖက်​ဝင်​ခဲ့။

တစ်​ရုပ်​က​နေပြီး အရုပ်​​တွေအများကြီးအဆုံးမရှိ ။

ပန်​ကာလည်​တာ ငါမြင်​ရ​ပေမယ့်
ငါလည်​​နေတာ ငါမမြင်​ရ ။

(Photo - Aung Htet)